ဒီလစ္ကို ေခၚယူႏိုင္တဲ့သတင္းကို တနလၤာေန႔ မွာ တရား၀င္ေၾကျငာသြားမယ့္ သတင္းေတြထြက္ေပၚလာတဲ့ ဂ်ဴဗင္တပ္စ္

Italy Serie A

ဒီလစ္ကို ေခၚယူႏိုင္တဲ့သတင္းကို တနလၤာေန႔ မွာ တရား၀င္ေၾကျငာသြားမယ့္ သတင္းေတြထြက္ေပၚလာတဲ့ ဂ်ဴဗင္တပ္စ္
—————————

ဂ်ဴဗင္တပ္စ္အသင္းဟာ တနလၤာေန႔ မွာ ေအဂ်က္ဇ္ေနာက္ခံလူ ဒီလစ္ကို ေခၚယူႏိုင္တဲ့သတင္းကို အတည္ျပဳေၾကညာသြားမယ္လို႔ သိရ ပါတယ္။ ဘာစီလိုနာ၊ ပီအက္စ္ဂ်ီ၊ ယူႏုိက္တက္တို႔နဲ႔အျပိဳင္ၾကိဳးစားျပီး ဒီလစ္ကို ဂ်ဴဗင္တပ္စ္က လက္ဦးမႈရယူႏိုင္ခဲ့တာျဖစ္ျပီးေျပာင္းေရႊ႕ ေၾကး ယူရိုသန္း (၇၀)အထိ သံုးစြဲရမွာလည္း ျဖစ္ပါတယ္။ အီတလီသတင္းဌာနတစ္ခုျဖစ္တဲ့ Tuttosport က သူတို႔ရဲ႕သတင္းစာမ်က္ႏွာ ဖံုး မွာ ဒီလစ္အေျပာင္းအေရႊ႕ကို ဂ်ဴဗီက ေၾကညာမယ့္အေၾကာင္း ေဖာ္ျပခဲ့ျပီး အသက္ (၁၉)ႏွစ္အရြယ္ေအဂ်က္ဇ္ေနာက္ခံလူဟာ တူရင္ ကို အျပီးသတ္ေရာက္ရွိဖို႔ ေသခ်ာသြားခဲ့ျပီလည္း ျဖစ္ပါတယ္။

အရည္အေသြးျမင့္ေနာက္ခံလူတစ္ဦးကို ဘိုႏူခ်ီနဲ႔ခ်ီလီနီတို႔ရဲ႕ေနရာမွာ အစားထိုးႏိုင္ဖို႔ ဂ်ဴဗီက ေခၚယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ဂ်ဴဗင္ တပ္စ္ အေနနဲ႔ ယူရို (၆၇)သန္းကို ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပးေခ်ရမွာျဖစ္ကာ ေနာက္ထပ္ယူရို (၁၃)သန္းကိုေတာ့ ကစားသမားရဲ႕ စြမ္း ေဆာင္ရည္ေပၚ မူတည္ကာ ထပ္မံေပးသြားရမယ္လို႔ သိရပါတယ္။ အနည္းဆံုး (၄)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ျပီး ဒီလစ္ကို ေရရွည္အ သံုးျပဳသြားဖို႔ ဂ်ဴဗင္တပ္စ္ဘက္ကလည္း ရည္ရြယ္ေနခဲ့ပါတယ္။နည္းျပသစ္ဆာရီအတြက္ ျပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ မွာေျခစြမ္းျပႏိုင္ ခဲ့တဲ့ လူငယ္ခံစစ္မွဴးကို ပိုင္ဆိုင္ႏိုင္ေတာ့မွာျဖစ္ျပီး ရမ္ေဆး၊ ရာဘီေယာ့တို႔လို ကစားသမားသစ္ေတြနဲ႔ အသင္းကိုတည္ေဆာက္ ခြင့္ ရရွိ မွာလည္း ျဖစ္ပါတယ္။ ရြိဳင္အိုလာနဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးကို ဂ်ဴဗီက အသံုးခ်ကာ ဒီလစ္ကို ေခၚယူႏိုင္ခဲ့တာျဖစ္တယ္လုိ႔လည္း သတင္း မ်ား ထြက္ေပၚေနခဲ့ပါတယ္။

[unicode]

ဂျူဗင်တပ်စ်အသင်းဟာ တနင်္လာနေ့ မှာ အေဂျက်ဇ်နောက်ခံလူ ဒီလစ်ကို ခေါ်ယူနိုင်တဲ့သတင်းကို အတည်ပြုကြေညာသွားမယ်လို့ သိရ ပါတယ်။ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ ယူနိုက်တက်တို့နဲ့အပြိုင်ကြိုးစားပြီး ဒီလစ်ကို ဂျူဗင်တပ်စ်က လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပြီးပြောင်းရွှေ့ ကြေး ယူရိုသန်း (၇၀)အထိ သုံးစွဲရမှာလည်း ဖြစ်ပါတယ်။ အီတလီသတင်းဌာနတစ်ခုဖြစ်တဲ့ Tuttosport က သူတို့ရဲ့သတင်းစာမျက်နှာ ဖုံး မှာ ဒီလစ်အပြောင်းအရွှေ့ကို ဂျူဗီက ကြေညာမယ့်အကြောင်း ဖော်ပြခဲ့ပြီး အသက် (၁၉)နှစ်အရွယ်အေဂျက်ဇ်နောက်ခံလူဟာ တူရင် ကို အပြီးသတ်ရောက်ရှိဖို့ သေချာသွားခဲ့ပြီလည်း ဖြစ်ပါတယ်။အရည်အသွေးမြင့်နောက်ခံလူတစ်ဦးကို ဘိုနူချီနဲ့ချီလီနီတို့ရဲ့နေရာမှာ အစားထိုးနိုင်ဖို့ ဂျူဗီက ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ဂျူဗင် တပ်စ် အနေနဲ့ ယူရို (၆၇)သန်းကို ပြောင်းရွှေ့ကြေးအဖြစ် ပေးချေရမှာဖြစ်ကာ နောက်ထပ်ယူရို (၁၃)သန်းကိုတော့ ကစားသမားရဲ့ စွမ်း ဆောင်ရည်ပေါ် မူတည်ကာ ထပ်မံပေးသွားရမယ်လို့ သိရပါတယ်။ အနည်းဆုံး (၄)နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး ဒီလစ်ကို ရေရှည်အ သုံးပြုသွားဖို့ ဂျူဗင်တပ်စ်ဘက်ကလည်း ရည်ရွယ်နေခဲ့ပါတယ်။နည်းပြသစ်ဆာရီအတွက် ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ် မှာခြေစွမ်းပြနိုင် ခဲ့တဲ့ လူငယ်ခံစစ်မှူးကို ပိုင်ဆိုင်နိုင်တော့မှာဖြစ်ပြီး ရမ်ဆေး၊ ရာဘီယော့တို့လို ကစားသမားသစ်တွေနဲ့ အသင်းကိုတည်ဆောက် ခွင့် ရရှိ မှာလည်း ဖြစ်ပါတယ်။ ရွိုင်အိုလာနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ဂျူဗီက အသုံးချကာ ဒီလစ်ကို ခေါ်ယူနိုင်ခဲ့တာဖြစ်တယ်လို့လည်း သတင်း များ ထွက်ပေါ်နေခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *