ဘက်တစ် နောက်ခံလူကို အပြိုင်ပစ်မှတ်ထားလာတဲ့ မန်ချက်စတာယူနိုက်တက် နဲ့ လီဗာပူး

Premier League

ဘက်တစ် နောက်ခံလူကို အပြိုင်ပစ်မှတ်ထားလာတဲ့ မန်ချက်စတာယူနိုက်တက် နဲ့ လီဗာပူး
—————————————



[unicode]

မန်ယူနိုက်တက်အသင်း ဟာ ခါးသီးပြိုင်ဘက် လီဗာပူးက စိတ်ဝင်စားနေတဲ့ ရီးရဲလ်ဘက်တစ်ဘယ်နောက်ခံလူ ကို အပြိုင်ခေါ်ယူရန် စိတ် ဝင်စားနေတယ်လို့သိရပါတယ်။ အိုးထရက်ဖို့ဒ် ဟာ ခံစစ်ပိုင်းနဲ့ ပတ်သတ်ပြီး ဆိုးရွားတဲ့ရာသီတစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် နွေရာသီမှာ အသင်းရဲ့ လူစာရင်းကို ပြန်လည်တည်ဆောက်နေတာဖြစ်ပြီး ဘယ်တောင်ပံခံစစ်အတွက် ဖာပို ကို ပစ်မှတ်ထားနေတာဖြစ်တယ်လို့ Maca ကဖော်ပြပါတယ်။ကစားသမား ရဲ့ စာချုပ်ဖျက်သိမ်းကြေး ဟာ ပေါင် ၄၅ သန်းရှိပေမယ့် ဘက်တစ် သူတို့ရဲ့ကစားသမားကိုပြောင်း ရွှေ့ကိစ္စနဲ့ပတ်သတ်ပြီး တားဆီးနိုင်ဖွယ်မရှိပါဘူး။ ယူနိုက်တက် ဟာ အသက် ၂၂ နှစ်အရွယ်ကစားသမား ဒီကစားသမားကို လီဗာပူးအ သင်းနဲ့အပြိုင်ရဲ့ ကြိုးပမ်းရဖွယ်လည်းရှိနေပါတယ်။လီဗာပူးအသင်းသည် ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့ပေမယ့် လာမယ့်ရာသီမှာ အမှတ်ပေးဖလားအတွက် တောင့်တင်းတဲ့လူစာရင်းကို ပြင် ဆင်ဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။လီဗာပူး ဟာ ဖာပို ကို အသင်းရဲ့ ဘယ်နောက်ခံလူ အန်ဒရူး ရော်ဘတ်ဆန် ရဲ့ နောက် ဒုတိယ ဦးစားပေး ကစားသမားအဖြစ် ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဖာပို ဟာ ၂၀၁၇-၁၈ ခုနှစ်ဘောလုံးရာသီမှ ရီးရဲလ်ဘက်တစ်အသင်းနဲ့ စတင်ကစားခဲ့ပြီး အဓိကကစားသမားတစ်ယောက်ဖြစ် ပြီးခဲ့တဲ့ရာသီက လာလီဂါ ၂၄ ပွဲကစားထားပြီး နောက် ၃ ဂိုးသွင်းပြီး ၄ ဂိုးဖန်တီး မှုပြုလုပ်ထားပါတယ်။ ဖာပိုသည် ယူ ၂၃ အောက် စပိန်လက်ရွေးစင် လူစာရင်းတွင် ဥရောပ ချန်ပီယံရှစ်ကစားနေပြီး စာချုပ်သက်တမ်းမှာ ၂၀၂၃ ခုနှစ်အထိရှိနေတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *