ရီးရဲလ္မက္ဒရစ္ တိုက္စစ္မွဴးကို ကမ္းလွမ္းမႈေတြျပဳလုပ္လိုက္တဲ့ အာဆင္နယ္

Premier League

ရီးရဲလ္မက္ဒရစ္ တိုက္စစ္မွဴးကို ကမ္းလွမ္းမႈေတြျပဳလုပ္လိုက္တဲ့ အာဆင္နယ္
—————————-

ရီးရဲလ္မက္ဒရစ္တိုက္စစ္မွဴးမာရီယာႏိုဒီယက္ဇ္ကို ေခၚယူဖို႔အတြက္ အာဆင္နယ္အသင္းက ကမ္းလွမ္းမႈေတြျပဳလုပ္ခဲ့တယ္လို႔ သိရပါ တယ္။ ဒီယက္ဇ္အတြက္ အာဆင္နယ္က ေပါင္(၁၈)သန္းနဲ႔ ကမ္းလွမ္းခဲ့တာျဖစ္ျပီး အာဆင္နယ္နည္းျပအမ္မရီက အကန္႔အသတ္နဲ႔သာ အသံုးျပဳခြင့္ရထားတဲ့ၾကားကေန သူ႔လူစာရင္းကိုေတာင့္တင္းေအာင္ ၾကိဳးစားေနတာလည္း ျဖစ္ပါတယ္။အာဆင္နယ္အေနနဲ႔ ဒီေႏြရာ သီ မွာ ဒီယက္ဇ္ကို ေပါင္ (၁၈)သန္းတည္းနဲ႔ ေခၚယူဖိ႔ုအခြင့္အေရးကို ရရွိခဲ့တာလည္းျဖစ္ပါတယ္။ ျပီးခဲ့တဲ့ရာသီမွာ လိုင္ယြန္ကေန အသင္း ေဟာင္းရီးရဲလ္ကို ျပန္လည္ေျပာင္းေရႊ႕ခဲ့တဲ့ ဒီယက္ဇ္ကလည္း ဘာေနဗ်ဴးမွာ ပံုမွန္ကစားခြင့္ေပ်ာက္ဆံုးေနခဲ့လို႔ အသင္းေျပာင္းေရႊ႕ခ်င္ ေနျပီး ဒုတိယအၾကိမ္ဘာေနဗ်ဴးကို စြန္႔ခြာဖို႔ ၾကံစည္ေနပါတယ္။

အာဆင္နယ္တိုက္စစ္မွာ လာကာဇက္နဲ႔ေအာ္ဘာမီယန္တို႔ရွိေနေပမယ့္ အသင္းကေနအလြတ္ထြက္ခြာသြားခဲ့ တဲ့တုိက္စစ္မွဴး၀ဲလ္ ဘက္ ခ္ရဲ႕ေနရာကို ျပန္လည္ျဖည့္တင္းဖို႔ ဒီယက္ဇ္ကို ၾကိဳးစားလာတာလည္းျဖစ္ပါတယ္။ ဒီယက္ဇ္အေနနဲ႔လည္း ဟာဇက္၊ လူကာဂ်ိဳဗစ္တို႔ ရီး ရဲလ္ကို ေရာက္ရွိလာခဲ့လို႔ သူ႔အတြက္ပြဲကစားခြင့္ရရွိဖို႔ ေမွ်ာ္လင့္ခ်က္ကနည္းပါးသထက္နည္းပါးလာခဲ့ပါတယ္။ျပီးခဲ့တဲ့ရာသီမွာ ရီးရဲလ္ အတြက္ လာလီဂါပြဲ (၁၃)ပြဲသာကစားေပးခဲ့ရျပီး (၃)ဂိုးအထိ ဒီယက္ဇ္ကသြင္းယူေပးႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ဘန္ဇီမာရဲ႕ေနာက္ မွာသာ ဦးစားေပးတိုက္စစ္မွဴးအျဖစ္ပြဲထြက္ခဲ့ရျပီး ဇီဒန္းရဲ႕ယံုၾကည္မႈကိုမရရွိခဲ့တဲ့အတြက္ ဒီယက္ဇ္ကစိတ္ပ်က္ေနျပီး အသင္းျပန္လည္ ေျပာင္းေရႊ႕ ဖို႔ ဆႏၵရွိေနတယ္လုိ႔ သိရပါတယ္။

[unicode]

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးမာရီယာနိုဒီယက်ဇ်ကို ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းက ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါ တယ်။ ဒီယက်ဇ်အတွက် အာဆင်နယ်က ပေါင်(၁၈)သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အာဆင်နယ်နည်းပြအမ်မရီက အကန့်အသတ်နဲ့သာ အသုံးပြုခွင့်ရထားတဲ့ကြားကနေ သူ့လူစာရင်းကိုတောင့်တင်းအောင် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။အာဆင်နယ်အနေနဲ့ ဒီနွေရာ သီ မှာ ဒီယက်ဇ်ကို ပေါင် (၁၈)သန်းတည်းနဲ့ ခေါ်ယူဖိ့ုအခွင့်အရေးကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ လိုင်ယွန်ကနေ အသင်း ဟောင်းရီးရဲလ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့တဲ့ ဒီယက်ဇ်ကလည်း ဘာနေဗျူးမှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေခဲ့လို့ အသင်းပြောင်းရွှေ့ချင် နေပြီး ဒုတိယအကြိမ်ဘာနေဗျူးကို စွန့်ခွာဖို့ ကြံစည်နေပါတယ်။အာဆင်နယ်တိုက်စစ်မှာ လာကာဇက်နဲ့အော်ဘာမီယန်တို့ရှိနေပေမယ့် အသင်းကနေအလွတ်ထွက်ခွာသွားခဲ့ တဲ့တိုက်စစ်မှူးဝဲလ် ဘက် ခ်ရဲ့နေရာကို ပြန်လည်ဖြည့်တင်းဖို့ ဒီယက်ဇ်ကို ကြိုးစားလာတာလည်းဖြစ်ပါတယ်။ ဒီယက်ဇ်အနေနဲ့လည်း ဟာဇက်၊ လူကာဂျိုဗစ်တို့ ရီး ရဲလ်ကို ရောက်ရှိလာခဲ့လို့ သူ့အတွက်ပွဲကစားခွင့်ရရှိဖို့ မျှော်လင့်ချက်ကနည်းပါးသထက်နည်းပါးလာခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီမှာ ရီးရဲလ် အတွက် လာလီဂါပွဲ (၁၃)ပွဲသာကစားပေးခဲ့ရပြီး (၃)ဂိုးအထိ ဒီယက်ဇ်ကသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘန်ဇီမာရဲ့နောက် မှာသာ ဦးစားပေးတိုက်စစ်မှူးအဖြစ်ပွဲထွက်ခဲ့ရပြီး ဇီဒန်းရဲ့ယုံကြည်မှုကိုမရရှိခဲ့တဲ့အတွက် ဒီယက်ဇ်ကစိတ်ပျက်နေပြီး အသင်းပြန်လည် ပြောင်းရွှေ့ ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *