လက်ရှိအချိန်ဟာ ပေါ့ဂ်ဘာကို ပြန်လည်ရောင်းချသွားဖို့အတွက် မှန်ကန်သင့်တော်တဲ့ အချိန်ဖြစ်ကြောင်း ကလီဘာဆင်ပြောကြား

Premier League

လက်ရှိအချိန်ဟာ ပေါ့ဂ်ဘာကို ပြန်လည်ရောင်းချသွားဖို့အတွက် မှန်ကန်သင့်တော်တဲ့ အချိန်ဖြစ်ကြောင်း ကလီဘာဆင်ပြောကြား
—————————————



[unicode]

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကလီဘာဆင်က ပေါ့ဂ်ဘာကို ပြန်လည်ရောင်းချသွားဖို့ သူ့ရဲ့အသင်းဟောင်း ကို တိုက်တွန်းသွားခဲ့ပါတယ်။ ယူနိုက်တက်က ထွက်ခွာချင်နေတဲ့ ပေါ့ဂ်ဘာကို ဆိုးလ်ရှားက အသင်းမှာ ဆက်လက်ထိန်းသိမ်းထား ဖို့အ တွက် ဆန္ဒရှိနေပြီး ရီးရဲလ်နဲ့ဂျူဗီတို့က ပေါ့ဂ်ဘာကို စိတ်ဝင်စားနေပါတယ်။အသက် (၂၆)နှစ်အရွယ်ကစားသမားက လက်ရှိမှာ ယူနိုက် တက်ရဲ့ ရာသီကြိုခြေစမ်းပွဲခရီးစဉ်အဖြစ် သြစတြေးလျကို ထွက်ခွာသွားခဲ့တဲ့ ယူနိုက်တက်လူစာရင်းမှာ ပါဝင်နေခဲ့ပါတယ်။ ယူနိုက်တက် မှာ (၂)ရာသီကြာကစားခဲ့ဖူးတဲ့ ကလီဘာဆင်က လက်ရှိအချိန်ဟာ ပေါ့ဂ်ဘာကို ပြန်လည်ရောင်းချသွားဖို့အတွက် မှန်ကန်သင့်တော်တဲ့ အချိန်လို့ ပြောဆိုခဲ့ကြောင်း မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။”ပေါ့ဂ်ဘာကို ရောင်းချဖို့အတွက် မှန်ကန်တဲ့အချိန်ပါပဲ၊ သူက ကစားသမားကောင်း၊ အရည်အသွေးရှိပြီး မယုံကြည်နိုင်စရာကောင်းတဲ့ ကစားသမားပါ၊ ဒါပေမယ့်လ်ညး သူ့ရဲ့ ပုံစံကတော့ နည်းနည်းကွဲပြားပါတယ်၊ ယူနိုက်တက်အတွက်လိုအပ်တဲ့ ပုံစံမျိုးမဟုတ်ပါဘူး၊ သူ့ အ နေနဲ့လည်း အသင်းကထွက်ခွာဖို့ကြိုးစားသင့်ပြီး တက်တက်ကြွကြွနဲ့ ပြန်စတင်သင့်ပါတယ်””တခါတလေမှာ ဒီလိုကစားသမားမျိုးတွေက ယူနိုက်တက်မှာ အဆင်ပြေပြေကစားဖို့ ခက်ခဲပါတယ်၊ ဒါက သူ့ကိုကစားသမားကောင်းမဟုတ်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး၊ ဝေဖန်ခံရ တဲ့ကစားသမားတွေဆိုတာက အများကြီးရှိပါတယ်၊ အလုပ်ကိုကြိုးစားတယ်၊ အသင်းအတွက်အကောင်းဆုံးပုံစံနဲ့ ကစားပေးချင်တယ်၊ ဒါပေမယ့် အမှားတချို့ကျူးလွန်မိရင်တော့ ဝေဖန်ခံရမှာပါ၊ ဒါကိုထိန်းချုပ်နိုင်ဖို့လိုအပ်ပါတယ်” လို့ ကလီဘာဆင်ကပြောသွားခဲ့ပါတယ်။ ကလီဘာဆင်က ယူနိုက်တက်မှာ (၂)ရာသီကြာကစားခဲ့ပေမယ့်လည်း ပြိုင်ပွဲစုံပွဲပေါင်း (၃၀)သာ ကစားပေးခဲ့ရပြီး (၂)ဂိုးသွင်း ယူနိုင်ခဲ့ ပါတယ်။ ယူနိုက်တက်နဲ့အတူ အောင်မြင်ကျော်ကြားမယ့်ကစားသမားလို့ ယူဆခဲ့ရပေမယ့်လည်း ကလီဘာဆင်က ခြေစွမ်းပြနိုင်ဖို့ ရုန်း ကန်ခဲ့ရပြီး ဘက်ဆီးတပ်စ်အသင်းကို ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *