အင်တာမီလန် အသင်းနဲ့ ပုဂ္ဂိုလ်ရေး အရသဘောတူညီမှု ရရှိသွားပြီဖြစ်တယ်လို့သတင်းတွေထွက်ပေါ်လာတဲ့ လူကာကူ
Premier League
အင်တာမီလန် အသင်းနဲ့ ပုဂ္ဂိုလ်ရေး အရသဘောတူညီမှု ရရှိသွားပြီဖြစ်တယ်လို့သတင်းတွေထွက်ပေါ်လာတဲ့ လူကာကူ
———————————-
[unicode]
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူ ဟာ အင်တာမီလန် အသင်းနဲ့ ပုဂ္ဂိုလ်ရေး အရသဘောတူညီမှု ရရှိသွားပြီဖြစ်တယ်လို့ Daily Star က ဖော်ပြသွားခဲ့ပါတယ်။လူကာကူ ဟာ မန်ချက်စတာယူနိုက်အသင်းနဲ့ စာချုုသက်တမ်းကျန် ရှိနေ သေး တာဖြစ်ပြီး အင်တာမီလန် အသင်းနဲ့ မန်ချက်စတာယူနိုက်တက် တို့ကြားမှာ ၆၂ သန်းနဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်လို့ ဆို ပါတယ်။ သို့ပေမယ့် လူကာကူ အတွက် မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အင်တာမီလန် အသင်းတို့ဟာ အပြီးသတ်ဆွေးနွေးဖို့ ကျန် ရှိနေသေးတယ်လို့ လည်းသိရပါတယ်။လူကာကူ ဟာ နည်းပြ ဆိုးလ်ရှားလက်ထက်မှာ ရက်ရှိဖို့ဒ် ရဲ့ နောက်မှာ ဒုတိယ ဦးစားပေးအဖြစ် ပွဲထွက်ကစားနေရတာဖြစ်ပြီး ခြေစွမ်းပြ ဖို့ ရုန်းကန်နေရတဲ့သူလည်းဖြစ်ပါတယ်။ ယူနိုက်တက် မှာ ပုံမှန် ခြေစွမ်းပျောက်ဆုံးနေတဲ့ လူကာကူ ဟာ နိုင်ငံအသင်းအတွက်တော့ ခြေ စွမ်းပြ ဂိုးသွင်းယူမှုတွေကို ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ လူကာကူ ကို ရောင်းချငွေနဲ့ သူတို့ရဲ့ ပစ် မှတ် ကစားသမားတွေကို ထပ်မံခေါ်ယူသွားဖွယ်ရှိနေပါတယ်။ လက်ရှိမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဆွမ်ဆီးတောင်ပံ က စား သမားလေး ဒန်နီရယ် ဂျိမ်းစ် တစ်ဦးသာ ခေါ်ယူထားနိုင်သေးတာဖြစ်ပြီး လာမယ့် ရာသီသစ်အတွက် နောက်ထပ်ကစား သမားတွေ ခေါ် ယူမှုပြုလုပ်သွားမှာဖြစ်တဲ့ အကြောင်းလည်းအတည်ပြုပြောကြားထားတာရှိနေပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *