မန္ခ်က္စတာယူႏိုက္တက္ အေနနဲ႔ ေအာင္ျမင္မႈေတြ ရရွိဖို႔ အႀကံေပးေျပာဆိုမႈေတြျပဳလုပ္သြားတဲ့ အူစိန္ေဘာ့

Premier League

မန္ခ်က္စတာယူႏိုက္တက္ အေနနဲ႔ ေအာင္ျမင္မႈေတြ ရရွိဖို႔ အႀကံေပးေျပာဆိုမႈေတြျပဳလုပ္သြားတဲ့ အူစိန္ေဘာ့
—————————

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အသင္းကို ေပါ့ဂ္ဘာ၊ ဂရစ္မန္း တို႔နဲ႔ ျပန္လည္တည္ေဆာက္သင့္တယ္လုိ႔ ဂ်ေမကာ နာမည္ ေက်ာ္ တာတိုအေျပးဘုရင္ အူစိန္ေဘာ့ကအၾကံေပးေျပာဆိုလိုက္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္တစ္ဦးလို႔ လူသိမ်ားတဲ့ အူ စိန္ေဘာ့က ေပါ့ဂ္ဘာကို ေရာင္းခ်သြားျခင္းမျပဳပဲ အသင္းကိုေပါ့ဂ္ဘာနဲ႔ အဓိကထားတည္ေဆာက္သင့္တယ္လို႔ ယူဆေနတာျဖစ္ပါ တယ္။ အူစိန္ေဘာ့ကေျပာၾကားသြားရာမွာေတာ့ “ ကၽြန္ေတာ္က ေပါ့ဂ္ဘာရဲ႕ အမာခံပရိသတ္ပါ၊ ယူႏိုက္တက္အေနနဲ႔ ေပါ့ဂ္ဘာကို မွီျပီး အသင္းကိုတည္ေဆာက္သင့္တယ္လို႔ ထင္ပါတယ္၊ ဂ်ဴဗင္တပ္စ္မွာကတည္းက သူ႔ကို ၾကည့္ရႈခဲ့ရျပီး ျပင္သစ္အသင္းပြဲေတြကိုလည္း ကၽြန္ေတာ္ ၾကည့္ခဲ့ပါတယ္”

“ သူက အရည္အေသြးျပည့္၀သူျဖစ္ျပီး သူ႔အတြက္ တိုက္စစ္မွဴးေကာင္းေတြရွိေနသလို ေဘာလံုးမရွိခ်ိန္မွာဆိုလည္း သူ႔ကို ေဘာလံုးပို႔ ေပးႏိုင္တဲ့ ကစားသမားေတြ ရွိေနပါတယ္၊ သူ႔ရဲ႕ ဆံပင္ပံုစံေတြအတြက္ေတာ့ လူေတြက ဘယ္လိုပဲေျပာေျပာ ကိစၥမရွိပါဘူး၊ သူ႔ကို မွီျပီး အသင္းကို တည္ေဆာက္မယ္ဆုိရင္ သူနဲ႔ နားလည္မႈျပည့္၀တဲ့ တိုက္စစ္မွဴးမ်ိဳးကို ေရြးခ်ယ္ရင္ ပိုျပီးေကာင္းမြန္လာမွာပါ” လို႔ အူစိန္ေဘာ့ က ေျပာသြားခဲ့ပါတယ္။အူစိန္ေဘာ့က ေပါ့ဂ္ဘာနဲ႔ တြဲဖက္ေပးဖို႔ တိုက္စစ္မွဴးအေနနဲ႔ အက္သလက္တီကိုက ထြက္ခြာမယ့္ ဂရစ္မန္းကို ေခၚယူသင့္တယ္လို႔လည္း အႀကံေပးခဲ့ပါတယ္။ ဂရစ္မန္းနဲ႔ေပါ့ဂ္ဘာတို႔ဟာ ရင္းႏွီးတဲ့ ဆက္ဆံေရးရွိသူေတြျဖစ္ျပီး သူတို႔ႏွစ္ဦးရဲ႕ အတြဲ အဖက္က အသင္းကို ေအာင္ျမင္မႈေတြ ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္လိမ့္မယ္လို႔ အူစိန္ေဘာ့က ယံုၾကည္ေနတာျဖစ္ပါတယ္။

[unicode]

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသင်းကို ပေါ့ဂ်ဘာ၊ ဂရစ်မန်းတို့နဲ့ ပြန်လည်တည်ဆောက်သင့်တယ်လို့ ဂျမေကာ နာမည် ကျော် တာတိုအပြေးဘုရင် အူစိန်ဘော့ကအကြံပေးပြောဆိုလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်ပရိသတ်တစ်ဦးလို့ လူသိများတဲ့ အူ စိန်ဘော့က ပေါ့ဂ်ဘာကို ရောင်းချသွားခြင်းမပြုပဲ အသင်းကိုပေါ့ဂ်ဘာနဲ့ အဓိကထားတည်ဆောက်သင့်တယ်လို့ ယူဆနေတာဖြစ်ပါ တယ်။ အူစိန်ဘော့ကပြောကြားသွားရာမှာတော့ “ ကျွန်တော်က ပေါ့ဂ်ဘာရဲ့ အမာခံပရိသတ်ပါ၊ ယူနိုက်တက်အနေနဲ့ ပေါ့ဂ်ဘာကို မှီပြီး အသင်းကိုတည်ဆောက်သင့်တယ်လို့ ထင်ပါတယ်၊ ဂျူဗင်တပ်စ်မှာကတည်းက သူ့ကို ကြည့်ရှုခဲ့ရပြီး ပြင်သစ်အသင်းပွဲတွေကိုလည်း ကျွန်တော် ကြည့်ခဲ့ပါတယ်”“ သူက အရည်အသွေးပြည့်ဝသူဖြစ်ပြီး သူ့အတွက် တိုက်စစ်မှူးကောင်းတွေရှိနေသလို ဘောလုံးမရှိချိန်မှာဆိုလည်း သူ့ကို ဘောလုံးပို့ ပေးနိုင်တဲ့ ကစားသမားတွေ ရှိနေပါတယ်၊ သူ့ရဲ့ ဆံပင်ပုံစံတွေအတွက်တော့ လူတွေက ဘယ်လိုပဲပြောပြော ကိစ္စမရှိပါဘူး၊ သူ့ကို မှီပြီး အသင်းကို တည်ဆောက်မယ်ဆိုရင် သူနဲ့ နားလည်မှုပြည့်ဝတဲ့ တိုက်စစ်မှူးမျိုးကို ရွေးချယ်ရင် ပိုပြီးကောင်းမွန်လာမှာပါ” လို့ အူစိန်ဘော့ က ပြောသွားခဲ့ပါတယ်။အူစိန်ဘော့က ပေါ့ဂ်ဘာနဲ့ တွဲဖက်ပေးဖို့ တိုက်စစ်မှူးအနေနဲ့ အက်သလက်တီကိုက ထွက်ခွာမယ့် ဂရစ်မန်းကို ခေါ်ယူသင့်တယ်လို့လည်း အကြံပေးခဲ့ပါတယ်။ ဂရစ်မန်းနဲ့ပေါ့ဂ်ဘာတို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူတွေဖြစ်ပြီး သူတို့နှစ်ဦးရဲ့ အတွဲ အဖက်က အသင်းကို အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ အူစိန်ဘော့က ယုံကြည်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *