နာပိုလီအသင္း ကို အၿပီးသတ္ေျပာင္းေရႊ႕ခဲ့ၿပီျဖစ္တဲ့ အာဆင္နယ္ ဂိုးသားမား ေဒးဗစ္ ေအာ့စ္ပီနာ
—————————————
နာပိုလီအသင္းမွာ အငွားနဲ႔သြားေရာက္ကစားေနခဲ့တဲ့ အာဆင္နယ္အသင္း ဂိုးသမားျဖစ္သူ ေအာ့စ္ပီနာကေတာ့ ေပါင္ (၃.၁) သန္းနဲ႔အ တူ အၿပီးသတ္ေျပာင္းေရႊ႕ဖို႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီလို႔ဆိုပါတယ္။အာဆင္နယ္အသင္းကေန ထြက္ခြာၿပီးအၿပီးသတ္အသင္းေျပာင္းေရႊ႕ႏိုင္ခဲ့တဲ့ ေအာ့စ္ပီနာကို အီတလီေျမမွာအဆင္ေျပေစဖို႔အတြက္ အသင္းကေန ဆုေတာင္းစကားဆိုခဲ့ပါတယ္။“ ႏိုက္စ္အသင္းနဲ႔တူ လီဂူးမွာ (၆) ရာသီျဖတ္သန္းခဲ့ၿပီး (၂၀၁၄) ခုႏွစ္မွာအသင္းထံကိုေရာက္ရွိခဲ့တဲ့ ေဒးဗစ္ဟာအသင္းအတြက္ ပြဲေပါင္း (၇၀) ေက်ာ္ကစားခဲ့ပါတယ္။
(၂၀၁၅) ခုႏွစ္ အက္စတြန္ဗီလာအသင္းကို အႏိုင္ယူခဲ့တဲ့ FA ဖလားဗိုလ္လုပြဲစဥ္ နဲ႔ ခ်ဲလ္္ဆီးအသင္းကို အႏိုင္ယူခဲ့တဲ့ (၂၀၁၇) FA ဖလား ဗိုလ္လုပြဲစဥ္ေတြမွာအသင္းရဲ႕ ဂိုးသမားအျဖစ္ပြဲထြက္ခဲ့သူတစ္ဦးပါ။ႏိုင္ငံအသင္းအတြက္လည္း (၂၀၁၄) နဲ႔ (၂၀၁၈) ကမာၻ႕ဖလားေတြမွာ လက္စြမ္းျပသခဲ့သူတစ္ဦးျဖစ္ၿပီး ကိုလံဘီယာအသင္းရဲ႕ ပြဲထြက္အမ်ားဆံုးဂိုးသမားအျဖစ္ ေဒးဗစ္ရပ္တည္ေနပါတယ္။သူအသင္းမွာ အ တူ ရွိခဲ့တဲ့အခ်ိန္ေတြအတြက္ ေက်းဇူးတင္ပါတယ္အသင္းသားေတြအားလံုးက သူေရွ႕ွဆက္မယ့္အနာဂတ္မွာ ေအာင္ျမင္မႈေတြပိုင္ဆိုင္ႏိုင္ ပါေစ လို႔ဆုေတာင္းပါတယ္” ဆိုၿပီး အာဆင္နယ္အသင္းက ေဖာ္ျပသြားခဲ့ပါတယ္။ပီတာခ်က္ အနားယူသြားခဲ့ခ်ိန္မွာ အသင္းရဲ႕အဓိက ဂိုး သမား အျဖစ္ လီႏိုတစ္ဦးတည္းသာ ရွိေတာ့တာေၾကာင့္အသင္းထံတစ္ေက်ာ့ျပန္ဖို႔ကို ေအာ့စ္ပီနာ ဆံုးျဖတ္ခဲ့ေသးေပမယ့္ နာပိုလီအ သင္း က သူ႔ကိုအၿပီးသတ္စာခ်ုပ္ခ်ဳပ္ဆိုၿပီးေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။
[unicode]
နာပိုလီအသင်းမှာ အငှားနဲ့သွားရောက်ကစားနေခဲ့တဲ့ အာဆင်နယ်အသင်း ဂိုးသမားဖြစ်သူ အော့စ်ပီနာကတော့ ပေါင် (၃.၁) သန်းနဲ့အ တူ အပြီးသတ်ပြောင်းရွှေ့ဖို့ စာချုပ်ချုပ်ဆိုခဲ့ပြီလို့ဆိုပါတယ်။အာဆင်နယ်အသင်းကနေ ထွက်ခွာပြီးအပြီးသတ်အသင်းပြောင်းရွှေ့နိုင်ခဲ့တဲ့ အော့စ်ပီနာကို အီတလီမြေမှာအဆင်ပြေစေဖို့အတွက် အသင်းကနေ ဆုတောင်းစကားဆိုခဲ့ပါတယ်။“ နိုက်စ်အသင်းနဲ့တူ လီဂူးမှာ (၆) ရာသီဖြတ်သန်းခဲ့ပြီး (၂၀၁၄) ခုနှစ်မှာအသင်းထံကိုရောက်ရှိခဲ့တဲ့ ဒေးဗစ်ဟာအသင်းအတွက် ပွဲပေါင်း (၇၀) ကျော်ကစားခဲ့ပါတယ်။(၂၀၁၅) ခုနှစ် အက်စတွန်ဗီလာအသင်းကို အနိုင်ယူခဲ့တဲ့ FA ဖလားဗိုလ်လုပွဲစဉ် နဲ့ ချဲလ်ဆီးအသင်းကို အနိုင်ယူခဲ့တဲ့ (၂၀၁၇) FA ဖလား ဗိုလ်လုပွဲစဉ်တွေမှာအသင်းရဲ့ ဂိုးသမားအဖြစ်ပွဲထွက်ခဲ့သူတစ်ဦးပါ။နိုင်ငံအသင်းအတွက်လည်း (၂၀၁၄) နဲ့ (၂၀၁၈) ကမ္ဘာ့ဖလားတွေမှာ လက်စွမ်းပြသခဲ့သူတစ်ဦးဖြစ်ပြီး ကိုလံဘီယာအသင်းရဲ့ ပွဲထွက်အများဆုံးဂိုးသမားအဖြစ် ဒေးဗစ်ရပ်တည်နေပါတယ်။သူအသင်းမှာ အ တူ ရှိခဲ့တဲ့အချိန်တွေအတွက် ကျေးဇူးတင်ပါတယ်အသင်းသားတွေအားလုံးက သူရှှေ့ဆက်မယ့်အနာဂတ်မှာ အောင်မြင်မှုတွေပိုင်ဆိုင်နိုင် ပါစေ လို့ဆုတောင်းပါတယ်” ဆိုပြီး အာဆင်နယ်အသင်းက ဖော်ပြသွားခဲ့ပါတယ်။ပီတာချက် အနားယူသွားခဲ့ချိန်မှာ အသင်းရဲ့အဓိက ဂိုး သမား အဖြစ် လီနိုတစ်ဦးတည်းသာ ရှိတော့တာကြောင့်အသင်းထံတစ်ကျော့ပြန်ဖို့ကို အော့စ်ပီနာ ဆုံးဖြတ်ခဲ့သေးပေမယ့် နာပိုလီအ သင်း က သူ့ကိုအပြီးသတ်စာချုပ်ချုပ်ဆိုပြီးခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။