ေပါ့ဂ္ဘာ ဟာ ေလးစားမႈေတြနဲ႔ ထိုက္ တန္တဲ့ကစားသမားျဖစ္ေၾကာင္းရြိဳင္အိုလာ ကာကြယ္ေျပာၾကား

Premier League

ေပါ့ဂ္ဘာ ဟာ ေလးစားမႈေတြနဲ႔ ထိုက္ တန္တဲ့ကစားသမားျဖစ္ေၾကာင္းရြိဳင္အိုလာ ကာကြယ္ေျပာၾကား
———————-
ေပါ့ဂ္ဘာအေနနဲ႔ ေလးစားမႈေတြနဲ႔ ထိုက္တန္တယ္လို႔ ကစားသမားရဲ႕ေအးဂ်င့္ရြိဳင္အိုလာက ေျပာဆိုလိုက္ျပီး သူ႔ကစားသမားအေပၚ ေ၀ ဖန္ေနမႈေတြကို ျပန္လည္ျပစ္တင္သြားခဲ့ပါတယ္။ ေပါ့ဂ္ဘာဟာ ယူႏိုက္တက္နဲ႔အတူ ရာသီၾကိဳေျခစမ္းပြဲခရီးစဥ္ကို လိုက္ပါသြားခဲ့ျပီး ယူ ႏိုက္ တက္ ေန ထြက္ခြာဖို႔စဥ္းစားေနတယ္လို႔ ၀န္ခံထားသူျဖစ္ပါတယ္။ရြိဳင္အိုလာကလည္း သူ႔ကစားသမား ဟာ အုိးထရက္ဖို႔ဒ္ ကထြက္ ခြာခ်င္ေနတယ္လို႔ အတည္ျပဳထားျပီး အေျပာင္းအေရႊ႕အတြက္ စီ စဥ္ေနတယ္လို႔ ေျပာခဲ့ပါတယ္။ သူ႔ရဲ႕ကစာသမားဟာ ယူႏုိက္တက္မွာ ဘယ္လိုအမွားအယြင္း ကိုမွ မျပဳလုပ္ခဲ့ဘူးလို႔ ရြိဳင္အိုလာက အခိုင္အမာဆိုခဲ့ျပီး ပေရာ္ဖက္ရွင္နယ္ပီသတဲ့ ကစားသမား တစ္ ဦးျဖစ္တယ္ လို႔ လည္း ေျပာခဲ့ပါတယ္။

“ သူ ဘာအမွားမွမလုပ္ခဲ့ပါဘူး၊ သူကအျမဲတမ္းေလးစားမႈအျပည့္အ၀ရွိသူျဖစ္ျပီး ပရိုဆန္ခဲ့ သူ ပါ၊ သူဘယ္လိုခံစားခ်က္ရွိလဲဆိုတာကို ယူႏိုက္တက္က သိပါတယ္၊ မွန္ကန္တဲ့သ တင္း အခ်က္ အလက္ေတြနဲ႔ ေ၀းကြာျပီး သူ႔အေပၚေ၀ဖန္ေနၾကတာက တကယ္၀မ္းနည္းစ ရာ ပါ၊ ကၽြန္ေတာ္ လည္း စိတ္မေကာင္းျဖစ္ရပါတယ္၊ မၾကာခင္မွာ အားလံုးစိတ္ေက်နပ္မႈရရွိလာ လိမ့္ မယ္လုိ႔ ကၽြန္ေတာ္ေမွ်ာ္လင့္ပါ တယ္”  လို႔ ရြိဳင္အိုလာက talkSPORTS နဲ႔ေတြ႕ဆံုမႈမွာ ေျပာဆိုခဲ့ ပါ တယ္။ေပါ့ဂ္ဘာကေတာ့ ၾသစေၾတးလ်ခရီးစဥ္မွာလည္း အသင္းေဖာ္လင္ ဂတ္ နဲ႔ ျပ သနာျဖစ္ ပြား ခဲ့တယ္လို႔ သတင္းေတြထြက္ေပၚေနခဲ့ပါတယ္။ ယူႏိုက္တက္ကေတာ့ ၾသစေၾတးလ်မွာ ေျခ စမ္း ပြဲ (၂)ပြဲကစား ၿပီးနာက္မွာ စင္ကာပူကို ဆက္လက္ထြက္ခြာမွာျဖစ္ျပီး အင္တာမီလန္နဲ႔ ICC ျပိဳင္ ပြဲကို ကစားသြားဖို႔ ရွိေနပါတယ္။

[unicode]

ပေါ့ဂ်ဘာအနေနဲ့ လေးစားမှုတွေနဲ့ ထိုက်တန်တယ်လို့ ကစားသမားရဲ့အေးဂျင့်ရွိုင်အိုလာက ပြောဆိုလိုက်ပြီး သူ့ကစားသမားအပေါ် ေ၀ ဖန်နေမှုတွေကို ပြန်လည်ပြစ်တင်သွားခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ ယူနိုက်တက်နဲ့အတူ ရာသီကြိုခြေစမ်းပွဲခရီးစဉ်ကို လိုက်ပါသွားခဲ့ပြီး ယူ နိုက် တက် နေ ထွက်ခွာဖို့စဉ်းစားနေတယ်လို့ ဝန်ခံထားသူဖြစ်ပါတယ်။ရွိုင်အိုလာကလည်း သူ့ကစားသမား ဟာ အိုးထရက်ဖို့ဒ် ကထွက် ခွာချင်နေတယ်လို့ အတည်ပြုထားပြီး အပြောင်းအရွှေ့အတွက် စီ စဉ်နေတယ်လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ကစာသမားဟာ ယူနိုက်တက်မှာ ဘယ်လိုအမှားအယွင်း ကိုမှ မပြုလုပ်ခဲ့ဘူးလို့ ရွိုင်အိုလာက အခိုင်အမာဆိုခဲ့ပြီး ပရော်ဖက်ရှင်နယ်ပီသတဲ့ ကစားသမား တစ် ဦးဖြစ်တယ် လို့ လည်း ပြောခဲ့ပါတယ်။“ သူ ဘာအမှားမှမလုပ်ခဲ့ပါဘူး၊ သူကအမြဲတမ်းလေးစားမှုအပြည့်အဝရှိသူဖြစ်ပြီး ပရိုဆန်ခဲ့ သူ ပါ၊ သူဘယ်လိုခံစားချက်ရှိလဲဆိုတာကို ယူနိုက်တက်က သိပါတယ်၊ မှန်ကန်တဲ့သ တင်း အချက် အလက်တွေနဲ့ ဝေးကွာပြီး သူ့အပေါ်ဝေဖန်နေကြတာက တကယ်ဝမ်းနည်းစ ရာ ပါ၊ ကျွန်တော် လည်း စိတ်မကောင်းဖြစ်ရပါတယ်၊ မကြာခင်မှာ အားလုံးစိတ်ကျေနပ်မှုရရှိလာ လိမ့် မယ်လို့ ကျွန်တော်မျှော်လင့်ပါ တယ်” လို့ ရွိုင်အိုလာက talkSPORTS နဲ့တွေ့ဆုံမှုမှာ ပြောဆိုခဲ့ ပါ တယ်။ပေါ့ဂ်ဘာကတော့ သြစတြေးလျခရီးစဉ်မှာလည်း အသင်းဖော်လင် ဂတ် နဲ့ ပြ သနာဖြစ် ပွား ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ ယူနိုက်တက်ကတော့ သြစတြေးလျမှာ ခြေ စမ်း ပွဲ (၂)ပွဲကစား ပြီးနာက်မှာ စင်ကာပူကို ဆက်လက်ထွက်ခွာမှာဖြစ်ပြီး အင်တာမီလန်နဲ့ ICC ပြိုင် ပွဲကို ကစားသွားဖို့ ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *