နာပိုလီအသင္းကို ေျပာင္းေရႊ႕သြားခဲ့ျပီ ျဖစ္တဲ့ မာႏိုလက္စ္

Italy Serie A

နာပိုလီအသင္းကို ေျပာင္းေရႊ႕သြားခဲ့ျပီ ျဖစ္တဲ့ မာႏိုလက္စ္
——————————–

ရိုးမားေနာက္ခံလူ မာႏိုလက္စ္ဟာ ေရာမကလပ္မွာ (၅)ႏွစ္ၾကာ ကစားခဲ့ျပီးေနာက္ နာပိုလီအသင္းကို ေျပာင္းေရႊ႕သြားခဲ့ျပီ ျဖစ္ပါတယ္။ အသက္ (၂၈)ႏွစ္အရြယ္ ဂရိေနာက္ခံလူအတြက္ နာပိုလီက ေပါင္ (၃၂)သန္း ေပးေခ်ခဲ့ရတယ္လို႔ သိရျပီး အိုလံပီယာေကာ့စ္ ကစားသ မားေဟာင္း အတြက္ ရိုးမားက သူတို႔ေခၚယူစဥ္က ေပးခဲ့ရတဲ့ ေငြေၾကးထက္ (၃)ဆနီးပါး ျပန္လည္ရရွိခဲ့ပါတယ္။၂၀၁၄ ခုႏွစ္မွာ ရိုးမားက ေပါင္ (၁၃)သန္းနဲ႔ မာႏိုလက္စ္ကို ေခၚယူခဲ့တာျဖစ္ျပီး ကစားသမားက ျပိဳင္ပြဲစံုစုစုေပါင္း (၂၀၆)ပြဲအထိ ကစားေပးခဲ့ကာ သြင္းဂီုး (၈)ဂိုး ရ ယူေပးခဲ့ပါတယ္။ ရိုးမားအသင္းရဲ႕ အဓိကေနာက္ခံလူတစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရတဲ့ မာႏိုလက္စ္ဟာ ရိုးမားနဲ႔ဆုဖလားေအာင္ျမင္မႈ မရ ရွိခဲ့ေပမယ့္ ဂုဏ္ယူဖြယ္ရာမွတ္တမ္းေကာင္းတခ်ိဳ႕ကိုေတာ့ ပိုင္ဆိုင္ခဲ့ပါတယ္။

နာပိုလီက မာႏိုလက္စ္ကို တစ္ႏွစ္လုပ္ ယူရို (၃.၅)သန္းအထိ ေပးေခ်သြားမယ္လို႔ သိရျပီး လက္မွတ္ထုိးေၾကးအျဖစ္ ယူရို(၂)သန္းေပးေခ် ခဲ့ရတယ္လု႔ိ သိရပါတယ္။ အသင္းမွာ (၆)ႏွစ္ၾကာကစားခဲ့ျပီးေနာက္ ဗီလာရီးရဲလ္အသင္းကို ေျပာင္းေရႊ႕ေတာ့မယ့္ ရာအူးလ္အယ္ဘီယို ရဲ႕ ေနရာအတြက္ မာႏိုလက္စ္ကို နာပိုလီက အစားထိုးေခၚယူခဲ့တာ ျဖစ္ပါတယ္။မာနိုလက္စ္ရဲ႕ အေျပာင္းအေရႊ႕အတြက္ နာပိုလီကြင္း လယ္ လူ ဒီယာ၀ါရာကို ရိုးမားက ျပန္လည္ေခၚယူႏိုင္မွာျဖစ္တယ္လုိ႔ သိရျပီး အသင္းနွစ္သင္းၾကားမွာ ေျပာင္းေရႊ႕ေၾကးညွိႏိႈင္းေန တယ္ လုိ႔  သိရပါတယ္။ ဂြီနီယာလက္ေရြးစင္ကစားသမားဟာ လက္ရွိမွာ အာဖရိကဖလားပြဲသြားေရာက္ကစားေနျပီး ရိုးမား က ေခၚယူႏိုင္မွာ ေသခ်ာသေလာက္ျဖစ္ေနတယ္လုိ႔ သိရပါတယ္။

[unicode]

ရိုးမားနောက်ခံလူ မာနိုလက်စ်ဟာ ရောမကလပ်မှာ (၅)နှစ်ကြာ ကစားခဲ့ပြီးနောက် နာပိုလီအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် (၂၈)နှစ်အရွယ် ဂရိနောက်ခံလူအတွက် နာပိုလီက ပေါင် (၃၂)သန်း ပေးချေခဲ့ရတယ်လို့ သိရပြီး အိုလံပီယာကော့စ် ကစားသ မားဟောင်း အတွက် ရိုးမားက သူတို့ခေါ်ယူစဉ်က ပေးခဲ့ရတဲ့ ငွေကြေးထက် (၃)ဆနီးပါး ပြန်လည်ရရှိခဲ့ပါတယ်။၂၀၁၄ ခုနှစ်မှာ ရိုးမားက ပေါင် (၁၃)သန်းနဲ့ မာနိုလက်စ်ကို ခေါ်ယူခဲ့တာဖြစ်ပြီး ကစားသမားက ပြိုင်ပွဲစုံစုစုပေါင်း (၂၀၆)ပွဲအထိ ကစားပေးခဲ့ကာ သွင်းဂီုး (၈)ဂိုး ရ ယူပေးခဲ့ပါတယ်။ ရိုးမားအသင်းရဲ့ အဓိကနောက်ခံလူတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မာနိုလက်စ်ဟာ ရိုးမားနဲ့ဆုဖလားအောင်မြင်မှု မရ ရှိခဲ့ပေမယ့် ဂုဏ်ယူဖွယ်ရာမှတ်တမ်းကောင်းတချို့ကိုတော့ ပိုင်ဆိုင်ခဲ့ပါတယ်။နာပိုလီက မာနိုလက်စ်ကို တစ်နှစ်လုပ် ယူရို (၃.၅)သန်းအထိ ပေးချေသွားမယ်လို့ သိရပြီး လက်မှတ်ထိုးကြေးအဖြစ် ယူရို(၂)သန်းပေးချေ ခဲ့ရတယ်လု့ိ သိရပါတယ်။ အသင်းမှာ (၆)နှစ်ကြာကစားခဲ့ပြီးနောက် ဗီလာရီးရဲလ်အသင်းကို ပြောင်းရွှေ့တော့မယ့် ရာအူးလ်အယ်ဘီယို ရဲ့ နေရာအတွက် မာနိုလက်စ်ကို နာပိုလီက အစားထိုးခေါ်ယူခဲ့တာ ဖြစ်ပါတယ်။မာနိုလက်စ်ရဲ့ အပြောင်းအရွှေ့အတွက် နာပိုလီကွင်း လယ် လူ ဒီယာဝါရာကို ရိုးမားက ပြန်လည်ခေါ်ယူနိုင်မှာဖြစ်တယ်လို့ သိရပြီး အသင်းနှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေးညှိနှိုင်းနေ တယ် လို့ သိရပါတယ်။ ဂွီနီယာလက်ရွေးစင်ကစားသမားဟာ လက်ရှိမှာ အာဖရိကဖလားပွဲသွားရောက်ကစားနေပြီး ရိုးမား က ခေါ်ယူနိုင်မှာ သေချာသလောက်ဖြစ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *