ပေါ့ဂ်ဘာ အတွက် ပေါင်သန်း ၉၀ အပြင် ကစားသမားတစ်ဦး အလိုက်ပေးကမ်းလှမ်းမှုကို မန်ယူ ပယ်ချ

Premier League

ပေါ့ဂ်ဘာ အတွက် ပေါင်သန်း ၉၀ အပြင် ကစားသမားတစ်ဦး အလိုက်ပေးကမ်းလှမ်းမှုကို မန်ယူ ပယ်ချ
———————————



[unicode]

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်မှာ မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေ သူ ဖြစ်ပြီး ပေါ့ဂ်ဘာဟာ မကြာသေးမီက တစ်နေရာရာမှာ စိန်ခေါ်မှုအသစ်တွေ ပြုလုပ်ဖို့ စဉ်းစားနေတယ်လို့ ဝန်ခံပြောကြားခဲ့သူဖြစ်ပါတယ်။ ပေါ့ဂ် ဘာ ရဲ့အေးဂျင့် မိုင်နိုရွိုင်အိုလာဟာ ပြင်သစ်လက်ရွေးစင်ကြယ်ပွင့် အသင်းပြောင်းရွှေ့ဖို့အတွက် ကြိုးပမ်းနေကြောင်း ပြောကြား ခဲ့ပြီး ရီးရဲမက်ဒရစ်နဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ စိတ်ဝင်စားမှုခံနေရတဲ့ ပေါ့ဂ်ဘာရဲ့အသင်းပြောင်းလိုတဲ့ဆန္ဒကို နည်းပြဆိုးလ်ရှားက သတိပြု နေ မိနေတာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ယခုနွေရာသီမှာ အသင်းရဲ့ကစားသမားတစ်ယောက်မှ ရောင်း ချသွားမှာမဟုတ်ကြောင်း ယနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဂ်ဘာအတွက် ရီးရဲမက်ဒရစ်အသင်းက ပေါင်သန်း ၉၀ အပြင် ဒါနီဆီဘယ်လော့စ်ကိုပါ အ လိုက်ပေးကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ မက်ဂယ်ရီက The Transfer Window podcast ကို ပြောကြားခဲ့ပါတယ်။“မက်ဒရစ်က ပြီး ခဲ့တဲ့ကြာသပတေးနေ့က ကနဦးကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ သိခဲ့ရပါတယ်။ ပေါင်သန်း ၁၀၀ အပြင် ဒါနီဆီဘယ်လော့စ်ကိုပါ အလိုက်ေ ပေး ပြီး ကမ်းလှမ်းခဲ့တာပါ”“ဒါပေမယ့်လည်း ယူနိုက်တက်က ပယ်ချခဲ့ပြီး ငွေသားသီးသန့်နဲ့ ကမ်းလှမ်းမှုကိုပဲ စိတ်ဝင်စားတယ်လို့ ပြော ခဲ့ပါတယ်”“ဒါက သူတို့အနေနဲ့ နောက်ထပ်ကစားသမားကိုမှ မလိုချင်ဘဲ ပြန်လည်ရင်းနှီးမြှုပ်နှံဖို့ ငွေကြေးပဲလိုချင်နေတယ်ဆိုတာ ရှင်း ပါ တယ်”လို့ ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *