ေပါ့ဂ္ဘာ အတြက္ အသင္းက ၾကယ္ပြင့္ ကစားသမားတစ္ဦးကို အလိုက္ေပးကမ္းလွမ္းဖို႔ ျပင္ဆင္ေနတဲ့ ဂ်ဴဗင္တပ္စ္

Premier League

ေပါ့ဂ္ဘာ အတြက္ အသင္းက ၾကယ္ပြင့္ ကစားသမားတစ္ဦးကို အလိုက္ေပးကမ္းလွမ္းဖို႔ ျပင္ဆင္ေနတဲ့ ဂ်ဴဗင္တပ္စ္
—————————–

မန္ခ်က္စတာယူႏိုက္တက္ အသင္းက ထြက္ခြာဖုိ႔ သတင္းႀကီးေနတဲ့ ကြင္းလယ္ကစားသမား ေပါ့ဂ္ဘာ ကို အသင္းေဟာင္း ဂ်ဴဗင္တပ္စ္ အသင္းက သူတို႔ အသင္းရဲ႕ ေနာက္ခံကစားသမား ကန္ဆယ္လို နဲ႔ အလိုက္ေပး ကမ္းလွမ္းသြားမယ့္ အေၾကာင္းကိုေတာ့ Sky Sports Italia ကေဖာ္ျပသြားပါတယ္။ေပါ့ဂ္ဘာဟာ ၂၀၁၆ ခုႏွစ္မွာ ဂ်ဴဗင္တပ္အသင္းကေန မန္ခ်က္စတာယူႏုိက္တက္အသင္းကို ေပါင္ ၈၉.၃ သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့သူျဖစ္ၿပီး အုိးထရက္ဖုိ႔ဒ္ကို စတင္ေရာက္ရွိခ်ိန္ကတည္းက ၎ရဲ႕ ကစားဟန္နဲ႔ ျပင္ပလူေနမႈပံုစံေၾကာင့္ အၿမဲလို ေ၀ ဖန္မႈေတြနဲ႔ ႀကံဳေတြ႔ ေနရသူလည္းျဖစ္ပါတယ္။


တစ္ဖက္မွာလည္း မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ဂ်ဴဗင္တပ္စ္ အသင္းရဲ႕ ေနာက္ခံကစားသမားျဖစ္တဲ့ ကန္ဆယ္လိုကို ၿပီးခဲ့တဲ့ ဇန္နဝါရီလကတည္းက ေစာင့္ၾကည့္ေနခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ေပါ့ဂ္ဘာအတြက္ အနည္းဆံုးေပါင္ သန္း ၁၃၀ ရရွိလုိေနတယ္လို႔ သိရၿပီး ဂ်ဴဗင္တပ္အသင္းအေနနဲ႔ ေပါင္သန္း ၄၀ တန္ေၾကးရွိတဲ့ ကန္ဆယ္လုိကုိ အလုိက္ေပးကမ္းလွမ္း မယ္ဆုိရင္ ေပါ့ဂ္ဘာရဲ႕ေျပာင္းေရႊ႕ေၾကးကို ေလွ်ာ့ေပါ့ေပးေစလိုတဲ့ဆႏၵေၾကာင့္ ဒီအေျပာင္းအေရႊ႕ ျဖစ္ေျမာက္လာမလားဆိုတာကိုေတာ့ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

[unicode]

မန်ချက်စတာယူနိုက်တက် အသင်းက ထွက်ခွာဖို့ သတင်းကြီးနေတဲ့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ ကို အသင်းဟောင်း ဂျူဗင်တပ်စ် အသင်းက သူတို့ အသင်းရဲ့ နောက်ခံကစားသမား ကန်ဆယ်လို နဲ့ အလိုက်ပေး ကမ်းလှမ်းသွားမယ့် အကြောင်းကိုတော့ Sky Sports Italia ကဖော်ပြသွားပါတယ်။ပေါ့ဂ်ဘာဟာ ၂၀၁၆ ခုနှစ်မှာ ဂျူဗင်တပ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင် ၈၉.၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အိုးထရက်ဖို့ဒ်ကို စတင်ရောက်ရှိချိန်ကတည်းက ၎င်းရဲ့ ကစားဟန်နဲ့ ပြင်ပလူနေမှုပုံစံကြောင့် အမြဲလို ေ၀ ဖန်မှုတွေနဲ့ ကြုံတွေ့ နေရသူလည်းဖြစ်ပါတယ်။တစ်ဖက်မှာလည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ် အသင်းရဲ့ နောက်ခံကစားသမားဖြစ်တဲ့ ကန်ဆယ်လိုကို ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပေါ့ဂ်ဘာအတွက် အနည်းဆုံးပေါင် သန်း ၁၃၀ ရရှိလိုနေတယ်လို့ သိရပြီး ဂျူဗင်တပ်အသင်းအနေနဲ့ ပေါင်သန်း ၄၀ တန်ကြေးရှိတဲ့ ကန်ဆယ်လိုကို အလိုက်ပေးကမ်းလှမ်း မယ်ဆိုရင် ပေါ့ဂ်ဘာရဲ့ပြောင်းရွှေ့ကြေးကို လျှော့ပေါ့ပေးစေလိုတဲ့ဆန္ဒကြောင့် ဒီအပြောင်းအရွှေ့ ဖြစ်မြောက်လာမလားဆိုတာကိုတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *