ေတာ့တင္ဟမ္ေဟာ့စပါးအသင္း ရဲ႕ ပစ္မွတ္ကစားသမားကို ေခၚယူဖို႔ အသင့္ျဖစ္ေနတဲ့ အာဆင္နယ္

Premier League

ေတာ့တင္ဟမ္ေဟာ့စပါးအသင္း ရဲ႕ ပစ္မွတ္ကစားသမားကို ေခၚယူဖို႔ အသင့္ျဖစ္ေနတဲ့ အာဆင္နယ္
—————————

Daily Express က ေဖာ္ျပသြားတာကေတာ့ အာဆင္နယ္အသင္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက ေခၚယူဖို႔ ႀကိဳးပမ္းေနတဲ့ ရီးရဲ မက္ဒရစ္ကြင္းလယ္ၾကယ္ပြင့္ ဒါနီဆီဘယ္လုိ႔စ္အတြက္ ရီးရဲမက္ဒရစ္အသင္းက သတ္မွတ္ထားတဲ့ ေျပာင္းေရႊ႕ေၾကးေပါင္ ၄၅ သန္းကို ေပးေခ်ၿပီးေခၚယူဖို႔ အဆင္သင့္ျဖစ္ေနတယ္လုိ႔ သိရပါတယ္။ရီးရဲမက္ဒရစ္အသင္းဟာ အီဒင္ဟာဇက္၊ လူကာဂ်ိဳဗစ္၊ အီဒါမီလီတာအုိတို႔ကို ေပါင္သန္း ၃၀၀ နီးပါးသံုးစြဲၿပီး ေခၚယူခဲ့တာေၾကာင့္ ဝင္ေငြထြက္ေငြ ဟန္ခ်က္ညီေအာင္ ကစားသမားအခ်ိဳ႕ကို ေရာင္းထုတ္သြားခ်င္တဲဲ့ ဆႏၵရွိေနသလို ဆီဘယ္လို႔စ္ကလည္း ယခုေႏြရာသီမွာ ဘာေနဗ်ဴးကေန ထြက္ခြာဖို႔ စဥ္းစားေနသူျဖစ္ပါတယ္။

ဆီဘယ္လုိ႔စ္ဟာ လက္ရွိအခ်ိန္မွာ စပိန္ယူ-၂၁ အသင္းအတြက္ ကစားေပးေနသူျဖစ္ၿပီး ဥေရာပခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ ၂ ဂိုး သြင္းယူထား သူျဖစ္ ပါတယ္။ AS ရဲ႕ေဖာ္ျပခ်က္အရ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ဆီဘယ္လုိ႔စ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ရီးရဲမက္ဒရစ္အ သင္း နဲ႔ ေျပာဆုိေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၿပီးျဖစ္တယ္လုိ႔ သိရပါတယ္။ဒါေပမယ့္လည္း အာဆင္နယ္အသင္းက ဆီဘယ္လုိ႔စ္အတြက္ ရီးရဲ မက္ဒရစ္အသင္းက ေတာင္းဆုိထားတဲဲ့ ယူရိုသန္း ၅၀ ကို ေပးေခ်ဖို႔ ပိုမိုဆႏၵရွိေနတယ္လုိ႔ သိရၿပီး ရီးရဲမက္ဒရစ္ဥကၠဌ ပီးရက္ဇ္ဟာ ဆီ ဘယ္ လုိ႔စ္ကို ႏွစ္သက္သူျဖစ္တာေၾကာင့္ ျပန္လည္ဝယ္ယူခြင့္ပါဝင္တဲ့ သေဘာတူညီမႈနဲ႔ ေရာင္းခ်သြားမယ္လုိ႔ သိရပါတယ္။အာဆင္နယ္ နည္းျပ အူႏုိင္းအမ္မရီဟာ ယခုေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ကစားသမားေခၚယူဖို႔အတြက္ ေပါင္ ၄၅ သန္းသာ သံုးစြဲခြင့္ရရွိ ထားၿပီး ယင္းပမာဏအားလံုးကို ဆီဘယ္လို႔စ္တစ္ဦးတည္းကို ေခၚယူဖုိ႔အတြက္ အသံုးျပဳသြားမယ္လုိ႔ သိရပါတယ္။

[unicode]

Daily Express က ဖော်ပြသွားတာကတော့ အာဆင်နယ်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ရီးရဲ မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် ဒါနီဆီဘယ်လို့စ်အတွက် ရီးရဲမက်ဒရစ်အသင်းက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပေါင် ၄၅ သန်းကို ပေးချေပြီးခေါ်ယူဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ရီးရဲမက်ဒရစ်အသင်းဟာ အီဒင်ဟာဇက်၊ လူကာဂျိုဗစ်၊ အီဒါမီလီတာအိုတို့ကို ပေါင်သန်း ၃၀၀ နီးပါးသုံးစွဲပြီး ခေါ်ယူခဲ့တာကြောင့် ဝင်ငွေထွက်ငွေ ဟန်ချက်ညီအောင် ကစားသမားအချို့ကို ရောင်းထုတ်သွားချင်တဲ့ ဆန္ဒရှိနေသလို ဆီဘယ်လို့စ်ကလည်း ယခုနွေရာသီမှာ ဘာနေဗျူးကနေ ထွက်ခွာဖို့ စဉ်းစားနေသူဖြစ်ပါတယ်။ဆီဘယ်လို့စ်ဟာ လက်ရှိအချိန်မှာ စပိန်ယူ-၂၁ အသင်းအတွက် ကစားပေးနေသူဖြစ်ပြီး ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ ၂ ဂိုး သွင်းယူထား သူဖြစ် ပါတယ်။ AS ရဲ့ဖော်ပြချက်အရ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဆီဘယ်လို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ရီးရဲမက်ဒရစ်အ သင်း နဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ဒါပေမယ့်လည်း အာဆင်နယ်အသင်းက ဆီဘယ်လို့စ်အတွက် ရီးရဲ မက်ဒရစ်အသင်းက တောင်းဆိုထားတဲ့ ယူရိုသန်း ၅၀ ကို ပေးချေဖို့ ပိုမိုဆန္ဒရှိနေတယ်လို့ သိရပြီး ရီးရဲမက်ဒရစ်ဥက္ကဌ ပီးရက်ဇ်ဟာ ဆီ ဘယ် လို့စ်ကို နှစ်သက်သူဖြစ်တာကြောင့် ပြန်လည်ဝယ်ယူခွင့်ပါဝင်တဲ့ သဘောတူညီမှုနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။အာဆင်နယ် နည်းပြ အူနိုင်းအမ်မရီဟာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားခေါ်ယူဖို့အတွက် ပေါင် ၄၅ သန်းသာ သုံးစွဲခွင့်ရရှိ ထားပြီး ယင်းပမာဏအားလုံးကို ဆီဘယ်လို့စ်တစ်ဦးတည်းကို ခေါ်ယူဖို့အတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *