ေပါ့ဂ္ဘာကို ေရာင္းခ်မယ့္အစီအစဥ္နဲ႔ ပတ္သတ္ၿပီး ဆိုးလ္ရွားကို အႀကံေပးလိုက္တဲ့ ဂယ္ရီနဗီးလ္

Premier League

ေပါ့ဂ္ဘာကို ေရာင္းခ်မယ့္အစီအစဥ္နဲ႔ ပတ္သတ္ၿပီး ဆိုးလ္ရွားကို အႀကံေပးလိုက္တဲ့ ဂယ္ရီနဗီးလ္
——————————–

မန္ခ်က္စတာယူႏုိက္တက္ဂႏၱဝင္ေနာက္ခံကစားသမား ဂယ္ရီနဗီးလ္ဟာ အသင္းေဖာ္ေဟာင္းျဖစ္တဲ့ မန္ခ်က္စတာယူႏုိက္တက္နည္းျပ အိုလီဂန္းနားဆုိးလ္ရွားကို ေပါ့ဂ္ဘာအတြက္ အစားထုိးေခၚယူမႈ မျပဳလုပ္ႏုိင္ေသးဘဲ မေရာင္းခ်ဖို႔ ေျပာၾကားခဲ့ေၾကာင္း Mirror ရဲ႕ေဖာ္ျပ ခ်က္အရ သိရပါတယ္။ေပါ့ဂ္ဘာဟာ ယခုေႏြရာသီမွာ အုိးထရက္ဖုိ႔ဒ္ကေန ထြက္ခြာၿပီး တစ္ေနရာရာမွာ စိန္ေခၚမႈအသစ္ေတြ ရွာေဖြဖို႔ အ ဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း လူသိရွင္ၾကားထုတ္ေဖာ္ေျပာၾကားခဲ့သူျဖစ္ၿပီး ဂ်ဴဗင္တပ္နဲ႔ ရီးရဲမက္ဒရစ္တုိ႔က ေခၚယူဖို႔ အၿပိဳင္အဆုိင္ ႀကိဳး ပမ္းေနတာျဖစ္ပါတယ္။ဂယ္ရီနဗီးလ္က ေပါ့ဂ္ဘာအေနနဲ႔ အသင္းကေန ထြက္ခြာလုိတဲ့ဆႏၵရွိတယ္ဆုိရင္ ထြက္ခြာခြင့္ျပဳေပးဖုိ႔ ေျပာၾကား ခဲ့ေပ မယ့္ ေပါ့ဂ္ဘာကို မေရာင္းခ်မီမွာ ကြင္းလယ္ကစားသမားတစ္ဦး ေခၚယူဖို႔ ဆုိးလ္ရွားကို အႀကံေပးလိုက္တာျဖစ္ ပါတယ္။ မန္ခ်က္စ တာယူႏုိက္တက္အသင္းဟာ ယခုေႏြရာသီမွာ ဆြမ္ဆီးစီးတီးၾကယ္ပြင့္ ဒန္နီရယ္ဂ်ိမ္းစ္တစ္ဦးတည္းကိုသာ ေခၚယူထားႏုိင္ေသးၿပီး ခရစၥ တယ္ပဲေလ့စ္ညာေနာက္ခံကစားသမား ဝမ္ဘစ္စ္ကာကို ဒုတိယေျမာက္ကစားသမားေခၚယူမႈအျဖစ္ ျပဳလုပ္ႏုိင္ဖို႔ နီးစပ္ေနၿပီလုိ႔ သိရပါ တယ္။

ဂယ္ရီနဗီးလ္ ကေျပာၾကားခဲံရာမွာေတာ့“မန္ခ်က္စတာယူႏုိက္တက္က ေပါ့ဂ္ဘာ ကစားတဲ့အခ်ိန္မွာ ပိုမိုေကာင္းမြန္တဲ့အသင္းျဖစ္ လာပါ တယ္။ ဒါေပမယ့္ တကယ္လို႔ ကစားသမားက အသင္းမွာ ဆက္မရွိခ်င္ေတာ့ဘူးဆိုရင္ အဲဒါက ေပါ့ဂ္ဘာကို ဆုိလုိတာမဟုတ္ဘူးေနာ္။ ကစားသမားက အသင္းမွာ ဆက္ရွိခ်င္တယ္ဆုိရင္ ခင္ဗ်ားသြားမယ့္လမ္းေၾကာင္းနဲ႔ပတ္သက္ၿပီး အားလံုးကို ကစားရမယ့္ေနရာကို အစီ အ စဥ္ျပန္ခ်ေပးရပါမယ္”“အဆံုးအစြန္ထိေျပာရမယ္ဆုိရင္ ဒါက အုိလီပထမဆံုး လုပ္ရမယ့္အရာပါ။ အသင္းကို ေရွ႕ဆက္သြားေစဖို႔ အ တြက္ ဘယ္သူက အဆင္သင့္ျဖစ္ေနတယ္ဆိုတာကို သိဖို႔ေပါ့။ သူတို႔ ဘယ္လုိကစားသမားကိုမွ ထိန္းသိမ္းထားတာမရွိပါဘူး”“ခင္ဗ်ား သူတို႔ကို ထြက္ခြာခြင့္မျပဳမီမွာ ကစားသမား ေခၚရပါမယ္။ ဘာလို႔လဲဆုိေတာ့ လက္ထဲမွာ ကစားသမားေရာင္းရေငြသက္သက္ပဲ ရွိေနတာ က ခင္ဗ်ားကို ထိခုိက္လြယ္ေအာင္ ျပဳလုပ္ႏုိင္လို႔ပါ”လို႔ Sky Sports News ကို ေျပာၾကားခဲ့ပါတယ္။

[unicode]

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ဂယ်ရီနဗီးလ်ဟာ အသင်းဖော်ဟောင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားကို ပေါ့ဂ်ဘာအတွက် အစားထိုးခေါ်ယူမှု မပြုလုပ်နိုင်သေးဘဲ မရောင်းချဖို့ ပြောကြားခဲ့ကြောင်း Mirror ရဲ့ဖော်ပြ ချက်အရ သိရပါတယ်။ပေါ့ဂ်ဘာဟာ ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာပြီး တစ်နေရာရာမှာ စိန်ခေါ်မှုအသစ်တွေ ရှာဖွေဖို့ အ ဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့သူဖြစ်ပြီး ဂျူဗင်တပ်နဲ့ ရီးရဲမက်ဒရစ်တို့က ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုး ပမ်းနေတာဖြစ်ပါတယ်။ဂယ်ရီနဗီးလ်က ပေါ့ဂ်ဘာအနေနဲ့ အသင်းကနေ ထွက်ခွာလိုတဲ့ဆန္ဒရှိတယ်ဆိုရင် ထွက်ခွာခွင့်ပြုပေးဖို့ ပြောကြား ခဲ့ပေ မယ့် ပေါ့ဂ်ဘာကို မရောင်းချမီမှာ ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူဖို့ ဆိုးလ်ရှားကို အကြံပေးလိုက်တာဖြစ် ပါတယ်။ မန်ချက်စ တာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ ဆွမ်ဆီးစီးတီးကြယ်ပွင့် ဒန်နီရယ်ဂျိမ်းစ်တစ်ဦးတည်းကိုသာ ခေါ်ယူထားနိုင်သေးပြီး ခရစ္စ တယ်ပဲလေ့စ်ညာနောက်ခံကစားသမား ဝမ်ဘစ်စ်ကာကို ဒုတိယမြောက်ကစားသမားခေါ်ယူမှုအဖြစ် ပြုလုပ်နိုင်ဖို့ နီးစပ်နေပြီလို့ သိရပါ တယ်။ဂယ်ရီနဗီးလ် ကပြောကြားခဲံရာမှာတော့“မန်ချက်စတာယူနိုက်တက်က ပေါ့ဂ်ဘာ ကစားတဲ့အချိန်မှာ ပိုမိုကောင်းမွန်တဲ့အသင်းဖြစ် လာပါ တယ်။ ဒါပေမယ့် တကယ်လို့ ကစားသမားက အသင်းမှာ ဆက်မရှိချင်တော့ဘူးဆိုရင် အဲဒါက ပေါ့ဂ်ဘာကို ဆိုလိုတာမဟုတ်ဘူးနော်။ ကစားသမားက အသင်းမှာ ဆက်ရှိချင်တယ်ဆိုရင် ခင်ဗျားသွားမယ့်လမ်းကြောင်းနဲ့ပတ်သက်ပြီး အားလုံးကို ကစားရမယ့်နေရာကို အစီ အ စဉ်ပြန်ချပေးရပါမယ်”“အဆုံးအစွန်ထိပြောရမယ်ဆိုရင် ဒါက အိုလီပထမဆုံး လုပ်ရမယ့်အရာပါ။ အသင်းကို ရှေ့ဆက်သွားစေဖို့ အ တွက် ဘယ်သူက အဆင်သင့်ဖြစ်နေတယ်ဆိုတာကို သိဖို့ပေါ့။ သူတို့ ဘယ်လိုကစားသမားကိုမှ ထိန်းသိမ်းထားတာမရှိပါဘူး”“ခင်ဗျား သူတို့ကို ထွက်ခွာခွင့်မပြုမီမှာ ကစားသမား ခေါ်ရပါမယ်။ ဘာလို့လဲဆိုတော့ လက်ထဲမှာ ကစားသမားရောင်းရငွေသက်သက်ပဲ ရှိနေတာ က ခင်ဗျားကို ထိခိုက်လွယ်အောင် ပြုလုပ်နိုင်လို့ပါ”လို့ Sky Sports News ကို ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *