မန္ယူ နဲ႔ ဂ်ဴဗီ မွာ ဂ်ဴဗင္တပ္စ္ကို ေရြးခ်ယ္ခဲ့ရျခင္းအေၾကာင္းကို ရာဘီေယာ့ ထုတ္ေဖာ္ေျပာၾကား

Italy Serie A

မန္ယူ နဲ႔ ဂ်ဴဗီ မွာ ဂ်ဴဗင္တပ္စ္ကို ေရြးခ်ယ္ခဲ့ရျခင္းအေၾကာင္းကို ရာဘီေယာ့ ထုတ္ေဖာ္ေျပာၾကား
—————————–

ပီအက္စ္ဂ်ီကေန ဂ်ဴဗင္တပ္စ္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့တဲ့ ကြင္းလယ္လူရာဘီေယာ့က မန္ယူ နဲ႔ ဂ်ဴဗီ မွာ ဂ်ဴဗီကို ေျပာင္းေရႊ႕ခဲ့ရတဲ့ အေၾကာင္းရင္းကို ရွင္းျပခဲ့ပါတယ္။ မေျပာင္းေရႊ႕ခင္ မန္ယူ နဲ႔ ဂ်ဴဗီကို ေရြးခ်ယ္မႈတစ္ခုျပဳလုပ္သြားမယ္လို႔ သတင္းေတြ ထြက္ေပၚထားခဲ့တဲ့ ရာဘီေယာ့ကို မန္ခ်က္စတာယူႏိုက္တက္အသင္း အပါအ၀င္ ဥေရာပကလပ္အသင္း ၾကီးေတြက စိတ္၀င္စားခဲ့ၾက ေပမယ့္ ကစားသမားကေတာ့ တူရင္ကိုေျပာင္းေရႊ႕ဖို႔သာ ေရြးခ်ယ္ခဲ့ပါတယ္။အိုးထရက္ဖို႔ဒ္ကို ေရာက္ ရွိ မယ္လုိ႔လည္း သတင္းေတြ ထြက္ေနခဲ့ေပမယ့္ အဆံုးသတ္မွာ ရာဘီေယာ့က ဂ်ဴဗီကိုသာ ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္မွာ ေရာ္နယ္ဒိုျပီးေနာက္ လုပ္ခ လ စာ အ မ်ား ဆံုး ရကစားသမားအျဖစ္ ရာဘီေယာ့က တစ္ႏွစ္ကို ယူရို (၉)သန္းအထိခံစားခြင့္ရရွိမွာလည္း ျဖစ္ တယ္လို႔ သိရပါ တယ္။ “ ျပီးခဲ့ တဲ့ လအနည္းငယ္ကေတာ့ ေဘာလံုးအတြက္ေရာ၊ ကိုယ္ေရးကိုယ္တာအတြက္ပါ တကယ္စိတ္ရႈပ္ခဲ့ရပါ တယ္။

ဒါေပမယ့္ ဒီေန႔မွာေတာ့ အားလံုးကို ခ်န္ထားခဲ့ျပီး ကၽြန္ေတာ့္အတြက္ စြန္႔စားခန္းအသစ္တစ္ခုကို စတင္ႏိုင္ခဲ့ပါျပီ၊ အခ်ိန္တိုအတြင္းမွာ အားလံုးျဖစ္ေပၚလာခဲ့ျပီး ကၽြန္ေတာ္တို႔ရဲ႕ သေဘာတူညီမႈက လ်င္လ်င္ျမန္ျမန္နဲ႔ ျပီးဆံုးခဲ့ပါတယ္”“ ဂ်ဴဗီက သမိုင္းေၾကာင္းေကာငး္တ့ဲ အသင္းျဖစ္ျပီး ျပင္သစ္ကစားသမားေကာင္းတခ်ိဳ႕ ရွိေနပါတယ္၊ အသင္းအတြက္ တစ္ခုခုလုပ္ျပႏိုင္ဖို႔လည္း ကၽြန္ေတာ္ေမွ်ာ္လင့္ပါတယ္၊ ဂ်ဴဗီက ၾကီးက်ယ္ခမ္းနားတဲ့အသင္းတစ္သင္းပါ၊ တန္ဖိုးၾကီးမားတဲ့ သမိုင္းအစဥ္အလာေတြလည္း အမ်ားၾကိးရွိျပီး ကၽြန္ေတာ့္အတြက္ ပီအက္စ္ဂ်ီကထြက္ခြာျပီး ေနာက္အဆင့္တစ္ခုကို တက္ေရာက္ႏိုင္ဖို႔ ျဖစ္ပါတယ္”“ ဘတ္္ဖြန္ကလည္း ဂ်ဴဗီအေၾကာင္းကို အမ်ားၾကီးေျပာ ျပခဲ့ပါတယ္၊ ကၽြန္ေတာ့္ကစားသမားဘ၀ ေနာက္တဆင့္တက္ဖို႔ ဂ်ဴဗီကိုေျပာင္းေရႊ႕တာ အေကာင္းဆံုးလို႔ သူက ေျပာခဲ့ပါတယ္” လို႔ ရာဘီ ေယာ့က သူေရြးခ်ယ္ခဲ့ရတဲ့ အေၾကာင္းရင္းကို ေျပာျပခဲ့ပါတယ္။

[unicode]

ပီအက်စ်ဂျီကနေ ဂျူဗင်တပ်စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူရာဘီယော့က မန်ယူ နဲ့ ဂျူဗီ မှာ ဂျူဗီကို ပြောင်းရွှေ့ခဲ့ရတဲ့ အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။ မပြောင်းရွှေ့ခင် မန်ယူ နဲ့ ဂျူဗီကို ရွေးချယ်မှုတစ်ခုပြုလုပ်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်ထားခဲ့တဲ့ ရာဘီယော့ကို မန်ချက်စတာယူနိုက်တက်အသင်း အပါအဝင် ဥရောပကလပ်အသင်း ကြီးတွေက စိတ်ဝင်စားခဲ့ကြ ပေမယ့် ကစားသမားကတော့ တူရင်ကိုပြောင်းရွှေ့ဖို့သာ ရွေးချယ်ခဲ့ပါတယ်။အိုးထရက်ဖို့ဒ်ကို ရောက် ရှိ မယ်လို့လည်း သတင်းတွေ ထွက်နေခဲ့ပေမယ့် အဆုံးသတ်မှာ ရာဘီယော့က ဂျူဗီကိုသာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်မှာ ရော်နယ်ဒိုပြီးနောက် လုပ်ခ လ စာ အ များ ဆုံး ရကစားသမားအဖြစ် ရာဘီယော့က တစ်နှစ်ကို ယူရို (၉)သန်းအထိခံစားခွင့်ရရှိမှာလည်း ဖြစ် တယ်လို့ သိရပါ တယ်။ “ ပြီးခဲ့ တဲ့ လအနည်းငယ်ကတော့ ဘောလုံးအတွက်ရော၊ ကိုယ်ရေးကိုယ်တာအတွက်ပါ တကယ်စိတ်ရှုပ်ခဲ့ရပါ တယ်။ဒါပေမယ့် ဒီနေ့မှာတော့ အားလုံးကို ချန်ထားခဲ့ပြီး ကျွန်တော့်အတွက် စွန့်စားခန်းအသစ်တစ်ခုကို စတင်နိုင်ခဲ့ပါပြီ၊ အချိန်တိုအတွင်းမှာ အားလုံးဖြစ်ပေါ်လာခဲ့ပြီး ကျွန်တော်တို့ရဲ့ သဘောတူညီမှုက လျင်လျင်မြန်မြန်နဲ့ ပြီးဆုံးခဲ့ပါတယ်”“ ဂျူဗီက သမိုင်းကြောင်းကောင်းတဲ့ အသင်းဖြစ်ပြီး ပြင်သစ်ကစားသမားကောင်းတချို့ ရှိနေပါတယ်၊ အသင်းအတွက် တစ်ခုခုလုပ်ပြနိုင်ဖို့လည်း ကျွန်တော်မျှော်လင့်ပါတယ်၊ ဂျူဗီက ကြီးကျယ်ခမ်းနားတဲ့အသင်းတစ်သင်းပါ၊ တန်ဖိုးကြီးမားတဲ့ သမိုင်းအစဉ်အလာတွေလည်း အများကြိးရှိပြီး ကျွန်တော့်အတွက် ပီအက်စ်ဂျီကထွက်ခွာပြီး နောက်အဆင့်တစ်ခုကို တက်ရောက်နိုင်ဖို့ ဖြစ်ပါတယ်”“ ဘတ်ဖွန်ကလည်း ဂျူဗီအကြောင်းကို အများကြီးပြော ပြခဲ့ပါတယ်၊ ကျွန်တော့်ကစားသမားဘ၀ နောက်တဆင့်တက်ဖို့ ဂျူဗီကိုပြောင်းရွှေ့တာ အကောင်းဆုံးလို့ သူက ပြောခဲ့ပါတယ်” လို့ ရာဘီ ယော့က သူရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းကို ပြောပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *