ေႏြရာသီ အေျပာင္းအေရႊ႕ေစ်းကြက္ မွာ ကစားသမားေခၚယူခြင့္ ဆံုးရႈံးသြားခဲ့ၿပီျဖစ္တဲ့ ခ်ယ္လ္ဆီး

Premier League

ေႏြရာသီ အေျပာင္းအေရႊ႕ေစ်းကြက္ မွာ ကစားသမားေခၚယူခြင့္ ဆံုးရႈံးသြားခဲ့ၿပီျဖစ္တဲ့ ခ်ယ္လ္ဆီး
———————————-

နိုင္ငံတကာအားကစားခုံ႐ုံး(CAS)ထံအေျပာင္းအေရႊ႕ပိတ္ျပစ္ဒဏ္ႏွင့္ ပတ္သက္၍ အယူခံတင္သြင္းထားေပမယ့္လည္း ေႏြရာသီ အ ေျပာင္း အေရႊ႕အၿပီးမွ ၾကားနာစစ္ေဆးမည္ျဖစ္၍ ေႏြရာသီအေျပာင္းအေရႊ႕ကာလတြင္ ခ်ယ္လ္ဆီးအေနျဖင့္ကစားသမားေခၚယူခြင့္ ဆုံး ရႈံး မည္ျဖစ္ေၾကာင္း သိရပါတယ္။ခ်ယ္လ္ဆီးအသင္း ဟာ အသက္(၁၈)ႏွစ္ေအာက္ကစားသမားမ်ား ေခၚယူျခင္း၊ မွတ္ပုံတင္ျခင္း ကိစၥရပ္ မ်ားႏွင့္ ပတ္သက္၍ စည္းမ်ဥ္းမ်ားကို ခ်ိဳးေဖာက္မိခဲ့ျခင္းေၾကာင့္ ကမၻာ့ေဘာလုံးအဖြဲ႕ခ်ဳပ္(ဖီဖာ)က အေျပာင္းအေရႊ႕ကာလ(၂)ခု ပိတ္ပင္ သည့္ျပစ္ဒဏ္ ခ်မွတ္ခဲ့ျခင္း ျဖစ္ပါတယ္။

ခ်ယ္လ္ဆီးအသင္း ဟာ ဖီဖာ၏စည္းကမ္းထိန္းသိမ္းေရးေကာ္မတီကို အယူခံတင္သြင္းခဲ့ေသာ္လည္း ဖီဖာက ပယ္ခ်ခဲ့တဲ့အတြက္ ဆြစ္ဇာ လန္နိုင္ငံ အေျခစိုက္ နိုင္ငံတကာအားကစားခုံ႐ုံး(CAS)ထံ ထပ္မံ၍ အယူခံဝင္ခဲ့ရျခင္းျဖစ္ပါတယ္။CAS အေနျဖင့္ ခ်ယ္လ္ဆီးအသင္း၏ အယူခံမတိုင္မီ ေျဖရွင္းရမည့္ အယူခံကိစၥရပ္(၁၈)ခုအထိ ရွိေနၿပီး ယင္းအယူခံမ်ားအား ၾသဂုတ္(၁၄)ရက္ေန႔အထိ ေျဖရွင္းရမည္ျဖစ္ ေၾကာင္းသိရပါတယ္။ထို႔ေၾကာင့္ ခ်ယ္လ္ဆီးအသင္း၏ အယူခံအား ၾသဂုတ္(၁၄)ရက္ေန႔ ေနာက္ပိုင္းတြင္မွ ကိုင္တြယ္နိုင္မည္ျဖစ္ၿပီး ၎ အခ်ိန္တြင္ ပရီးမီးယားလိဂ္၏ ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ပိတ္သိမ္းေနၿပီျဖစ္ေသာေၾကာင့္ ခ်ယ္လ္ဆီးအသင္းအေနျဖင့္ ေႏြရာသီ အားျဖည့္မႈ လုံးဝလုပ္ခြင့္ဆံုးရႈံးသြားခဲ့ၿပီလည္းျဖစ္ပါတယ္။ပရီးမီးယားလိဂ္၏ ေႏြရာသီအေျပာင္းအေရႊ႕ကာလ ဟာ ၾသဂုတ္(၉)ရက္ေန႔ တြင္ ပိတ္သိမ္းမည္ျဖစ္ေၾကာင္း သိရပါတယ္။

[unicode]

နိုင်ငံတကာအားကစားခုံရုံး(CAS)ထံအပြောင်းအရွှေ့ပိတ်ပြစ်ဒဏ်နှင့် ပတ်သက်၍ အယူခံတင်သွင်းထားပေမယ့်လည်း နွေရာသီ အ ပြောင်း အရွှေ့အပြီးမှ ကြားနာစစ်ဆေးမည်ဖြစ်၍ နွေရာသီအပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအနေဖြင့်ကစားသမားခေါ်ယူခွင့် ဆုံး ရှုံး မည်ဖြစ်ကြောင်း သိရပါတယ်။ချယ်လ်ဆီးအသင်း ဟာ အသက်(၁၈)နှစ်အောက်ကစားသမားများ ခေါ်ယူခြင်း၊ မှတ်ပုံတင်ခြင်း ကိစ္စရပ် များနှင့် ပတ်သက်၍ စည်းမျဉ်းများကို ချိုးဖောက်မိခဲ့ခြင်းကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အပြောင်းအရွှေ့ကာလ(၂)ခု ပိတ်ပင် သည့်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ချယ်လ်ဆီးအသင်း ဟာ ဖီဖာ၏စည်းကမ်းထိန်းသိမ်းရေးကော်မတီကို အယူခံတင်သွင်းခဲ့သော်လည်း ဖီဖာက ပယ်ချခဲ့တဲ့အတွက် ဆွစ်ဇာ လန်နိုင်ငံ အခြေစိုက် နိုင်ငံတကာအားကစားခုံရုံး(CAS)ထံ ထပ်မံ၍ အယူခံဝင်ခဲ့ရခြင်းဖြစ်ပါတယ်။CAS အနေဖြင့် ချယ်လ်ဆီးအသင်း၏ အယူခံမတိုင်မီ ဖြေရှင်းရမည့် အယူခံကိစ္စရပ်(၁၈)ခုအထိ ရှိနေပြီး ယင်းအယူခံများအား သြဂုတ်(၁၄)ရက်နေ့အထိ ဖြေရှင်းရမည်ဖြစ် ကြောင်းသိရပါတယ်။ထို့ကြောင့် ချယ်လ်ဆီးအသင်း၏ အယူခံအား သြဂုတ်(၁၄)ရက်နေ့ နောက်ပိုင်းတွင်မှ ကိုင်တွယ်နိုင်မည်ဖြစ်ပြီး ၎င်း အချိန်တွင် ပရီးမီးယားလိဂ်၏ နွေရာသီအပြောင်းအရွှေ့ကာလမှာ ပိတ်သိမ်းနေပြီဖြစ်သောကြောင့် ချယ်လ်ဆီးအသင်းအနေဖြင့် နွေရာသီ အားဖြည့်မှု လုံးဝလုပ်ခွင့်ဆုံးရှုံးသွားခဲ့ပြီလည်းဖြစ်ပါတယ်။ပရီးမီးယားလိဂ်၏ နွေရာသီအပြောင်းအရွှေ့ကာလ ဟာ သြဂုတ်(၉)ရက်နေ့ တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *