ရီးရဲလ္မက္ဒရစ္အသင္း သမိုင္းတစ္ေလၽွာက္ တတိယအမ်ားဆုံး ပရိသတ္ ႀကိဳဆိုမႈျဖစ္ခဲ့တဲ့ ဟာဇက္ရဲ႕ မိတ္ဆက္ပြဲ

Spain LaLiga Santander

ရီးရဲလ္မက္ဒရစ္အသင္း သမိုင္းတစ္ေလၽွာက္ တတိယအမ်ားဆုံး ပရိသတ္ ႀကိဳဆိုမႈျဖစ္ခဲ့တဲ့ ဟာဇက္ရဲ႕ မိတ္ဆက္ပြဲ
———————————–

ရီးရဲလ္မက္ဒရစ္အသင္းသည္ ဇြန္ (၁၄)ရက္က ဘာေနဗ်ဴးကြင္းတြင္ ခ်ယ္လ္ဆီးအသင္းမွ ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးစာခ်ဳပ္ျဖင့္ ေခၚယူခဲ့သည့္ ဘယ္လ္ဂ်ီယံတိုက္စစ္ကစားသမား ဟာဇက္အား မိတ္ဆက္ပြဲျပဳလုပ္ခဲ့ရာ ပရိသတ္ (၅၀၀၀၀)ဝန္းက်င္လာေရာက္ႀကိဳဆို ခဲ့ၿပီး တိုက္စစ္မႉးေဟာင္း စီေရာ္နယ္လ္ဒို ၊ ကြင္းလယ္လူေဟာင္း ကာကာတို႔ၿပီးေနာက္ တတိယအမ်ားဆုံးပရိသတ္ လာေရာက္ႀကိဳဆိုမႈ ျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။ရီးရဲလ္မက္ဒရစ္အသင္းသည္ အသက္ (၂၈)ႏွစ္ရွိ ဟာဇက္အား ကနဦးေျပာင္းေရႊ႕ေၾကးယူရိုသန္း (၁၀၀) ၊ ထပ္ေဆာင္းဆုေၾကး ယူရို (၄၅)သန္းျဖင့္ ေခၚယူခဲ့ျခင္းျဖစ္ၿပီး (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ကာ တစ္ပတ္လစာေပါင္ (၄၀၀၀၀၀)အထိရရွိ မည္ ျဖစ္ေၾကာင္း သိရပါတယ္။ ၎မိတ္ဆက္ပြဲမွာ ပရိသတ္မ်ားက PSG အသင္းတိုက္စစ္မႉး ဘာေပကိုပါ ေခၚယူေပးရန္ ေအာ္ဟစ္ေတာင္းဆို ခဲ့ၾကသည္။

ဟာဇက္၏မိတ္ဆက္ပြဲအား အသင္းသမိုင္းတစ္ေလၽွာက္ အႀကီးက်ယ္ဆုံးကစားသမားမိတ္ဆက္ပြဲျဖစ္လာရန္ ရီးရဲလ္မက္ဒရစ္ အသင္း တာဝန္ရွိသူ မ်ားက ေမၽွာ္လင့္ခဲ့ေသာ္လည္း ၂၀၀၉ ခုႏွစ္က စီေရာ္နယ္လ္ဒို၏မိတ္ဆက္ပြဲထက္ ပရိသတ္လာေရာက္ႀကိဳဆိုမႈ မ်ားစြာေလ်ာ့ နည္းခဲ့ေၾကာင္း သိရပါတယ္။ စီေရာ္နယ္လ္ဒိုသည္ ၂၀၀၉ ခုႏွစ္က မန္ယူအသင္းမွ ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖင့္ ရီးရဲလ္မက္ဒရစ္ အသင္းသို႔ေရာက္ရွိလာခဲ့ရာ မိတ္ဆက္ပြဲသို႔ ပရိသတ္ (၇၀၀၀၀)ေက်ာ္လာေရာက္ႀကိဳဆိုခဲ့ၾကသလို ၂၀၀၉ ခုႏွစ္က ဘရာဇီးလ္ကြင္းလယ္ လူကာကာ၏မိတ္ဆက္ပြဲမွာလည္း ပရိသတ္ (၅၅၀၀၀)လာေရာက္ႀကိဳဆိုခဲ့ကာ အသင္းသမိုင္းတစ္ေလၽွာက္ ဒုတိယအမ်ားဆုံး ပရိသတ္ ႀကိဳဆိုမႈျဖစ္ခဲ့သည္။မိတ္ဆက္ပြဲတြင္ ဟာဇက္ကေျပာၾကားခဲ့ရာမွာေတာ့ ” “ကၽြန္ေတာ္စပိန္လို ေကာင္းေကာင္းမေျပာတတ္ေသးလို႔ ျပင္ သစ္ လိုပဲ ေျပာပါေတာ့မယ္။ အေစာၾကီးကတည္းကေျပာခဲ့သလို ဒီအသင္းမွာ ကစားဖို႔ဟာ အိပ္မက္တစ္ခုျဖစ္ခဲ့ျပီး အခုကၽြန္ေတာ့္ အိပ္ မက္ေတြ ျပည့္ေျမာက္ခဲ့ပါျပီ” လို႔ ဟာဇက္ ကေျပာၾကားခဲ့ပါတယ္။

[unicode]

ရီးရဲလ်မက်ဒရစ်အသင်းသည် ဇွန် (၁၄)ရက်က ဘာနေဗျူးကွင်းတွင် ချယ်လ်ဆီးအသင်းမှ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးစာချုပ်ဖြင့် ခေါ်ယူခဲ့သည့် ဘယ်လ်ဂျီယံတိုက်စစ်ကစားသမား ဟာဇက်အား မိတ်ဆက်ပွဲပြုလုပ်ခဲ့ရာ ပရိသတ် (၅၀၀၀၀)ဝန်းကျင်လာရောက်ကြိုဆို ခဲ့ပြီး တိုက်စစ်မှူးဟောင်း စီရော်နယ်လ်ဒို ၊ ကွင်းလယ်လူဟောင်း ကာကာတို့ပြီးနောက် တတိယအများဆုံးပရိသတ် လာရောက်ကြိုဆိုမှု ဖြစ်လာခဲ့ကြောင်း သိရပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းသည် အသက် (၂၈)နှစ်ရှိ ဟာဇက်အား ကနဦးပြောင်းရွှေ့ကြေးယူရိုသန်း (၁၀၀) ၊ ထပ်ဆောင်းဆုကြေး ယူရို (၄၅)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ကာ တစ်ပတ်လစာပေါင် (၄၀၀၀၀၀)အထိရရှိ မည် ဖြစ်ကြောင်း သိရပါတယ်။

၎င်းမိတ်ဆက်ပွဲမှာ ပရိသတ်များက PSG အသင်းတိုက်စစ်မှူး ဘာပေကိုပါ ခေါ်ယူပေးရန် အော်ဟစ်တောင်းဆို ခဲ့ကြသည်။ဟာဇက်၏မိတ်ဆက်ပွဲအား အသင်းသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးကစားသမားမိတ်ဆက်ပွဲဖြစ်လာရန် ရီးရဲလ်မက်ဒရစ် အသင်း တာဝန်ရှိသူ များက မျှော်လင့်ခဲ့သော်လည်း ၂၀၀၉ ခုနှစ်က စီရော်နယ်လ်ဒို၏မိတ်ဆက်ပွဲထက် ပရိသတ်လာရောက်ကြိုဆိုမှု များစွာလျော့ နည်းခဲ့ကြောင်း သိရပါတယ်။ စီရော်နယ်လ်ဒိုသည် ၂၀၀၉ ခုနှစ်က မန်ယူအသင်းမှ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရီးရဲလ်မက်ဒရစ် အသင်းသို့ရောက်ရှိလာခဲ့ရာ မိတ်ဆက်ပွဲသို့ ပရိသတ် (၇၀၀၀၀)ကျော်လာရောက်ကြိုဆိုခဲ့ကြသလို ၂၀၀၉ ခုနှစ်က ဘရာဇီးလ်ကွင်းလယ် လူကာကာ၏မိတ်ဆက်ပွဲမှာလည်း ပရိသတ် (၅၅၀၀၀)လာရောက်ကြိုဆိုခဲ့ကာ အသင်းသမိုင်းတစ်လျှောက် ဒုတိယအများဆုံး ပရိသတ် ကြိုဆိုမှုဖြစ်ခဲ့သည်။မိတ်ဆက်ပွဲတွင် ဟာဇက်ကပြောကြားခဲ့ရာမှာတော့ ” “ကျွန်တော်စပိန်လို ကောင်းကောင်းမပြောတတ်သေးလို့ ပြင် သစ် လိုပဲ ပြောပါတော့မယ်။ အစောကြီးကတည်းကပြောခဲ့သလို ဒီအသင်းမှာ ကစားဖို့ဟာ အိပ်မက်တစ်ခုဖြစ်ခဲ့ပြီး အခုကျွန်တော့် အိပ် မက်တွေ ပြည့်မြောက်ခဲ့ပါပြီ” လို့ ဟာဇက် ကပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *