(၄၈) နာရီအတြင္း လမ္းပတ္ကို နည္းျပသစ္အျဖစ္ ခန္႔အပ္သြားမယ့္ ခ်ဲလ္ဆီး

Premier League

(၄၈) နာရီအတြင္း လမ္းပတ္ကို နည္းျပသစ္အျဖစ္ ခန္႔အပ္သြားမယ့္ ခ်ဲလ္ဆီး
————————————

ခ်ဲလ္ဆီးအသင္းကေန ဂ်ဴဗင္တပ္အသင္းကို နည္းျပဆာရီထြက္ခြာသြားခဲ့ၿပီခ်ိန္မွာေတာ့ အသင္းနည္းျပသစ္ရာထူးအတြက္ ခ်ဲလ္ဆီးအ သင္း အၿပီးသတ္ျပန္လည္ျပင္ဆင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။အဂၤလန္ကလာတဲ့သတင္းေတြအရ အသင္းရဲ႕ ဂႏၳ၀င္ကစားသမားေဟာင္းျဖစ္တဲ့ လမ္းပတ္ကို နည္းျပသစ္အျဖစ္ ခ်ဲလ္ဆီးအသင္းလာမယ့္ (၄၈) နာရီအတြင္းခန္႔အပ္ေတာ့မယ္လို႔ဆုိပါတယ္။နည္းျပဘ၀အစမွာပဲ ဒါဘီ အသင္းနဲ႔ တာထြက္ေကာင္းခဲ့တဲ့ လမ္းပတ္ဟာ အသင္းကို ခ်န္ပီယံရွစ္ကေန တန္းတက္ႏိုင္ဖို႔အထိကို အနီးကပ္ဆံုး စြမ္းေဆာင္ေပးႏိုင္ ခဲ့ပါတယ္။

လာမယ့္ နာရီပိုင္း ဒါမွမဟုတ္ မနက္ျဖန္ေလာက္မွာ ခ်ဲလ္ဆီးအသင္း လမ္းပတ္ကို နည္းျပသစ္အျဖစ္ခန္႔အပ္ေၾကာင္းေၾကျငာဖြယ္ရွိေနတဲ့ ခ်ဲလ္ဆီးအသင္းဟာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းလိုပဲ အသင္းကစားသမားေဟာင္းေတြနဲ႔ ျပန္လည္တည္ေဆာက္္ဖုိ႔ကို ႀကိဳးစား ေနခဲ့သလို ပီတာခ်က္ကိုလည္း နည္းစနစ္ဒါရိုက္တာအျဖစ္ ေခၚယူထားခဲ့ၿပီးျဖစ္ပါတယ္။ဒါေၾကာင့္ လမ္းပတ္ နဲ႔ ပီတာခ်က္တို႔ ႏွစ္ဦးတြဲၿပီး အသင္းအတြက္ ျပန္လည္တည္ေဆာက္မႈေတြကို အျပည့္အ၀ျပဳလုပ္ႏိုင္လိမ့္မယ္လို႔ အသင္းပရိသတ္ေတြက ယံုၾကည္ေနပါတယ္။

[unicode]

ချဲလ်ဆီးအသင်းကနေ ဂျူဗင်တပ်အသင်းကို နည်းပြဆာရီထွက်ခွာသွားခဲ့ပြီချိန်မှာတော့ အသင်းနည်းပြသစ်ရာထူးအတွက် ချဲလ်ဆီးအ သင်း အပြီးသတ်ပြန်လည်ပြင်ဆင်နိုင်ခဲ့ပြီဖြစ်ပါတယ်။အင်္ဂလန်ကလာတဲ့သတင်းတွေအရ အသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်းဖြစ်တဲ့ လမ်းပတ်ကို နည်းပြသစ်အဖြစ် ချဲလ်ဆီးအသင်းလာမယ့် (၄၈) နာရီအတွင်းခန့်အပ်တော့မယ်လို့ဆိုပါတယ်။နည်းပြဘဝအစမှာပဲ ဒါဘီ အသင်းနဲ့ တာထွက်ကောင်းခဲ့တဲ့ လမ်းပတ်ဟာ အသင်းကို ချန်ပီယံရှစ်ကနေ တန်းတက်နိုင်ဖို့အထိကို အနီးကပ်ဆုံး စွမ်းဆောင်ပေးနိုင် ခဲ့ပါတယ်။လာမယ့် နာရီပိုင်း ဒါမှမဟုတ် မနက်ဖြန်လောက်မှာ ချဲလ်ဆီးအသင်း လမ်းပတ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်းကြေငြာဖွယ်ရှိနေတဲ့ ချဲလ်ဆီးအသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းလိုပဲ အသင်းကစားသမားဟောင်းတွေနဲ့ ပြန်လည်တည်ဆောက်ဖို့ကို ကြိုးစား နေခဲ့သလို ပီတာချက်ကိုလည်း နည်းစနစ်ဒါရိုက်တာအဖြစ် ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့် လမ်းပတ် နဲ့ ပီတာချက်တို့ နှစ်ဦးတွဲပြီး အသင်းအတွက် ပြန်လည်တည်ဆောက်မှုတွေကို အပြည့်အဝပြုလုပ်နိုင်လိမ့်မယ်လို့ အသင်းပရိသတ်တွေက ယုံကြည်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *