ပက်ဂျီဆန်နဲ့ ပတ်သတ်ပြီး အကြီးမားဆုံး နောင်တ တစ်ခုရှိခဲ့ကြောင်း ဖွင့်ဟ ပြောကြားလိုက်တဲ့ ဆာအဲလက်စ် ဖာဂူဆန်

Premier League

ပက်ဂျီဆန်နဲ့ ပတ်သတ်ပြီး အကြီးမားဆုံး နောင်တ တစ်ခုရှိခဲ့ကြောင်း ဖွင့်ဟ ပြောကြားလိုက်တဲ့ ဆာအဲလက်စ် ဖာဂူဆန်
——————————————



[unicode]

နည်းပြကြီး ဖာဂူဆန်ကတော့ တောင်ပံ ကစားသမား ပက်ဂျီဆန်နဲ့ ပတ်သတ်ပြီး အကြီးမားဆုံး နောင်တတစ်ခု ရှိခဲ့ကြောင်း ဖွင့်ဟ ပြော ကြား ခဲ့ပါတယ်။အဆိုပါ ကွင်းလယ် ကစားသမားကိုတော့ နည်းပြကြီး ဖာဂူဆန်ဟာ ပွဲကြီးတွေမှာ အသုံးပြုခဲ့တာ ဖြစ်ကာ ပက်ဂျီဆန်ဟာ အခြားသော ကွင်းလယ် ကစားသမားတွေကို ထိန်းချုပ်ကစားရာမှာ အလွန်ကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်တာကြောင့် ပွဲကြီးတွေမှာ ထည့်သွင်း အသုံးပြုခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ကွင်းလယ် ကစားသမား ပက်ဂျီဆန်ဟာ ၂၀၀၈ ခုနှစ် ချန်ပီယံလိဂ်ပွဲစဉ် တော် တော်များများမှာ ပါဝင် ကစားခဲ့ပေမယ့်လည်း ချဲလ်ဆီးအသင်းနဲ့ ဖိုင်နယ် ပွဲစဉ်မှာတော့ မပါဝင်ဖြစ်ခဲ့ပါဘူး။အဆိုပါ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး နည်းပြကြီး ဖာဂူဆန်ကတော့ပက်ဂျီဆန်နဲ့ ပတ်သတ်ပြီး နောင်တရစရာဖြစ်ခဲ့တယ်လို့ ပြောကြား ခဲ့ပါ တယ်။ဖာဂူဆန် က ပြောကြားခဲ့ရာမှာတော့“ဥရောပဖလား ရရှိခဲ့တာကတော့ တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုပါ။ ဒါပေမယ့်လည်း ကွင်းလယ် ကစားသမား ပက်ဂျီဆန်နဲ့ ပတ်သတ်ပြီးတော့ သူဟာ တကယ်ကောင်းတဲ့ ကစားသမား တစ်ဦးပါ။ ပွဲကြီးတွေမှာ ဆိုရင်လည်း တကယ်ကောင်းတဲ့ ကစားသမား တစ်ဦးပါ။ ၂၀၁၁ ခုနှစ်တုန်းက ဝင်ဘာလေမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဆိုရင်လည်း ကွင်းလယ် ကစားသ မား ပက်ဂျီဆန်က အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်” လို့ MUTV ကို ဖာဂူဆန်က ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *