မန္ယူ နဲ႔ အင္တာမီလန္ ၾကား လူကာကူ အတြက္ ေျပာင္းေရႊ႕ေၾကး ညႇိႏွိုင္းရာမွာ ေပါင္ ၂၀ သန္းအထိကြာဟေနတဲ့ သတင္းမ်ားထြက္ေပၚ

Premier League

မန္ယူ နဲ႔ အင္တာမီလန္ ၾကား လူကာကူ အတြက္ ေျပာင္းေရႊ႕ေၾကး ညႇိႏွိုင္းရာမွာ ေပါင္ ၂၀ သန္းအထိကြာဟေနတဲ့ သတင္းမ်ားထြက္ေပၚ
———————————–

အီတလီ ဘက္ကေန လာတဲ့ သတင္းေတြအရေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ အင္တာမီလန္ အသင္းတို႔ဟာ တိုက္စစ္မႉး လူ ကာကူအတြက္ ေျပာင္းေရႊ႕ေၾကး ညႇိႏွိုင္းေနၿပီး အနည္းဆုံးေပါင္ ၂၀ သန္းအထိ ကြာဟေနတယ္လို႔ဆိုၾကပါတယ္။ အင္တာမီလန္အသင္း နည္းျပသစ္ ကြန္တီကေတာ့ လာမယ့္ရာသီ တိုက္စစ္ေနရာအတြက္ မန္ယူအသင္း တိုက္စစ္မႉး လူကာကူကို ေခၚယူဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။ယူနိုက္တက္ အသင္းကေတာ့ ၎တို႔ရဲ့တိုက္စစ္မႉး လူကာကူအတြက္ အနည္းဆုံးေပါင္ ၇၅ သန္းအထိ အလိုရွိေန တာျဖစ္ပါ တယ္။

Dilo Sports ကေဖာ္ျပသြားရာမွာေတာ့ အင္တာမီလန္ အသင္းနဲ႔ မန္ယူအသင္းတို႔ၾကား ေျပာင္းေရႊ႕ေၾကး ညႇိႏွိုင္းရာမွာ ေပါင္ ၂၀ သန္း ေလာက္ အထိ ကြာဟေနတယ္လို႔ သိရပါတယ္။အခုေနာက္ဆုံးထြက္ေပၚလာတဲ့ သတင္းေတြအရေတာ့ တိုက္စစ္မႉး လူကာကူနဲ႔ အင္တာ မီလန္အသင္းတို႔ၾကား တစ္ပတ္လုပ္ခေပါင္ ၁သိန္း ၈ ေသာင္းနဲ႔ သေဘာတူညီမႈ ရရွိၿပီး ျဖစ္တယ္လို႔ ေဖာ္ျပေနၾကပါတယ္။လူကာကူ ဟာ နည္းျပသစ္ဆိုးလ္ရွား လက္ထက္မွာ ရက္ရွ္ဖို႔ဒ္ ေနာက္ မွပြဲထြက္ေနရၿပီး မန္ခ်က္စတာယူႏိုက္တက္ အသင္းနဲ႔အတူပံုမွန္ ေျခစြမ္းရရွိဖို႔ ရုန္းကန္ေနရသူတစ္ေယာက္လည္းျဖစ္ပါတယ္။

[unicode]

အီတလီ ဘက်ကနေ လာတဲ့ သတင်းတွေအရတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အင်တာမီလန် အသင်းတို့ဟာ တိုက်စစ်မှူး လူ ကာကူအတွက် ပြောင်းရွှေ့ကြေး ညှိနှိုင်းနေပြီး အနည်းဆုံးပေါင် ၂၀ သန်းအထိ ကွာဟနေတယ်လို့ဆိုကြပါတယ်။ အင်တာမီလန်အသင်း နည်းပြသစ် ကွန်တီကတော့ လာမယ့်ရာသီ တိုက်စစ်နေရာအတွက် မန်ယူအသင်း တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ယူနိုက်တက် အသင်းကတော့ ၎င်းတို့ရဲ့တိုက်စစ်မှူး လူကာကူအတွက် အနည်းဆုံးပေါင် ၇၅ သန်းအထိ အလိုရှိနေ တာဖြစ်ပါ တယ်။Dilo Sports ကဖော်ပြသွားရာမှာတော့ အင်တာမီလန် အသင်းနဲ့ မန်ယူအသင်းတို့ကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းရာမှာ ပေါင် ၂၀ သန်း လောက် အထိ ကွာဟနေတယ်လို့ သိရပါတယ်။အခုနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ တိုက်စစ်မှူး လူကာကူနဲ့ အင်တာ မီလန်အသင်းတို့ကြား တစ်ပတ်လုပ်ခပေါင် ၁သိန်း ၈ သောင်းနဲ့ သဘောတူညီမှု ရရှိပြီး ဖြစ်တယ်လို့ ဖော်ပြနေကြပါတယ်။လူကာကူ ဟာ နည်းပြသစ်ဆိုးလ်ရှား လက်ထက်မှာ ရက်ရှ်ဖို့ဒ် နောက် မှပွဲထွက်နေရပြီး မန်ချက်စတာယူနိုက်တက် အသင်းနဲ့အတူပုံမှန် ခြေစွမ်းရရှိဖို့ ရုန်းကန်နေရသူတစ်ယောက်လည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *