ဒီလစ္ နဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈရရွိခဲ့ၿပီျဖစ္တဲ့ ဂ်ဴဗင္တပ္စ္

Italy Serie A

ဒီလစ္ နဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈရရွိခဲ့ၿပီျဖစ္တဲ့ ဂ်ဴဗင္တပ္စ္
————————-

Sky Sports ရဲ႕ ေဖာ္ျပခ်က္အရ စီးရီးေအခ်န္ပီယံ ဂ်ဴဗင္တပ္စ္အသင္းဟာ နယ္သာလန္ကလပ္ေအဂ်က္စ္အသင္းရဲ႕ ေနာက္ခံလူ ဒီလစ္ အား ေခၚယူရန္ ကစားသမားႏွင့္ ပုဂၢိဳလ္ေရးသေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။ဂ်ဴဗင္တပ္စ္အသင္း ဟာ ဒီလစ္ ကို တစ္ႏွစ္ လစာယူရို(၁၂)သန္းတန္ေၾကးရွိသည့္ (၅)ႏွစ္စာခ်ဳပ္ျဖင့္ကမ္းလွမ္းခဲ့တာျဖစ္ၿပီး သေဘာတူညီမႈရရွိခဲ့လို႔ အၿပီးသတ္အေျပာင္း အေရႊ႕ အ တြက္ ေအဂ်က္စ္အသင္းႏွင့္ေဆြးေႏြးရန္သာ က်န္ရွိေတာ့ေၾကာင္း သိရပါတယ္။

အသက္ (၁၉)ႏွစ္အရြယ္ ေနာက္ခံလူဟာ ၿပီးခဲ့သည့္ရာသီက နယ္သာလန္လိဂ္ႏွင့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြမွာ ျပသခဲ့သည့္ေျခစြမ္းေၾကာင့္ ဥေရာပထိပ္တန္းအသင္းမ်ားက ေခၚယူရန္ ပစ္မွတ္ထားျခင္းခံေနရသူျဖစ္ၿပီး PSG အသင္းကလည္း အရေခၚယူရန္ ေအဂ်က္စ္အသင္းႏွင့္ ၾကားျဖတ္ေဆြးေႏြးသြားဖြယ္ရွိေၾကာင္းလည္း သိရပါတယ္။ဂ်ဴဗင္တပ္စ္အသင္း၏ေပၚတူဂီတိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒို က ယခု လ အေစာပိုင္းက က်င္းပခဲ့သည့္ Nations League ဗိုလ္လုပြဲတြင္ နယ္သာလန္ေနာက္ခံလူ ဒီလစ္အား ဂ်ဴဗင္တပ္စ္အသင္းသို႔လာ ေရာက္ က စားရန္ ဖိတ္ေခၚခဲ့သလို ေအးဂ်င့္ျဖစ္သူ ရိုင္အိုလာမွာလည္း အီတလီဖြားတစ္ဦးျဖစ္ေသာေၾကာင့္ ဒီလစ္၏အေျပာင္းအေရႊ႕မွာ ျဖစ္ေပၚလာဖြယ္ရွိေနပါတယ္။

[unicode]

Sky Sports ရဲ့ ဖော်ပြချက်အရ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းဟာ နယ်သာလန်ကလပ်အေဂျက်စ်အသင်းရဲ့ နောက်ခံလူ ဒီလစ် အား ခေါ်ယူရန် ကစားသမားနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ဂျူဗင်တပ်စ်အသင်း ဟာ ဒီလစ် ကို တစ်နှစ် လစာယူရို(၁၂)သန်းတန်ကြေးရှိသည့် (၅)နှစ်စာချုပ်ဖြင့်ကမ်းလှမ်းခဲ့တာဖြစ်ပြီး သဘောတူညီမှုရရှိခဲ့လို့ အပြီးသတ်အပြောင်း အရွှေ့ အ တွက် အေဂျက်စ်အသင်းနှင့်ဆွေးနွေးရန်သာ ကျန်ရှိတော့ကြောင်း သိရပါတယ်။အသက် (၁၉)နှစ်အရွယ် နောက်ခံလူဟာ ပြီးခဲ့သည့်ရာသီက နယ်သာလန်လိဂ်နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ပြသခဲ့သည့်ခြေစွမ်းကြောင့် ဥရောပထိပ်တန်းအသင်းများက ခေါ်ယူရန် ပစ်မှတ်ထားခြင်းခံနေရသူဖြစ်ပြီး PSG အသင်းကလည်း အရခေါ်ယူရန် အေဂျက်စ်အသင်းနှင့် ကြားဖြတ်ဆွေးနွေးသွားဖွယ်ရှိကြောင်းလည်း သိရပါတယ်။ဂျူဗင်တပ်စ်အသင်း၏ပေါ်တူဂီတိုက်စစ်ကစားသမား စီရော်နယ်လ်ဒို က ယခု လ အစောပိုင်းက ကျင်းပခဲ့သည့် Nations League ဗိုလ်လုပွဲတွင် နယ်သာလန်နောက်ခံလူ ဒီလစ်အား ဂျူဗင်တပ်စ်အသင်းသို့လာ ရောက် က စားရန် ဖိတ်ခေါ်ခဲ့သလို အေးဂျင့်ဖြစ်သူ ရိုင်အိုလာမှာလည်း အီတလီဖွားတစ်ဦးဖြစ်သောကြောင့် ဒီလစ်၏အပြောင်းအရွှေ့မှာ ဖြစ်ပေါ်လာဖွယ်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *