အသင္းေဟာင္း နဲ႔ ၅ႏွစ္သက္တမ္းရွိတဲ့ စာခ်ဳပ္တစ္ရပ္ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီလို႔ သတင္းေတြထြက္ေပၚလာတဲ့ ေနမာ

Spain LaLiga Santander

အသင္းေဟာင္း နဲ႔ ၅ႏွစ္သက္တမ္းရွိတဲ့ စာခ်ဳပ္တစ္ရပ္ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီလို႔ သတင္းေတြထြက္ေပၚလာတဲ့ ေနမာ
————————————–

ပီအက္စ္ဂ်ီအသင္းကေန ထြက္ခြာၿပီး ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕လိုေနတဲ့ ေနမာဟာ အသင္းေဟာင္းကို တစ္ေက်ာ့ျပန္ၿပီး (၅) ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားဖို႔ ႏႈတ္အားျဖင့္သေဘာတူညီမႈ ရရွိခဲ့ၿပီလို႔ဆိုပါတယ္။ေျခစြမ္းပို္င္းက်ဆင္းမႈေတြ ပုဂိၢဳလ္ေရးဆိုင္ရာ တရားရင္ဆိုင္ရ မႈေတြနဲ႔ ရင္ဆိုင္ေနရတ့ဲ့ ေနမာအတြက္ေတာ့ အသင္းေဟာင္းကို တစ္ေက်ာ့ျပန္ခ်င္ေနတဲ့ ဆႏၵေတြျပည့္၀ခဲ့ၿပီဆိုေပမယ့္ ပီအက္စ္ဂ်ီအ သင္း မွာ ရရွိေနတဲ့ တစ္ႏွစ္လုပ္ခ ယူရို (၃၆.၈) သန္းကေန ဘာစီလိုနာအသင္းမွာေတာ့ ယူရို (၂၄) သန္းသာရရွိမွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ ေနမာထက္ ပီအက္စ္ဂ်ီအသင္းမွာ ဘာေပက ပိုမိုေတာက္ပခဲ့တဲ့ ျဖစ္ရပ္ေတြေေၾကာင့္ ေနမာ မေပ်ာ္မရႊင္ျဖစ္ေနခဲ့ရၿပီး သူ႔ အတြက္ ေပ်ာ္ရႊင္မႈေတြေပးႏိုင္မယ့္ အသင္းေဟာင္းကို တစ္ေက်ာ့ျပန္ဖို႔အတြက္ ေဆာင္းရာသီကာလတည္းက ေနမာအလိုရွိခဲ့ တာျဖစ္ၿပီး လက္ရွိမွာေတာ့ ဒီအိပ္မက္ေတြျဖစ္လာခဲ့ၿပီလို႔ ဆိုရမွာျဖစ္သလို ဘာစီလိုနာအသင္းအတြက္လည္း ဆုဖလားအိပ္မက္ေတြကို ပိုမိုအသက္ သြင္းႏိုင္ေတာ့မွာပါ။ေနမာရဲ႕ အေျပာင္းအေရႊ႕က အၿပီးသတ္အတည္ျပဳႏိုင္ခဲ့တာမဟုတ္ေပမယ့္ ယခင္သတင္းေတြထက္စာရင္ပိုၿပီးေတာ့ တိက်တယ္လို႔ မီဒီယာေတြမွာ ေဖာ္ျပေနၿပီး မၾကာခင္မွာ MSN တိုက္စစ္ကို တစ္ေက်ာ့ျပန္ျမင္ေတြ႕ရႏိုင္ဖို႔ရွိေနပါတယ္။

[unicode]

ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လိုနေတဲ့ နေမာဟာ အသင်းဟောင်းကို တစ်ကျော့ပြန်ပြီး (၅) နှစ်စာချုပ်ချုပ်ဆိုသွားဖို့ နှုတ်အားဖြင့်သဘောတူညီမှု ရရှိခဲ့ပြီလို့ဆိုပါတယ်။ခြေစွမ်းပိုင်းကျဆင်းမှုတွေ ပုဂ္ဂိုလ်ရေးဆိုင်ရာ တရားရင်ဆိုင်ရ မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နေမာအတွက်တော့ အသင်းဟောင်းကို တစ်ကျော့ပြန်ချင်နေတဲ့ ဆန္ဒတွေပြည့်ဝခဲ့ပြီဆိုပေမယ့် ပီအက်စ်ဂျီအ သင်း မှာ ရရှိနေတဲ့ တစ်နှစ်လုပ်ခ ယူရို (၃၆.၈) သန်းကနေ ဘာစီလိုနာအသင်းမှာတော့ ယူရို (၂၄) သန်းသာရရှိမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီမှာ နေမာထက် ပီအက်စ်ဂျီအသင်းမှာ ဘာပေက ပိုမိုတောက်ပခဲ့တဲ့ ဖြစ်ရပ်တွေေကြောင့် နေမာ မပျော်မရွှင်ဖြစ်နေခဲ့ရပြီး သူ့ အတွက် ပျော်ရွှင်မှုတွေပေးနိုင်မယ့် အသင်းဟောင်းကို တစ်ကျော့ပြန်ဖို့အတွက် ဆောင်းရာသီကာလတည်းက နေမာအလိုရှိခဲ့ တာဖြစ်ပြီး လက်ရှိမှာတော့ ဒီအိပ်မက်တွေဖြစ်လာခဲ့ပြီလို့ ဆိုရမှာဖြစ်သလို ဘာစီလိုနာအသင်းအတွက်လည်း ဆုဖလားအိပ်မက်တွေကို ပိုမိုအသက် သွင်းနိုင်တော့မှာပါ။နေမာရဲ့ အပြောင်းအရွှေ့က အပြီးသတ်အတည်ပြုနိုင်ခဲ့တာမဟုတ်ပေမယ့် ယခင်သတင်းတွေထက်စာရင်ပိုပြီးတော့ တိကျတယ်လို့ မီဒီယာတွေမှာ ဖော်ပြနေပြီး မကြာခင်မှာ MSN တိုက်စစ်ကို တစ်ကျော့ပြန်မြင်တွေ့ရနိုင်ဖို့ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *