ျပင္သစ္ကြင္းလယ္ အတြဲကို ေခၚယူဖို႔ ပစ္မွတ္ထားေနတဲ့ ဂ်ဴဗင္တပ္စ္

Italy Serie A

ျပင္သစ္ကြင္းလယ္ အတြဲကို ေခၚယူဖို႔ ပစ္မွတ္ထားေနတဲ့ ဂ်ဴဗင္တပ္စ္
————————-

ဂ်ဴဗင္တပ္စ္အသင္း၏ နည္းျပသစ္ ဆာရီသည္ မန္ယူကြင္းလယ္လူ ေပါ့ဘာႏွင့္ PSG ကြင္းလယ္လူ ရာဘီေရာ႔တို႔ ႏွစ္ဦးစလုံးကို ေခၚယူ ႏိုင္ရန္ ပစ္မွတ္ထားေနေၾကာင္း သိရပါတယ္။Gazzetta dello Sport ၏ ေဖာ္ျပခ်က္အရ ေပါင္သန္း(၁၅၀)ေခၚေစ်းရွိသည့္ ေပါ့ဘာႏွင့္ အ လြတ္ေျပာင္းေရႊ႕ေၾကးျဖင့္ ေခၚယူရရွိနိုင္မည့္ ရာဘီယူတို႔ ႏွစ္ဦးစလုံးကို နည္းျပသစ္ဆာရီက အလိုရွိေနေၾကာင္း သိရပါတယ္။ မန္ယူ ကြင္း လယ္လူ ေပါ့ဘာ အသင္းမွ ထြက္ခြာဖို႔ သတင္းေတြက်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚေနခဲ့သူျဖစ္ၿပီး ၿပီးခဲ့သည့္ရက္ပိုင္းက စိန္   ေခၚ မႈအသစ္မ်ားကို အလိုရွိသည္ဟု လူသိရွင္ၾကားေျပာၾကားခဲ့မႈျပဳလုပ္ထားသူလည္းျဖစ္ပါတယ္။

အဆိုပါကစားသမားကို ရီးယဲလ္မက္ဒရစ္က ပစ္မွတ္ထားေနသလို ဂ်ဴဗင္တပ္စ္အသင္းက ၎တို႔ရဲ႕ ကစားသမားေဟာင္းျဖစ္တဲ့ ေပါ့ဘာ ကို ေခၚယူရရွိနိုင္ရန္ ယုံၾကည္မႈရွိေနေၾကာင္းလည္း သိရပါတယ္။တစ္ဖက္က ရာဘီေရာ႔ မွာလည္း ယခုလကုန္တြင္ PSG ႏွင့္ စာခ်ဳပ္ သက္ တမ္းကုန္ဆုံးမည္ျဖစ္ၿပီး ဂ်ဴဗင္တပ္စ္အသင္းႏွင့္ (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုနိုင္ရန္ နီးစပ္ေနေၾကာင္း သိရပါတယ္။ ဂ်ဴဗင္တပ္စ္အသင္း သည္ အလြတ္ေျပာင္းေရႊ႕ေၾကးစာခ်ဳပ္မ်ား ညႇိႏွိုင္းရာတြင္ ထူးခၽြန္သည့္အသင္းျဖစ္ၿပီး အေစာပိုင္းကာလကလည္း အာ ဆင္နယ္ကြင္း လယ္ လူ ရမ္ေဆးကို အလြတ္ေျပာင္းေရႊ႕ေၾကးျဖင့္ ေခၚယူထားနိုင္ခဲ့ပါတယ္။ရာဘီေရာ႔ မွာၿပီးခဲ့ အေစာပိုင္းက မန္ခ်က္စတာယူႏိုက္တက္ အသင္းနဲ႔ ဂ်ဴဗင္တပ္စ္ ႏွစ္သင္းထဲမွ တစ္သင္းကို ေရြးခ်ယ္သြားမယ့္ အေၾကာင္းသတင္းထြက္ေပၚထားသူလည္းျဖစ္ပါတယ္။

[unicode]

ဂျူဗင်တပ်စ်အသင်း၏ နည်းပြသစ် ဆာရီသည် မန်ယူကွင်းလယ်လူ ပေါ့ဘာနှင့် PSG ကွင်းလယ်လူ ရာဘီရော့တို့ နှစ်ဦးစလုံးကို ခေါ်ယူ နိုင်ရန် ပစ်မှတ်ထားနေကြောင်း သိရပါတယ်။Gazzetta dello Sport ၏ ဖော်ပြချက်အရ ပေါင်သန်း(၁၅၀)ခေါ်ဈေးရှိသည့် ပေါ့ဘာနှင့် အ လွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရရှိနိုင်မည့် ရာဘီယူတို့ နှစ်ဦးစလုံးကို နည်းပြသစ်ဆာရီက အလိုရှိနေကြောင်း သိရပါတယ်။ မန်ယူ ကွင်း လယ်လူ ပေါ့ဘာ အသင်းမှ ထွက်ခွာဖို့ သတင်းတွေကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက စိန် ခေါ် မှုအသစ်များကို အလိုရှိသည်ဟု လူသိရှင်ကြားပြောကြားခဲ့မှုပြုလုပ်ထားသူလည်းဖြစ်ပါတယ်။အဆိုပါကစားသမားကို ရီးယဲလ်မက်ဒရစ်က ပစ်မှတ်ထားနေသလို ဂျူဗင်တပ်စ်အသင်းက ၎င်းတို့ရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ပေါ့ဘာ ကို ခေါ်ယူရရှိနိုင်ရန် ယုံကြည်မှုရှိနေကြောင်းလည်း သိရပါတယ်။တစ်ဖက်က ရာဘီရော့ မှာလည်း ယခုလကုန်တွင် PSG နှင့် စာချုပ် သက် တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းနှင့် (၅)နှစ်စာချုပ်ချုပ်ဆိုနိုင်ရန် နီးစပ်နေကြောင်း သိရပါတယ်။ ဂျူဗင်တပ်စ်အသင်း သည် အလွတ်ပြောင်းရွှေ့ကြေးစာချုပ်များ ညှိနှိုင်းရာတွင် ထူးချွန်သည့်အသင်းဖြစ်ပြီး အစောပိုင်းကာလကလည်း အာ ဆင်နယ်ကွင်း လယ် လူ ရမ်ဆေးကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားနိုင်ခဲ့ပါတယ်။ရာဘီရော့ မှာပြီးခဲ့ အစောပိုင်းက မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ဂျူဗင်တပ်စ် နှစ်သင်းထဲမှ တစ်သင်းကို ရွေးချယ်သွားမယ့် အကြောင်းသတင်းထွက်ပေါ်ထားသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *