ဂိုးေတြသြင္းျပေနမွ၊ ဖန္တီးျပေနမွ အာရံုစိုက္မႈပိုရေလ့ရွိတဲ့ ဘလြန္းဒီေအာဆု ကို ဂိုးသမားတစ္ေယာက္အေနနဲ႔ အယ္လစ္ဆန္ လည္း ထိုက္တန္ေနပါၿပီ

Premier League

ဂိုးေတြသြင္းျပေနမွ၊ ဖန္တီးျပေနမွ အာရံုစိုက္မႈပိုရေလ့ရွိတဲ့ ဘလြန္းဒီေအာဆု ကို ဂိုးသမားတစ္ေယာက္အေနနဲ႔ အယ္လစ္ဆန္ လည္း ထိုက္တန္ေနပါၿပီ
——————————

ဘရာဇီးလ္နဲ႔လီဗာပူးလ္ဂိုးသမား အယ္လစ္ဆန္က ဘလြန္းဒီေအာဆုနဲ႔ ထိုက္တန္ေနျပီဆုိတာကေတာ့ အမွန္တရားပါပဲ။ ဘလြန္းဒီေအာ ဆု အတြက္ ေရပန္းစားေနတဲ့ ကစားသမားစာရင္းမွာ အယ္လစ္ဆန္ပါ၀င္ခဲ့ျခင္းမရွိခဲ့ပါဘူး။ဒါေပမယ့္ အယ္လစ္ဆန္က သူ႔အေနနဲ႔ ဒီဆုနဲ႔ ထိုက္တန္ေၾကာင္းကို သက္ေသၾကီးၾကီးမားမားျပသထားခဲ့ပါတယ္။ ဘရာဇီးလ္နဲ႔အတူ ကိုပါအေမရိကဖလားကို ဆြတ္ခူးႏိုင္ခဲ့ျပီးေနာက္ အယ္လစ္ဆန္က ဒီဆုနဲ႔ထိုက္တန္တယ္ဆုိတာ ပိုမိုထင္ရွားလာခဲ့ပါတယ္။ျပိဳင္ပြဲတစ္ေလွ်ာက္ ဗိုလ္လုပြဲေရာက္မွ ေပးဂိုးတစ္ဂိုးသာ ခြင့္ျပဳ ခဲ့ရျပီး သူက ေရႊလက္အိတ္ဆုကို ရရွိခဲ့ပါတယ္။ ဒီသြင္းဂိုးကလည္း ပင္နယ္တီကေနေပးခဲ့ရတာျဖစ္ျပီး အယ္လစ္ဆန္က ကမၻာ့အေကာင္း ဆံုးဂိုးသမားဆိုတဲ့ အဆင့္ကိုတျဖည္းျဖည္းခ်င္းတက္လွမ္းေနခဲ့ပါျပီ။ ဒါေပမယ့္ အယ္လစ္ဆန္က တစ္ဦးခ်င္းဆုေတြကို ရရွိဖို႔ေတာ့ သိပ္ျပီး မေတြးထားဘူးလို႔ အခုလိုဆိုပါတယ္။ “ ကိုယ့္အလုပ္ကိုယ္လုပ္ႏိုင္ဖို႔ပဲ ကၽြန္ေတာ္ေတြးထားပါတယ္၊ ထိပ္တန္းကစားသမား အမ်ားအျပား က ဒီဆုကို ရယူႏိုင္ဖို႔ရည္ရြယ္ေနၾကတာပါ၊ ကၽြန္ေတာ္က ဂိုးသမားတစ္ဦးပါပဲ” လို႔ အယ္လစ္ဆန္က ေျပာခဲ့ပါတယ္။အယ္လစ္ဆန္ဟာ လီဗာပူးလ္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးႏိုင္ခဲ့သလို ပရီးမီးယားလိဂ္မွာလည္း ေပးဂိုးအနည္းဆံုးဂိုးသမားျဖစ္ခဲ့ျပီး ေရႊလက္အိတ္ ဆုကို ရရွိခဲ့သူပါ။ တစ္ႏွစ္အတြင္းမွာပဲ ျပိဳင္ပြဲ (၃)ခုကေန ေရႊလက္အိတ္ဆု (၃)ခုအထိရရွိခဲ့တဲ့ ပထမဆံုးဂိုးသမားအျဖစ္လည္း မွတ္တမ္း ၀င္ခဲ့တာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ျပိဳင္ပြဲ၊ ပရီးမီးယားလိဂ္ နဲ႔ ကိုပါအေမရိကဖလားျပိဳင္ပြဲေတြမွာ သူက ရရွိခဲ့တာပါ။ “ The Black Spider” လို႔ နာမည္ေျပာင္ ရရွိ ထားတဲ့ ကစားသမားက ပင့္ကူလက္တံေတြလိုမ်ိဳး သူ႔ရဲ႕လက္တစ္စံုကို အသံုးျပဳျပီး အသင္းဂိုးေပါက္ကို အေကာင္းဆံုးကာကြယ္ျပခဲ့ျပီး မွတ္တမ္းေကာင္းေတြလည္းအမ်ားၾကီးရရွိခဲ့ပါတယ္။တစ္ရာသီအတြင္းမွာ ျပိဳင္ပြဲစံုစုစုေပါင္း (၆၂)ပြဲအထိ သူက ကစားေပးခဲ့ျပီး (၃၆) ပြဲ အထိ ေပးဂိုးမရွိပြဲကို ပိုင္ဆိုင္ခဲ့ပါတယ္။ ဒါဟာ ဘလြန္းဒီေအာဆုကို ရရွိသင့္တဲ့အေနအထားပါ။ ကစားသမားတစ္ဦးအေနနဲ႔ ဥေရာပ ရဲ႕ အဆင့္အျမင့္ဆံုးဆုဖလားကိုလည္း ပိုင္ဆိုင္ခဲ့သလို ေတာင္အေမရိကတိုက္ရဲ႕ နာမည္အေက်ာ္ၾကားဆံုးနဲ႔ အၾကီးမား ဆံုးျပိဳင္ပြဲျဖစ္တဲ့ ကို ပါျပိဳင္ပြဲမွာလည္း ဆုဖလားရရွိခဲ့ပါတယ္။ ပရီးမီးယားလိဂ္မွာ ဒုတိယေနရာရခဲ့ပါတယ္။ ဂိုးသမားတစ္ဦးအတြက္ ဘလြန္းဒီေအာဆုရဖို႔ လို အပ္ခ်က္မရွိေတာ့တဲ့ စြမ္းေဆာင္ရည္လည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဘလြန္းဒီေအာဆုကို ေရြးခ်ယ္ေပးအပ္မႈမွာေတာ့ ဂိုးသမားေတြ ကအျမဲတမ္းလုိုလိုမ်က္ကြယ္ျပဳခံေနခဲ့ရပါတယ္။တိုက္စစ္မွဴးေတြျဖစ္တဲ့ ေရာ္နယ္ဒိုနဲ႔ မက္ဆီ၊ ကြင္းလယ္တုိက္စစ္ကစားသမားေတြျဖစ္တဲ့ ကာကာနဲ႔ မိုဒရစ္တို႔ပဲ ရရွိထားတဲ့ ဘလြန္းဒီေအာဆုစာရင္းမွာ ဂိုးသမားတစ္ဦးက နာမည္ေရးထိုးႏိုင္ဖို႔ အေကာင္းဆံုးအခ်ိန္အခါနဲ႔ အေျခ အေနလည္းျဖစ္ပါတယ္။ ဒါေပမယ့္ မဲေပးေရြးခ်ယ္မႈေတြမွာေတာ့ ဂိုးေတြသြင္းျပေနမွ၊ ဖန္တီးျပေနမွ အာရံုစိုက္မႈပိုရေလ့ရွိတဲ့ သဘာ၀အ တိုင္း အယ္လစ္ဆန္ကေတာ့ အနည္းနဲ႔အမ်ား မ်က္ကြယ္ျပဳခံရဦးမွာေသခ်ာပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕စြမ္းေဆာင္ရည္ကေတာ့ တကယ္ကို ဘလြန္းဒီေအာဆုနဲ႔ ထိုက္တန္တယ္ဆိုတာကေတာ့ ျငင္းမရေလာက္ဘူးလို႔ ထင္မိပါတယ္။

[unicode]

ဘရာဇီးလ်နဲ့လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်က ဘလွန်းဒီအောဆုနဲ့ ထိုက်တန်နေပြီဆိုတာကတော့ အမှန်တရားပါပဲ။ ဘလွန်းဒီအော ဆု အတွက် ရေပန်းစားနေတဲ့ ကစားသမားစာရင်းမှာ အယ်လစ်ဆန်ပါဝင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ဒါပေမယ့် အယ်လစ်ဆန်က သူ့အနေနဲ့ ဒီဆုနဲ့ ထိုက်တန်ကြောင်းကို သက်သေကြီးကြီးမားမားပြသထားခဲ့ပါတယ်။ ဘရာဇီးလ်နဲ့အတူ ကိုပါအမေရိကဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အယ်လစ်ဆန်က ဒီဆုနဲ့ထိုက်တန်တယ်ဆိုတာ ပိုမိုထင်ရှားလာခဲ့ပါတယ်။ပြိုင်ပွဲတစ်လျှောက် ဗိုလ်လုပွဲရောက်မှ ပေးဂိုးတစ်ဂိုးသာ ခွင့်ပြု ခဲ့ရပြီး သူက ရွှေလက်အိတ်ဆုကို ရရှိခဲ့ပါတယ်။ ဒီသွင်းဂိုးကလည်း ပင်နယ်တီကနေပေးခဲ့ရတာဖြစ်ပြီး အယ်လစ်ဆန်က ကမ္ဘာ့အကောင်း ဆုံးဂိုးသမားဆိုတဲ့ အဆင့်ကိုတဖြည်းဖြည်းချင်းတက်လှမ်းနေခဲ့ပါပြီ။ ဒါပေမယ့် အယ်လစ်ဆန်က တစ်ဦးချင်းဆုတွေကို ရရှိဖို့တော့ သိပ်ပြီး မတွေးထားဘူးလို့ အခုလိုဆိုပါတယ်။ “ ကိုယ့်အလုပ်ကိုယ်လုပ်နိုင်ဖို့ပဲ ကျွန်တော်တွေးထားပါတယ်၊ ထိပ်တန်းကစားသမား အများအပြား က ဒီဆုကို ရယူနိုင်ဖို့ရည်ရွယ်နေကြတာပါ၊ ကျွန်တော်က ဂိုးသမားတစ်ဦးပါပဲ” လို့ အယ်လစ်ဆန်က ပြောခဲ့ပါတယ်။အယ်လစ်ဆန်ဟာ လီဗာပူးလ်နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ပေးဂိုးအနည်းဆုံးဂိုးသမားဖြစ်ခဲ့ပြီး ရွှေလက်အိတ် ဆုကို ရရှိခဲ့သူပါ။ တစ်နှစ်အတွင်းမှာပဲ ပြိုင်ပွဲ (၃)ခုကနေ ရွှေလက်အိတ်ဆု (၃)ခုအထိရရှိခဲ့တဲ့ ပထမဆုံးဂိုးသမားအဖြစ်လည်း မှတ်တမ်း ဝင်ခဲ့တာဖြစ်ပါတယ်။ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ပရီးမီးယားလိဂ် နဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲတွေမှာ သူက ရရှိခဲ့တာပါ။ “ The Black Spider” လို့ နာမည်ပြောင် ရရှိ ထားတဲ့ ကစားသမားက ပင့်ကူလက်တံတွေလိုမျိုး သူ့ရဲ့လက်တစ်စုံကို အသုံးပြုပြီး အသင်းဂိုးပေါက်ကို အကောင်းဆုံးကာကွယ်ပြခဲ့ပြီး မှတ်တမ်းကောင်းတွေလည်းအများကြီးရရှိခဲ့ပါတယ်။တစ်ရာသီအတွင်းမှာ ပြိုင်ပွဲစုံစုစုပေါင်း (၆၂)ပွဲအထိ သူက ကစားပေးခဲ့ပြီး (၃၆) ပွဲ အထိ ပေးဂိုးမရှိပွဲကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါဟာ ဘလွန်းဒီအောဆုကို ရရှိသင့်တဲ့အနေအထားပါ။ ကစားသမားတစ်ဦးအနေနဲ့ ဥရောပ ရဲ့ အဆင့်အမြင့်ဆုံးဆုဖလားကိုလည်း ပိုင်ဆိုင်ခဲ့သလို တောင်အမေရိကတိုက်ရဲ့ နာမည်အကျော်ကြားဆုံးနဲ့ အကြီးမား ဆုံးပြိုင်ပွဲဖြစ်တဲ့ ကို ပါပြိုင်ပွဲမှာလည်း ဆုဖလားရရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာရခဲ့ပါတယ်။ ဂိုးသမားတစ်ဦးအတွက် ဘလွန်းဒီအောဆုရဖို့ လို အပ်ချက်မရှိတော့တဲ့ စွမ်းဆောင်ရည်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘလွန်းဒီအောဆုကို ရွေးချယ်ပေးအပ်မှုမှာတော့ ဂိုးသမားတွေ ကအမြဲတမ်းလိုလိုမျက်ကွယ်ပြုခံနေခဲ့ရပါတယ်။တိုက်စစ်မှူးတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီ၊ ကွင်းလယ်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ကာကာနဲ့ မိုဒရစ်တို့ပဲ ရရှိထားတဲ့ ဘလွန်းဒီအောဆုစာရင်းမှာ ဂိုးသမားတစ်ဦးက နာမည်ရေးထိုးနိုင်ဖို့ အကောင်းဆုံးအချိန်အခါနဲ့ အခြေ အနေလည်းဖြစ်ပါတယ်။ ဒါပေမယ့် မဲပေးရွေးချယ်မှုတွေမှာတော့ ဂိုးတွေသွင်းပြနေမှ၊ ဖန်တီးပြနေမှ အာရုံစိုက်မှုပိုရလေ့ရှိတဲ့ သဘာဝအ တိုင်း အယ်လစ်ဆန်ကတော့ အနည်းနဲ့အများ မျက်ကွယ်ပြုခံရဦးမှာသေချာပါတယ်။ ဒါပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်ကတော့ တကယ်ကို ဘလွန်းဒီအောဆုနဲ့ ထိုက်တန်တယ်ဆိုတာကတော့ ငြင်းမရလောက်ဘူးလို့ ထင်မိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *