လီဗာပူးလ္အသင္းနဲ႔ ကာလရွည္စာခ်ဳပ္ခ်ဳပ္ ဆိုႏိုင္ခဲ့တဲ့ ေအာ္ရီဂီ

Premier League

လီဗာပူးလ္အသင္းနဲ႔ ကာလရွည္စာခ်ဳပ္ခ်ဳပ္ ဆိုႏိုင္ခဲ့တဲ့ ေအာ္ရီဂီ
———————

လီဗာပူးလ္အသင္းနဲ႔တိုက္စစ္မွဴးေအာ္ရီဂီတို႔ဟာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈရရွိသြားခဲ့ျပီလို႔ သိရပါတယ္။ ကာလရွည္စာ ခ်ဳပ္ခ်ဳပ္ ဆိုႏိုင္ခဲ့တယ္လို႔ လီဗာပူးလ္အသင္းက သူတို႔ရဲ႕တရား၀င္၀က္ဘ္ဆိုက္ကေန အတည္ျပဳေၾကညာခဲ့ေပမယ့္ ဘယ္ႏွစ္ႏွစ္သက္ တမ္းရွိ လဲ ဆိုတာကိုေတာ့ မေဖာ္ျပခဲ့ပဲ အနည္းဆံုး (၅)ႏွစ္သက္တမ္းရွိမယ္လို႔ ယံုၾကည္ရပါတယ္။ဘယ္လ္ဂ်ီယံတိုက္စစ္မွဴးဟာ ျပီးခဲ့တဲ့ရာသီမွာ လီ ဗာပူးလ္အတြက္အေရးပါတဲ့ ကစားသမားျဖစ္ခဲ့ျပီး သြငး္ဂိုးေတြလည္း ရယူေပးႏိုင္ခဲ့ပါတယ္။ ေသေရးရွင္ေရးအေျခအေနေတြမွာ ေအာ္ရီဂီ က လီဗာပူးလ္ကိုကယ္တင္ေပးႏိုင္ခဲ့ျပီး အဲဗာတန္နဲ႔ပြဲက ေနာက္က်သြင္းဂိုး၊ ဘာစီလိုနာနဲ႔ ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္မွာ သြင္း ဂိုးႏွစ္ဂိုးနဲ႔ ဗိုလ္လုပြဲမွာ စပါးကို တစ္ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။

စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ခဲ့တဲ့ေအာ္ရီဂီက “ ဒီမွာအျမဲတမ္းသက္ေတာင့္သက္သာရွိတယ္လို႔ ခံစားမိပါတယ္၊ ကၽြန္ေတာ့္ကစားသမား ဘ၀ ေနာက္ တဆင့္ေရာက္ေအာင္ တက္ေရာက္ႏိုင္ခဲ့ပါတယ္၊ အသက္ (၁၉)ႏွစ္အရြယ္မွာ ဒီအသင္းနဲ႔စာခ်ဳပ္ခ်ဳပ္ျပီးေနာက္ ကၽြန္ေတာ္ရင့္ က်က္တဲ့ လူၾကီးတစ္ေယာက္ျဖစ္လာခဲ့ပါတယ္”“ လီဗာပူးလ္က အံ့အားသင့္ဖို႔ေကာင္းတဲ့အသင္းပါ၊ ေကာင္းမြန္တဲ့ကစားသမား အစုအ ဖြဲ႕ရွိေနျပီး ၀န္ထမ္းေတြကလည္း အံ့အားသင့္ေအာင္ထူးခၽြန္ၾကပါတယ္၊ လီဗာပူးလ္နဲ႔အတူ ကၽြန္ေတာ့္စာခ်ဳပ္ျပည့္တဲ့အထိ ဆက္ရွိသြား ခ်င္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ေအာ္ရီဂီအေနနဲ႔ စာခ်ဳပ္သစ္မခ်ဳပ္ဆိုႏိုင္ခင္မွာ အန္ဖီးလ္ကထြက္ခြာမယ္လို႔ သတင္းေတြ၊ ထင္ျမင္ယူ ဆ ခ်က္ေတြ ထြက္ေပၚလာခဲ့ပါေသးတယ္။

[unicode]

လီဗာပူးလ်အသင်းနဲ့တိုက်စစ်မှူးအော်ရီဂီတို့ဟာ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီလို့ သိရပါတယ်။ ကာလရှည်စာ ချုပ်ချုပ် ဆိုနိုင်ခဲ့တယ်လို့ လီဗာပူးလ်အသင်းက သူတို့ရဲ့တရားဝင်ဝက်ဘ်ဆိုက်ကနေ အတည်ပြုကြေညာခဲ့ပေမယ့် ဘယ်နှစ်နှစ်သက် တမ်းရှိ လဲ ဆိုတာကိုတော့ မဖော်ပြခဲ့ပဲ အနည်းဆုံး (၅)နှစ်သက်တမ်းရှိမယ်လို့ ယုံကြည်ရပါတယ်။ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာ လီ ဗာပူးလ်အတွက်အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပြီး သွင်းဂိုးတွေလည်း ရယူပေးနိုင်ခဲ့ပါတယ်။ သေရေးရှင်ရေးအခြေအနေတွေမှာ အော်ရီဂီ က လီဗာပူးလ်ကိုကယ်တင်ပေးနိုင်ခဲ့ပြီး အဲဗာတန်နဲ့ပွဲက နောက်ကျသွင်းဂိုး၊ ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ သွင်း ဂိုးနှစ်ဂိုးနဲ့ ဗိုလ်လုပွဲမှာ စပါးကို တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တဲ့အော်ရီဂီက “ ဒီမှာအမြဲတမ်းသက်တောင့်သက်သာရှိတယ်လို့ ခံစားမိပါတယ်၊ ကျွန်တော့်ကစားသမား ဘ၀ နောက် တဆင့်ရောက်အောင် တက်ရောက်နိုင်ခဲ့ပါတယ်၊ အသက် (၁၉)နှစ်အရွယ်မှာ ဒီအသင်းနဲ့စာချုပ်ချုပ်ပြီးနောက် ကျွန်တော်ရင့် ကျက်တဲ့ လူကြီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်”“ လီဗာပူးလ်က အံ့အားသင့်ဖို့ကောင်းတဲ့အသင်းပါ၊ ကောင်းမွန်တဲ့ကစားသမား အစုအ ဖွဲ့ရှိနေပြီး ဝန်ထမ်းတွေကလည်း အံ့အားသင့်အောင်ထူးချွန်ကြပါတယ်၊ လီဗာပူးလ်နဲ့အတူ ကျွန်တော့်စာချုပ်ပြည့်တဲ့အထိ ဆက်ရှိသွား ချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။ အော်ရီဂီအနေနဲ့ စာချုပ်သစ်မချုပ်ဆိုနိုင်ခင်မှာ အန်ဖီးလ်ကထွက်ခွာမယ်လို့ သတင်းတွေ၊ ထင်မြင်ယူ ဆ ချက်တွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *