မန္ခ်က္စတာယူႏုိက္တက္ အသင္းမွာ ေရာ္နယ္ဒို ကစားေနခဲ့တဲ့အခ်ိန္ကတည္းက ေရာ္နယ္ဒိုျဖစ္ခ်င္ခဲ့တယ္လို႔ ဒီလစ္ ဖြင့္ဟ

Italy Serie A

မန္ခ်က္စတာယူႏုိက္တက္ အသင္းမွာ ေရာ္နယ္ဒို ကစားေနခဲ့တဲ့အခ်ိန္ကတည္းက ေရာ္နယ္ဒိုျဖစ္ခ်င္ခဲ့တယ္လို႔ ဒီလစ္ ဖြင့္ဟ
—————————-

အသက္ ၁၉ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဒီလစ္ဟာ ယခုေႏြရာသီမွာ ေအဂ်က္အသင္းကေန ထြက္ခြာဖို႔ သတင္းေတြထြက္ေပၚေနသူျဖစ္ၿပီး ဂ်ဴ ဗင္တပ္အသင္းကို ေျပာင္းေရႊ႕ဖို႔ နီးစပ္ေနၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။နယ္သာလန္လက္ေရြးစင္ၾကယ္ပြင့္ ဒီလစ္ကို ဥေရာပထိပ္သီးအသင္းႀကီးေတြက ေခၚယူဖို႔ ႀကိဳးပမ္းေနၾကၿပီး ဘာစီလိုနာ၊ ပီအက္စ္ဂ်ီ၊ မန္ခ်က္စတာယူႏုိက္တက္တို႔ကလည္း ဒီလစ္ကို စိတ္ဝင္စားေနတဲ့အသင္းေတြထဲမွာ ပါဝင္ေနတာျဖစ္ပါတယ္။ဒါေပမယ့္ ေအဂ်က္အသင္းေခါင္းေဆာင္ ဒီလစ္က သူ႔ရဲ႕ငယ္ဘ၀က အား က် ခဲ့ရသူ ခရစ္စတီယာႏုိေရာ္နယ္ဒိုနဲ႔ တြဲဖက္ကစားဖို႔အတြက္ ဂ်ဴဗင္တပ္အသင္းကို ေျပာင္းေရႊ႕ဖြယ္ရွိေနတာျဖစ္ပါတယ္။

ဒီလစ္ကေျပာၾကားခဲ့ရာမွာေတာ့“အားလံုးက လ်င္လ်င္ျမန္ျမန္ပဲ ျဖစ္သြားခဲ့တာပါ။ ကၽြန္ေတာ္ တခါတေလက်ရင္ ျပန္စဥ္းစားမိတယ္။ တစ္ ရာသီလံုး အသင္းနဲ႔ ၿပိဳင္ပြဲအတြင္း ကစားသမားတစ္ေယာက္အေနနဲ႔ ခင္ဗ်ားမွာ ျပန္လည္ၾကည့္ရႈဖို႔ အခ်ိန္တကယ္မရွိပါဘူး” “ဒါ ေပမယ့္ တစ္ခါတရံမွာ အခ်ိန္ရွိပါတယ္။ ကၽြန္ေတာ္ ျပန္စဥ္းစားၾကည့္လုိက္တဲ့အခါမွာ အဲဒါက သာမန္မဟုတ္ပါဘူး။ မၾကာေသးမီတုန္းက ကၽြန္ ေတာ့္ရဲ႕ငယ္ေပါင္းသူငယ္ခ်င္းေတြနဲ႔ ညစာစားခဲ့တဲ့အခ်ိန္တုန္းကလိုေပါ့”“နိဂံုးခ်ဳပ္ရမယ္ဆုိရင္ ငယ္ငယ္တုန္းက ပန္းၿခံထဲမွာ ေဘာ လံုး ကစားခဲ့တဲ့အခ်ိန္မွာ ကၽြန္ေတာ္ အၿမဲတမ္း ခရစ္စတီယာႏုုိေရာ္နယ္ဒိုျဖစ္ခ်င္ခဲ့ပါတယ္။ အထူးသျဖင့္ သူ မန္ခ်က္စတာယူႏုိက္ တက္ အ သင္းမွာ ကစားေနခဲ့တဲ့အခ်ိန္တုန္းကေပါ့”“ကၽြန္ေတာ့္ရဲ႕ပထမဆံုးေဘာလံုးဝတ္စံုက အဲဒီအခ်ိန္တုန္းက သူနဲ႔သက္ဆုိင္တဲ့ဝတ္စံုပါ။ သူ ငယ္ခ်င္းေတြနဲ႔ ညစာစားခဲ့တာကေတာ့ ဂ်ဴဗင္တပ္နဲ႔ ေတြ႕ၿပီးတဲ့ေနာက္မွာပါ။ တူညီတဲ့ေရာ္နယ္ဒိုတစ္ဦးတည္းနဲ႔ ကၽြန္ေတာ္ ရင္ဆုိင္ က စား ခဲ့ရပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

[unicode]

အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီလစ်ဟာ ယခုနွေရာသီမှာ အေဂျက်အသင်းကနေ ထွက်ခွာဖို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပြီး ဂျူ ဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။နယ်သာလန်လက်ရွေးစင်ကြယ်ပွင့် ဒီလစ်ကို ဥရောပထိပ်သီးအသင်းကြီးတွေက ခေါ်ယူဖို့ ကြိုးပမ်းနေကြပြီး ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ မန်ချက်စတာယူနိုက်တက်တို့ကလည်း ဒီလစ်ကို စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ဒါပေမယ့် အေဂျက်အသင်းခေါင်းဆောင် ဒီလစ်က သူ့ရဲ့ငယ်ဘဝက အား ကျ ခဲ့ရသူ ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ တွဲဖက်ကစားဖို့အတွက် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေတာဖြစ်ပါတယ်။ဒီလစ်ကပြောကြားခဲ့ရာမှာတော့“အားလုံးက လျင်လျင်မြန်မြန်ပဲ ဖြစ်သွားခဲ့တာပါ။ ကျွန်တော် တခါတလေကျရင် ပြန်စဉ်းစားမိတယ်။ တစ် ရာသီလုံး အသင်းနဲ့ ပြိုင်ပွဲအတွင်း ကစားသမားတစ်ယောက်အနေနဲ့ ခင်ဗျားမှာ ပြန်လည်ကြည့်ရှုဖို့ အချိန်တကယ်မရှိပါဘူး” “ဒါ ပေမယ့် တစ်ခါတရံမှာ အချိန်ရှိပါတယ်။ ကျွန်တော် ပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှာ အဲဒါက သာမန်မဟုတ်ပါဘူး။ မကြာသေးမီတုန်းက ကျွန် တော့်ရဲ့ငယ်ပေါင်းသူငယ်ချင်းတွေနဲ့ ညစာစားခဲ့တဲ့အချိန်တုန်းကလိုပေါ့”“နိဂုံးချုပ်ရမယ်ဆိုရင် ငယ်ငယ်တုန်းက ပန်းခြံထဲမှာ ဘော လုံး ကစားခဲ့တဲ့အချိန်မှာ ကျွန်တော် အမြဲတမ်း ခရစ်စတီယာနိုရော်နယ်ဒိုဖြစ်ချင်ခဲ့ပါတယ်။ အထူးသဖြင့် သူ မန်ချက်စတာယူနိုက် တက် အ သင်းမှာ ကစားနေခဲ့တဲ့အချိန်တုန်းကပေါ့”“ကျွန်တော့်ရဲ့ပထမဆုံးဘောလုံးဝတ်စုံက အဲဒီအချိန်တုန်းက သူနဲ့သက်ဆိုင်တဲ့ဝတ်စုံပါ။ သူ ငယ်ချင်းတွေနဲ့ ညစာစားခဲ့တာကတော့ ဂျူဗင်တပ်နဲ့ တွေ့ပြီးတဲ့နောက်မှာပါ။ တူညီတဲ့ရော်နယ်ဒိုတစ်ဦးတည်းနဲ့ ကျွန်တော် ရင်ဆိုင် က စား ခဲ့ရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *