ရိုနယ်ဒို နဲ့ တွဲဖက် ကစားဖို့အတွက် တိုက်စစ်မှူးတစ်ဦးခေါ်ယူသွားဖို့ စီစဉ်နေတဲ့ ဂျူဗင်တပ်စ်

Italy Serie A

ရိုနယ်ဒို နဲ့ တွဲဖက် ကစားဖို့အတွက် တိုက်စစ်မှူးတစ်ဦးခေါ်ယူသွားဖို့ စီစဉ်နေတဲ့ ဂျူဗင်တပ်စ်
————————–



[unicode]

စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းကတော့ အသင်းရဲ့တိုက်စစ်မှူး ရိုနယ်ဒို နဲ့ တွဲဖက် ကစားဖို့အတွက် တိုက်စစ်မှူးတစ်ဦးခေါ်ယူပေးဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ အင်တာမီလန်အသင်း နဲ့ အဆင်မပြေဖြစ်နေတဲ့ အသင်းခေါင်းဆောင် အိုင်ကာဒီ ကို အင်တာမီလန် အ သင်းက ထွက်ခွာမယ်ဆိုရင်အ သင်း ဘက်က အလွယ်တကူပဲခွင့်ပြုသွားဖွယ်ရှိနေတာဖြစ်ပြီး ဂျူဗင်တပ် ကလည်း ခေါ်ယူဖို့ စိတ်ဝင်စား နေတယ် လို့သိရပါတယ်။ သို့ပေမယ့် ဂျူဗင်တပ်စ် အသင်းဟာ အိုင်ကာဒီ ကို ခေါ်ယူဖို့အတွက်ဆိုရင်အသင်းရဲ့ တိုက်စစ်မှူး ဒိုင်ဘာလာ ကို အလိုက်ပေးလဲလှယ် သွားရဖွယ်တော့ရှိနေတယ်လို့လည်းသိရပါတယ်။အခုလို အင်တာမီလန်အသင်းဘက်က ဒိုင်ဘာလာကို ပြန်လည်တောင်းဆိုခဲ့တာကြောင့် သူ့ကိုအလိုက်ပေးမပေးဆိုတာနဲ့ ပတ်သက်ပြီး ဂျူဗင်တပ်အသင်း မဆုံးဖြတ်ရသေးဘူးလို့တော့သိရပါတယ်။ (၂၀၁၇-၁၈) ဘောလုံးရာသီရဲ့ စီးရီးအေအကောင်းဆုံး ကစားသမားတစ် ဦးဖြစ် တဲ့ အိုင်ကာဒီ ကတော့အသင်းအတွက် သွင်းဂိုး (၂၂) ဂိုးထိသွင်းယူပေးနိုင်ခဲ့တယ်ဆိုပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ သွင်းဂိုး (၅) ဂိုးသာသွင်းယူပေးနိုင်ခဲ့ပါတယ်။အင်တာမီလန်အသင်းနဲ့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူတို့ကြား အချင်းများမှုတွေရှိခဲ့တာကြောင့် ပထမပွဲ ထွက်လူစာရင်းက ချန်လှပ်ခံခဲ့ရသလို အသင်းခေါင်းဆောင်ရာထူးကိုပါ လက်လွှတ်ခဲ့ရသူလည်းဖြစ်ပါတယ်။အသင်းကနေ ထွက်ခွာပြီး နေမြေသစ်မှာ အခြေချလိုနေတဲ့ အိုင်ကာဒီ တစ်ယောက် ဂျူဗင်တပ်စ် အသင်းကို ရောက်ရှိသွားမလားဆိုတာ ကိုတော့ စောင့်ကြည့်ရ တော့ မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *