နီမန္ဂ်ာမာတစ္ အတြက္ ကစားသမားတစ္ေယာက္ အလိုက္ေပး ကမ္းလွမ္းသြားတဲ့ အင္တာမီလန္

Italy Serie A

နီမန္ဂ်ာမာတစ္ အတြက္ ကစားသမားတစ္ေယာက္ အလိုက္ေပး ကမ္းလွမ္းသြားတဲ့ အင္တာမီလန္
————————-

ယူႏိုက္တက္ကြင္းလယ္ကစားသမား နီမန္ဂ်ာမာတစ္ကို အင္တာမီလန္အသင္းက ယူရို (၁၀)သန္းအျပင္ ကြင္းလယ္လူႏိုင္ဂိုလန္နဲ႔ အ လိုက္ေပးကမ္းလွမ္းမႈျပဳလုပ္သြားခဲ့တယ္လုိ႔ ESPN က ေဖာ္ျပခဲ့ပါတယ္။ ဆိုးလ္ရွားနဲ႔ မာတစ္တို႔ဟာ အနာဂတ္အတြက္ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ျပီးေနာက္ မာတစ္က ယူႏိုက္တက္ကထြက္ခြာခ်င္ေနတယ္လုိ႔ သိရပါတယ္။မာတစ္ရဲ႕အေျခအေနကို အင္တာမီလန္ နဲ႔ ေအစီမီ လန္တို႔က ေစာင့္ၾကည့္ေနခဲ့တာျဖစ္ျပီး အင္တာမီလန္က အရင္ဦးဆံုးကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္မွာ ေမာ္ရင္ဟိုရဲ႕ ေခၚယူမႈ နဲ႔အတူ ခ်ယ္လ္ဆီးကေန ယူႏိုက္တက္ကို ေရာက္ရွိလာခဲ့တဲ့ မာတစ္ဟာ အသင္းရဲ႕အဓိကကြင္းလယ္လူတစ္ဦးအျဖစ္ ေျခစြမ္းျပ ကစား ႏိုင္ခဲ့ပါတယ္။

ကြင္းလယ္အဖ်က္ကစားသမားတစ္ဦးအျဖစ္ မာတစ္က ေျခစြမ္းျပႏိုင္ခဲ့ကာ အသင္းကြင္းလယ္ပိုင္းကို ဦးေဆာင္ေပးႏိုင္ခဲ့ပါတယ္။ ဒါေပ မယ့္လည္း အသက္အရြယ္ေၾကာင့္ ျပီးခဲ့တဲ့ရာသီမွာ မာတစ္ရဲ႕ေျခစြမ္းက က်ဆင္းလာခဲ့ျပီး ဆိုးလ္းရွားကလည္း လူငယ္ကစားသ မား ေတြနဲ႔အသင္းကိုအားျပဳတည္ေဆာက္ခ်င္တာမို႔ မာတစ္ရဲ႕ အနာဂတ္က မေသမခ်ာျဖစ္လာခဲ့တာျဖစ္ပါတယ္။ႏိုင္ဂိုလန္ကေတာ့ ၂၀၁၇ ခုႏွစ္မွာ ရိုးမားကေန အင္တာမီလန္ကို ယူရို (၄၅)သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့သူျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယံလက္ေရြးစင္ေဟာင္းဟာ ကြင္းလယ္ မွာ မာမာထန္ထန္ကစားႏိုင္သူျဖစ္ျပီး ျပင္းထန္အားပါတဲ့ကန္သြင္းခ်က္ေတြနဲ႔ ဂိုးရယူေလ့ရွိသူလည္းျဖစ္ပါတယ္။ ယူႏိုက္တက္ဘက္ က ေတာ့ အင္တာမီလန္ရဲ႕ကမ္းလွမ္းမႈအေပၚမွာ တစ္စံုတစ္ရာတံု႔ျပန္မႈမရွိေသးဘူးလို႔ သိရပါတယ္။

[unicode]

ယူနိုက်တက်ကွင်းလယ်ကစားသမား နီမန်ဂျာမာတစ်ကို အင်တာမီလန်အသင်းက ယူရို (၁၀)သန်းအပြင် ကွင်းလယ်လူနိုင်ဂိုလန်နဲ့ အ လိုက်ပေးကမ်းလှမ်းမှုပြုလုပ်သွားခဲ့တယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။ ဆိုးလ်ရှားနဲ့ မာတစ်တို့ဟာ အနာဂတ်အတွက်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် မာတစ်က ယူနိုက်တက်ကထွက်ခွာချင်နေတယ်လို့ သိရပါတယ်။မာတစ်ရဲ့အခြေအနေကို အင်တာမီလန် နဲ့ အေစီမီ လန်တို့က စောင့်ကြည့်နေခဲ့တာဖြစ်ပြီး အင်တာမီလန်က အရင်ဦးဆုံးကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ မော်ရင်ဟိုရဲ့ ခေါ်ယူမှု နဲ့အတူ ချယ်လ်ဆီးကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ မာတစ်ဟာ အသင်းရဲ့အဓိကကွင်းလယ်လူတစ်ဦးအဖြစ် ခြေစွမ်းပြ ကစား နိုင်ခဲ့ပါတယ်။ကွင်းလယ်အဖျက်ကစားသမားတစ်ဦးအဖြစ် မာတစ်က ခြေစွမ်းပြနိုင်ခဲ့ကာ အသင်းကွင်းလယ်ပိုင်းကို ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေ မယ့်လည်း အသက်အရွယ်ကြောင့် ပြီးခဲ့တဲ့ရာသီမှာ မာတစ်ရဲ့ခြေစွမ်းက ကျဆင်းလာခဲ့ပြီး ဆိုးလ်းရှားကလည်း လူငယ်ကစားသ မား တွေနဲ့အသင်းကိုအားပြုတည်ဆောက်ချင်တာမို့ မာတစ်ရဲ့ အနာဂတ်က မသေမချာဖြစ်လာခဲ့တာဖြစ်ပါတယ်။နိုင်ဂိုလန်ကတော့ ၂၀၁၇ ခုနှစ်မှာ ရိုးမားကနေ အင်တာမီလန်ကို ယူရို (၄၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်ဟောင်းဟာ ကွင်းလယ် မှာ မာမာထန်ထန်ကစားနိုင်သူဖြစ်ပြီး ပြင်းထန်အားပါတဲ့ကန်သွင်းချက်တွေနဲ့ ဂိုးရယူလေ့ရှိသူလည်းဖြစ်ပါတယ်။ ယူနိုက်တက်ဘက် က တော့ အင်တာမီလန်ရဲ့ကမ်းလှမ်းမှုအပေါ်မှာ တစ်စုံတစ်ရာတုံ့ပြန်မှုမရှိသေးဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *