ဘာစီလိုနာအသင္းနဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီဆိုတဲ့ သတင္းေတြကို ျငင္းဆန္ပယ္ခ်သြားတဲ့ ဒီလစ္

Spain LaLiga Santander

ဘာစီလိုနာအသင္းနဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီဆိုတဲ့ သတင္းေတြကို ျငင္းဆန္ပယ္ခ်သြားတဲ့ ဒီလစ္
—————————

ေအဂ်က္ နဲ႔ နယ္သာလန္လက္ေရြးစင္ၾကယ္ပြင့္ ဒီလစ္ဟာ လူငယ္ေတြထဲမွာေတာ့ ေဘာလံုးေလာကရဲ႕အလားအလာအရွိဆံုး လူငယ္က စား သမားေတြထဲကတစ္ဦးျဖစ္ၿပီး ဘာစီလုိနာကို ေျပာင္းေရႊ႕မယ္လုိ႔ သတင္းေတြထြက္ေပၚေနခဲ့သူျဖစ္ပါတယ္။အခု ေနာက္ဆံုးထြက္   ေပၚလာ တဲ့သတင္းေတြအရ ဒီလစ္ဟာဘာစီလိုနာကို ေျပာင္းေရႊ႕မယ္ဆုိတဲ့သတင္းေတြကို ျငင္းပယ္သြားခဲ့တယ္လုိ႔ သိရၿပီး ဒီသတင္း ေတြ သာအမွန္တစ္ကယ္ျဖစ္ခဲ့မယ္ဆိုရင္ ဒီလစ္ကို ေခၚယူႏုိင္မယ္လုိ႔ ယံုၾကည္ထားတဲ့ ဘာစီလိုနာအသင္းအတြက္ ႀကီးမားတဲ့ထုိးႏွက္ ခ်က္ျဖစ္လာမွာျဖစ္လာဖြယ္ရွိေနပါတယ္။

ဥေရာပ ေဘာလံုးေလာက ရဲ႕ ထိပ္တန္းအသင္းႀကီးေတာ္ေတာ္မာ်းမ်ားဟာ အသက္ ၁၉ ႏွစ္အရြယ္ဒီလစ္ကို ေခၚယူဖို႔ ႀကိဳးပမ္းေနၾက တာျဖစ္ၿပီး လက္ရွိအေျခအေနအရ ပီအက္စ္ဂ်ီအသင္းဟာ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္၊ လီဗာပူး၊ မန္ခ်က္စတာယူႏုိက္တက္အသင္းတို႔ထက္ ေျခတစ္လွမ္းအသာစီးရရွိသြားၿပီျဖစ္ပါတယ္။ဒီလစ္ကို အမ်ားစုက ေငြေနာက္လုိက္ၿပီး ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေရႊ႕လုိေနတယ္လုိ႔ ေဝဖန္ေနၾကေပမယ့္လည္း Onda Cero ေရဒီယုုိဌာနက သတင္းေထာက္ အယ္လ္ဖရက္ဒိုမာတီနက္ဇ္က ဒီလစ္အေနနဲ႔ ဘာေၾကာင့္ ဘာ စီလိုနာကို ျငင္းပယ္ဖို႔ အဆင္သင့္ျဖစ္ေနရလဲဆုိတာကို ရွင္းျပခဲ့ပါတယ္။ ဒီလစ္က ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္ ခ်ဳပ္ဆုိမွာမဟုတ္ ပါဘူး။ ကစားသမားဟာ ဘာစီလိုနာမွာ စိန္ေခၚမႈရွာေဖြသြားမွာမဟုတ္ပါဘူး။ အဲဒါက စီးပြားေရးအရျပႆနာမဟုတ္ပါဘူး။ ဒီလစ္က သူ တျခား အသင္းမွာ ပိုၿပီးဖြံ႕ၿဖိဳးတုိးတက္ႏုိင္တယ္လုိ႔ ယံုၾကည္ေနပါတယ္”လို႔ အယ္လ္ဖရက္ဒိုမာတီနက္ဇ္က Onda Cero Radio ကို ေျပာၾကား ခဲ့ပါတယ္။

[unicode]

အေဂျက် နဲ့ နယ်သာလန်လက်ရွေးစင်ကြယ်ပွင့် ဒီလစ်ဟာ လူငယ်တွေထဲမှာတော့ ဘောလုံးလောကရဲ့အလားအလာအရှိဆုံး လူငယ်က စား သမားတွေထဲကတစ်ဦးဖြစ်ပြီး ဘာစီလိုနာကို ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့သူဖြစ်ပါတယ်။အခု နောက်ဆုံးထွက် ပေါ်လာ တဲ့သတင်းတွေအရ ဒီလစ်ဟာဘာစီလိုနာကို ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေကို ငြင်းပယ်သွားခဲ့တယ်လို့ သိရပြီး ဒီသတင်း တွေ သာအမှန်တစ်ကယ်ဖြစ်ခဲ့မယ်ဆိုရင် ဒီလစ်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားတဲ့ ဘာစီလိုနာအသင်းအတွက် ကြီးမားတဲ့ထိုးနှက် ချက်ဖြစ်လာမှာဖြစ်လာဖွယ်ရှိနေပါတယ်။ဥရောပ ဘောလုံးလောက ရဲ့ ထိပ်တန်းအသင်းကြီးတော်တော်မာျးများဟာ အသက် ၁၉ နှစ်အရွယ်ဒီလစ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြ တာဖြစ်ပြီး လက်ရှိအခြေအနေအရ ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာ၊ ဂျူဗင်တပ်၊ လီဗာပူး၊ မန်ချက်စတာယူနိုက်တက်အသင်းတို့ထက် ခြေတစ်လှမ်းအသာစီးရရှိသွားပြီဖြစ်ပါတယ်။ဒီလစ်ကို အများစုက ငွေနောက်လိုက်ပြီး ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့လိုနေတယ်လို့ ဝေဖန်နေကြပေမယ့်လည်း Onda Cero ရေဒီယိုဌာနက သတင်းထောက် အယ်လ်ဖရက်ဒိုမာတီနက်ဇ်က ဒီလစ်အနေနဲ့ ဘာကြောင့် ဘာ စီလိုနာကို ငြင်းပယ်ဖို့ အဆင်သင့်ဖြစ်နေရလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။ ဒီလစ်က ဘာစီလိုနာအသင်းနဲ့ စာချုပ် ချုပ်ဆိုမှာမဟုတ် ပါဘူး။ ကစားသမားဟာ ဘာစီလိုနာမှာ စိန်ခေါ်မှုရှာဖွေသွားမှာမဟုတ်ပါဘူး။ အဲဒါက စီးပွားရေးအရပြဿနာမဟုတ်ပါဘူး။ ဒီလစ်က သူ တခြား အသင်းမှာ ပိုပြီးဖွံ့ဖြိုးတိုးတက်နိုင်တယ်လို့ ယုံကြည်နေပါတယ်”လို့ အယ်လ်ဖရက်ဒိုမာတီနက်ဇ်က Onda Cero Radio ကို ပြောကြား ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *