ကမၻာ႔တန္ေၾကးအၾကီးမားဆံုး ကစားသမားအျဖစ္ မက္ဆီ နဲ႔ ေရာ္နယ္ဒို တို႔ကိုေက်ာ္ျဖတ္ၿပီး အမ္ဘတ္ပီ ရပ္တည္

France Ligue 1

ကမၻာ႔တန္ေၾကးအၾကီးမားဆံုး ကစားသမားအျဖစ္ မက္ဆီ နဲ႔ ေရာ္နယ္ဒို တို႔ကိုေက်ာ္ျဖတ္ၿပီး အမ္ဘတ္ပီ ရပ္တည္
—————————————

Daily Mail  ရဲ႕ ေဖာ္ျပခ်က္အရ ေဘာလံုးသုေတသနအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ CIES က ထုတ္ျပန္ခဲ့တဲ့ ကမၻာ႔တန္ေၾကးအၾကီးမားဆံုး ကစားသမားစာရင္းမွာ ပီအက္စ္ဂ်ီတိုက္စစ္မွဴး ကိုင္လီယန္ အမ္ဘတ္ပီက ေပါင္ (၂၂၄)သန္းနဲ႔ ေစ်းႏႈန္းအျမင့္မားဆံုး ကစားသမားအျဖစ္ ဦး ေဆာင္ေနခဲ့တယ္လို႔ ေဖာ္ျပသြားခဲ့ပါတယ္။  အမ္ဘတ္ပီ ရဲ႕ ေနာက္ ဒုတိယတန္ေၾကးအၾကီးမားဆံုးကစားသမားအျဖစ္ လီဗာပူးလ္ တိုက္စစ္မွဴးဆာလာက ေပါင္ (၁၉၅)သန္းနဲ႔ ရွိေနခဲ့ၿပီး မန္စီးတီးေတာင္ပံကစားသမား စတာလင္က ေပါင္ (၁၈၄)သန္း နဲ႔ ဘာစီလိုနာ တိုက္စစ္မွဴး မက္ဆီက ေပါင္ (၁၄၈.၇)သန္းနဲ႔ အဆင့္ (၄)ေနရာမွာ ရွိေနခဲ့တယ္လို႔သိရပါတယ္။ CIES ဟာ ဒီစာရင္းကို ၂၀၁၃ ခုႏွစ္ က ေန စတင္ေဖာ္ျပခဲ့တာျဖစ္ျပီး ႏွစ္စဥ္ထုတ္ျပန္ေပးေလ့ရွိခဲ့တာလည္း ျဖစ္ပါတယ္။

ကြင္းလယ္ကစားသမားေတြထဲက တန္ဖိုးအၾကီးမားဆံုးကစားသမားအျဖစ္ေတာ့ ဘာနာဒိုေဆးလ္ဗားက ရပ္တည္ႏိုင္ခဲ့ျပီး ေပါင္ (၁၂၁) သန္း အထိ တန္ေၾကးရွိတယ္လို႔ သိရပါတယ္။ ေကာ္တင္ဟိုက ေပါင္ (၁၁၄)သန္းနဲ႔ ဒုတိယေျမာက္တန္ဖိုးအၾကိးမားဆံုး ကြင္းလယ္ လူ ျဖစ္ျပီး ေပါ့ဂ္ဘာက ေပါင္ (၁၁၁)သန္းနဲ႔ တတိယေနရာမွာသာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ေနာက္ခံကစားသမားေတြထဲမွာေတာ့ လီဗာပူးလ္ ညာေနာက္ခံလူ အာႏိုးလ္က ေပါင္ (၁၁၅.၆)သန္းအထိ တန္ေၾကးရွိကာ အျမင့္ဆံုးျဖစ္ေနခဲ့ျပီး ဗန္ဒိုက္က ေပါင္ (၉၉.၆)သန္းနဲ႔ ဒုတိယ ေနရာ၊ မန္စီးတီးေနာက္ခံလူ လာေပါ့တ္က ေပါင္ (၉၃.၆)သန္းနဲ႔ တတိယေနရာမွာ ရွိေနခဲ့ပါတယ္။ တန္ေၾကးအျမင့္မားဆံုး ဂိုးသမား အ ျဖစ္ လီဗာပူးလ္ဂိုးသမား အယ္လစ္ဆန္က ေပါင္ (၉၅.၅)သန္းအထိ ရွိခဲ့တယ္လို႔ သိရပါတယ္။နာမည္ေက်ာ္ကစားသမား ေရာ္နယ္ဒို က ေတာ့ ေပါင္ (၁၀၄.၉)သန္းနဲ႔ ကစားသမားစုစုေပါင္းရဲ႕ အဆင့္ (၂၀)ေနရာမွာသာ ရွိေနခဲ့ျပီး ေရာ္နယ္ဒိုရဲ႕ အထက္မွာ ဟာဇက္က ေပါင္ (၁၀၇.၂)သန္းနဲ႔ ရပ္တည္ေနပါတယ္။ အံ့အားသင့္စရာအျဖစ္ကေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မွဴး ရက္ရွ္ဖို႔ဒ္က ေပါင္ (၁၀၉.၇)သန္းနဲ႔ ဟာဇက္၊ ေရာ္နယ္ဒိုတို႔အထက္မွာ ရွိေနခဲ့တာပဲ ျဖစ္ပါတယ္။

[unicode]

Daily Mail ရဲ့ ဖော်ပြချက်အရ ဘောလုံးသုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CIES က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတန်ကြေးအကြီးမားဆုံး ကစားသမားစာရင်းမှာ ပီအက်စ်ဂျီတိုက်စစ်မှူး ကိုင်လီယန် အမ်ဘတ်ပီက ပေါင် (၂၂၄)သန်းနဲ့ ဈေးနှုန်းအမြင့်မားဆုံး ကစားသမားအဖြစ် ဦး ဆောင်နေခဲ့တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ အမ်ဘတ်ပီ ရဲ့ နောက် ဒုတိယတန်ကြေးအကြီးမားဆုံးကစားသမားအဖြစ် လီဗာပူးလ် တိုက်စစ်မှူးဆာလာက ပေါင် (၁၉၅)သန်းနဲ့ ရှိနေခဲ့ပြီး မန်စီးတီးတောင်ပံကစားသမား စတာလင်က ပေါင် (၁၈၄)သန်း နဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက ပေါင် (၁၄၈.၇)သန်းနဲ့ အဆင့် (၄)နေရာမှာ ရှိနေခဲ့တယ်လို့သိရပါတယ်။ CIES ဟာ ဒီစာရင်းကို ၂၀၁၃ ခုနှစ် က နေ စတင်ဖော်ပြခဲ့တာဖြစ်ပြီး နှစ်စဉ်ထုတ်ပြန်ပေးလေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ကွင်းလယ်ကစားသမားတွေထဲက တန်ဖိုးအကြီးမားဆုံးကစားသမားအဖြစ်တော့ ဘာနာဒိုဆေးလ်ဗားက ရပ်တည်နိုင်ခဲ့ပြီး ပေါင် (၁၂၁) သန်း အထိ တန်ကြေးရှိတယ်လို့ သိရပါတယ်။

ကော်တင်ဟိုက ပေါင် (၁၁၄)သန်းနဲ့ ဒုတိယမြောက်တန်ဖိုးအကြိးမားဆုံး ကွင်းလယ် လူ ဖြစ်ပြီး ပေါ့ဂ်ဘာက ပေါင် (၁၁၁)သန်းနဲ့ တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။နောက်ခံကစားသမားတွေထဲမှာတော့ လီဗာပူးလ် ညာနောက်ခံလူ အာနိုးလ်က ပေါင် (၁၁၅.၆)သန်းအထိ တန်ကြေးရှိကာ အမြင့်ဆုံးဖြစ်နေခဲ့ပြီး ဗန်ဒိုက်က ပေါင် (၉၉.၆)သန်းနဲ့ ဒုတိယ နေရာ၊ မန်စီးတီးနောက်ခံလူ လာပေါ့တ်က ပေါင် (၉၃.၆)သန်းနဲ့ တတိယနေရာမှာ ရှိနေခဲ့ပါတယ်။ တန်ကြေးအမြင့်မားဆုံး ဂိုးသမား အ ဖြစ် လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်က ပေါင် (၉၅.၅)သန်းအထိ ရှိခဲ့တယ်လို့ သိရပါတယ်။နာမည်ကျော်ကစားသမား ရော်နယ်ဒို က တော့ ပေါင် (၁၀၄.၉)သန်းနဲ့ ကစားသမားစုစုပေါင်းရဲ့ အဆင့် (၂၀)နေရာမှာသာ ရှိနေခဲ့ပြီး ရော်နယ်ဒိုရဲ့ အထက်မှာ ဟာဇက်က ပေါင် (၁၀၇.၂)သန်းနဲ့ ရပ်တည်နေပါတယ်။ အံ့အားသင့်စရာအဖြစ်ကတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပေါင် (၁၀၉.၇)သန်းနဲ့ ဟာဇက်၊ ရော်နယ်ဒိုတို့အထက်မှာ ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *