ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေးတစ်ရပ်သက်မှတ်လိုက်ပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်

Premier League

ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေးတစ်ရပ်သက်မှတ်လိုက်ပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်
—————————————



[unicode]

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရီးရဲလ်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ကွင်းလယ်ကစားသမား ပေါ့ဘာအတွက် အသင်း ဘက်ကနေ ပြောင်းရွှေ့ကြေးတစ်ရပ်သက်မှတ်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။နည်းပြဇီဒန်း ရဲ့ တစ်ကျော့ပြန် ခရီး မှာ ရီး ရဲလ်အသင်းကို ပြောင်းလဲမှုများစွာပြုလုပ်ဖို့အတွက် ပြင်ဆင်လာခဲ့ပြီး ဟာဇတ် ၊ လူကာဂျိုဗစ် ၊ မန်ဒီ ၊ တို့လိုကစား သမားတွေ ကို ခေါ်ယူ ထားနိုင်ခဲ့ပြီးနောက်မှာ ပေါ့ဘာကို ခေါ်ယူဖို့အတွက် အပြင်းအထန်ကြိုးစားနေခဲ့ပါတယ်။

အသင်းဟောင်း ဂျူဗင်တပ်အသင်း ကလည်း ပြန်လည်ခေါ်ယူလိုနေတဲ့ ပေါ့ဘာအတွက်ကို မန်ချက်စတာ ယူနိုက်တက်အသင်းက ပြောင်း ရွှေ့ကြေး ပေါင်သန်း (၁၅၀) အဖြစ်သက်မှတ်ထားခဲ့ပြီလို့ဆိုပါတယ်။ပေါ့ဘာကို မန်ချက်စတာ ယူနိုက်တက်အသင်းခေါ်ယူခဲ့စဉ် ကပြောင်း ရွှ့ကြေးအဖြစ် ပေါင် (၈၉) သန်းပေးချေခဲ့ရပြီး ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ရီးရဲလ်အသင်းဘက် ကနေတော့ ပေါ့ ဘာအတွက် ပေါင် (၁၀၇) သန်း (ယူရို သန်း ၁၂၀) နဲ့အတူ အပိုထပ်ဆောင်း ဆုကြေးငွေတွေပါ ထပ်ပေါင်းပေးဖို့အတွက် ကမ်းလှမ်းထား တယ် လို့ Eduardo Inda ရဲ့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *