ဇာဟာ ကိုဝယ်ယူချင်နေတဲ့အတွက် အသင်းထံကို အသုံးစရိတ် အနည်းငယ်တိုးပေးဖို့ တောင်းဆိုလိုက်တဲ့ အူနိုင်း အမ်မရီ

Premier League

ဇာဟာ ကိုဝယ်ယူချင်နေတဲ့အတွက် အသင်းထံကို အသုံးစရိတ် အနည်းငယ်တိုးပေးဖို့ တောင်းဆိုလိုက်တဲ့ အူနိုင်း အမ်မရီ
——————————–

အာဆင်နယ်အသင်း နည်းပြ အူနိုင်းအမ်မရီဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့ကာလမှာ ဇာဟာ ကိုဝယ်ယူချင်နေတဲ့အတွက် အသင်း ထံကို အသုံးစရိတ် အနည်းငယ်တိုးပေးဖို့ တောင်းဆိုလိုက်တယ်လို့ The Sun က ဆိုပါတယ်။အာဆင်နယ်အသင်းဟာ ၃ ရာသီဆက် တိုက် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့ပြီးနောက် နည်းပြအမ်မရီဟာ ယခုနွေရာသီအတွက် ကစားသမားခေါ်ယူမှုပြုလုပ်ဖို့အတွက် ပေါင် ၄၅ သန်းသာ သုံးစွဲခွင့်ရရှိခဲ့တာဖြစ်ပါတယ်။အမ်မရီဟာ အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် အိုဇေးလ်ကို ရောင်းထုတ်ပြီး ရန်ပုံငွေရှာဖွေသွားဖို့ စဉ်းစားနေပြီး ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် ဇာဟာဟာ ယခုနွေရာသီမှာ ချန်ပီယံလိဂ်ကစားခွင့်ရရှိမယ့်အသင်းကို ပြောင်းရွှေ့နိုင်ဖို့ မျှော် လင့်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမားဟောင်း ဇာဟာဟာ ငယ်စဉ်ကတည်းက အာဆင်နယ်အမာခံပရိ သတ် ဖြစ်တာကြောင့် အမ်းမရိတ်ကို ပြောင်းရွှေ့ဖို့ဆန္ဒရှိနေကြောင်း ပြသခဲ့တာဖြစ်ပါတယ်။ရစ္စတယ်ပဲလေ့စ် အသင်းဟာ ဇာဟာရဲ့ဆန္ဒကို နား လည်ပေးပြီး ယခုနွေရာသီမှာ သင့်တော်တဲ့ဈေးနှုန်းရရှိမယ်ဆိုရင် အသင်းကနေ ထွက်ခွာခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေ မယ့် ဝမ်ဘစ်စ်ကာကိုတော့ ဇာဟာနဲ့ တစ်ချိန်တည်းမှာ ရောင်းထုတ်သွားလိုတဲ့ဆန္ဒမရှိဘူးလို့ သိရပါတယ်။ဒါကြောင့် အာဆင်နယ်အ သင်း အနေနဲ့ ဝမ်ဘစ်စ်ကာကို ခေါ်ယူဖို့ နီးစပ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းက အပြောင်းအရွှေ့မပြုလုပ်မီမှာ ဇာဟာကို အ လျင် အမြန်ခေါ်ယူဖို့ လိုအပ်နေပြီး အမ်မရီက အပြောင်းအရွှေ့ပြုလုပ်ဖို့ အသင်းရဲ့ဘုတ်အဖွဲ့ကို ဘတ်ဂျက်နည်းနည်းပိုပေးဖို့ တောင်းဆိုခဲ့ တာဖြစ်တယ်လို့သိရပါတယ်။

[unicode]


Leave a Reply

Your email address will not be published. Required fields are marked *