ကမာၻ႕ အေကာင္းဆံုး နည္းျပကုိ လူကာကူ ထုတ္ေဖာ္ေျပာၾကား

Premier League

ကမာၻ႕ အေကာင္းဆံုး နည္းျပကုိ လူကာကူ ထုတ္ေဖာ္ေျပာၾကား
————————–

ယူႏိုက္တက္ အသင္းရဲ႕ ဘယ္လ္ဂ်ီယံ လက္ေရြးစင္ တုိက္စစ္မွဴး လူကာကူက လက္ရွိ အင္တာမီလန္ အသင္း နည္းျပ ကြန္တီဟာ ကမာၻ႕ အေကာင္းဆံုး နည္းျပ တစ္ဦး ျဖစ္ေၾကာင္း ဖြင့္ဟ ေျပာၾကားသြားခ့ဲပါတယ္။ အင္တာမီလန္ အသင္းဟာ နည္းျပ ကြန္တီကို ခန္႔အပ္ၿပီး ေနာက္ အသင္းကုိ အင္အား ျဖည့္တင္းမႈမ်ား ျပဳလုပ္ရန္ ျပင္ဆင္ ေနရာ လူကာကူ က အဓိကပစ္မွတ္ျဖစ္လာခဲ့ပါတယ္။လူကာကူဟာ ဆုိးလ္ရွား လက္ေအာက္မွာ ပံုမွန္ ပြဲထြက္ခြင့္ ရဖို႔ ရုန္းကန္ေနရသူျဖစ္ ရက္ဖို႔ဒ္ေနာက္ ဒုတိယဦးစားေပး ပြဲထြက္ ကစားသမားအျဖစ္သာ ရွိေနတာျဖစ္ပါတယ္။

အင္တာမီလန္ အသင္းကလည္း တုိက္စစ္မွဴး အီကာဒီ နဲ႔ လူကာကူတုိ႔ကုိ တို္က္ရုိက္ အလဲအထပ္ ျပဳလုပ္ရန္ ကမ္းလွမ္းခ့ဲေပမယ့္ ယူႏုိက္ တက္ အသင္းဘက္က ျငင္းဆန္ ပယ္ခ်ခ့ဲသလုိ အင္တာမီလန္ အသင္းရဲ႕ ေျပာင္းေရႊ႕ေၾကး နဲ႔ ေတာင္ပံ ကစားသမား ပါရီဆစ္ကုိ အလိုက္ ေပး ကမ္းလွမ္းခ့ဲေသးေပမယ့္လည္း ယူႏုိက္တက္ အသင္းက ေငြသားသပ္သပ္သာ အလုိရွိေၾကာင္း တုန္႔ျပန္ေျပာဆိုခဲ့ပါတယ္။ လူကာ ကူက ေျပာၾကားခဲ့ရာမွာေတာ့ ကြ်န္ေတာ့္ အတြက္ေတာ့ သူက ကမာၻ႕အေကာင္းဆံုး နည္းျပ တစ္ေယာက္ပါ။” “ကြ်န္ေတာ့္ရဲ႕ အနာဂတ္ နဲ႔ ပတ္သက္ၿပီး ကြ်န္ေတာ္ ဆံုးျဖတ္ခ်က္ ခ်ၿပီးပါၿပီ။ ဒါေပမယ့္ ဒါကို လူသိရွင္ၾကား ထုတ္ျပန္ ဦးမွာ မဟုတ္ပါဘူး။ ယူႏုိက္တက္ အသင္းနဲ႔ လည္း စာခ်ဳပ္ သက္တမ္း က်န္ရွိ ေနေသးတာျဖစ္လို႔ ဒါကို ေလးစားမႈ ရွိရပါမယ္” လို႔ ေျပာၾကားခ့ဲပါတယ္။ ဆက္လက္ၿပီး လူကာကူဟာ စီးရီးေအမွာ ကစားခြင့္ ရရွိေရးနဲ႔ ပတ္သက္ၿပီး “ကြ်န္ေတာ္က စီးရီးေအရဲ႕ ပရိသတ္ အႀကီးစားပါ။ ေနာက္ၿပီး အဂၤလန္ ပရီးမီးယားလိဂ္ နဲ႔ အီတလီတုိ႔မွာ အၿမဲ ကစားခ်င္ခ့ဲပါတယ္” ေျပာၾကားသြားခဲ့ပါတယ္။

[unicode]

ယူနိုက်တက် အသင်းရဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူက လက်ရှိ အင်တာမီလန် အသင်း နည်းပြ ကွန်တီဟာ ကမ္ဘာ့ အကောင်းဆုံး နည်းပြ တစ်ဦး ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ အင်တာမီလန် အသင်းဟာ နည်းပြ ကွန်တီကို ခန့်အပ်ပြီး နောက် အသင်းကို အင်အား ဖြည့်တင်းမှုများ ပြုလုပ်ရန် ပြင်ဆင် နေရာ လူကာကူ က အဓိကပစ်မှတ်ဖြစ်လာခဲ့ပါတယ်။လူကာကူဟာ ဆိုးလ်ရှား လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရသူဖြစ် ရက်ဖို့ဒ်နောက် ဒုတိယဦးစားပေး ပွဲထွက် ကစားသမားအဖြစ်သာ ရှိနေတာဖြစ်ပါတယ်။အင်တာမီလန် အသင်းကလည်း တိုက်စစ်မှူး အီကာဒီ နဲ့ လူကာကူတို့ကို တိုက်ရိုက် အလဲအထပ် ပြုလုပ်ရန် ကမ်းလှမ်းခဲ့ပေမယ့် ယူနိုက် တက် အသင်းဘက်က ငြင်းဆန် ပယ်ချခဲ့သလို အင်တာမီလန် အသင်းရဲ့ ပြောင်းရွှေ့ကြေး နဲ့ တောင်ပံ ကစားသမား ပါရီဆစ်ကို အလိုက် ပေး ကမ်းလှမ်းခဲ့သေးပေမယ့်လည်း ယူနိုက်တက် အသင်းက ငွေသားသပ်သပ်သာ အလိုရှိကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ လူကာ ကူက ပြောကြားခဲ့ရာမှာတော့ ကျွန်တော့် အတွက်တော့ သူက ကမ္ဘာ့အကောင်းဆုံး နည်းပြ တစ်ယောက်ပါ။” “ကျွန်တော့်ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ကျွန်တော် ဆုံးဖြတ်ချက် ချပြီးပါပြီ။ ဒါပေမယ့် ဒါကို လူသိရှင်ကြား ထုတ်ပြန် ဦးမှာ မဟုတ်ပါဘူး။ ယူနိုက်တက် အသင်းနဲ့ လည်း စာချုပ် သက်တမ်း ကျန်ရှိ နေသေးတာဖြစ်လို့ ဒါကို လေးစားမှု ရှိရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး လူကာကူဟာ စီးရီးအေမှာ ကစားခွင့် ရရှိရေးနဲ့ ပတ်သက်ပြီး “ကျွန်တော်က စီးရီးအေရဲ့ ပရိသတ် အကြီးစားပါ။ နောက်ပြီး အင်္ဂလန် ပရီးမီးယားလိဂ် နဲ့ အီတလီတို့မှာ အမြဲ ကစားချင်ခဲ့ပါတယ်” ပြောကြားသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *