တတိယေျမာက္ ကစားသမားေခၚယူဖို႔ စံခ်ိန္တင္ေျပာင္းေရႊ႕ ေၾကးအသံုးျပဳသြားမယ့္ မန္ခ်က္စတာယူႏိုက္တက္

Premier League

တတိယေျမာက္ ကစားသမားေခၚယူဖို႔ စံခ်ိန္တင္ေျပာင္းေရႊ႕ ေၾကးအသံုးျပဳသြားမယ့္ မန္ခ်က္စတာယူႏိုက္တက္
———————————————

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ယခုေႏြရာသီမွာ တတိယေျမာက္ကစားသမားေခၚယူမႈအျဖစ္ လက္စတာစီးတီးၾကယ္ပြင့္ ဟယ္ရီ မက္ဂြိဳင္းယားကို ေခၚယူႏုိင္လိမ့္မယ္လို႔ The Sun က ေဖာ္ျပခဲဲ့ပါတယ္။မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဆြမ္ဆီးစီးတီးက ဒန္နီရယ္ ဂ်ိမ္းစ္နဲ႔ ခရစ္စတယ္ပဲေလ့စ္ၾကယ္ပြင့္ ဝမ္ဘစ္စ္ကာတို႔ကို ေခၚယူထားႏုိင္ခဲ့ၿပီးျဖစ္ၿပီး စုစုေပါင္း ေပါင္သန္း ၈၀ နီးပါး သံုးစြဲခဲ့တာျဖစ္ပါ တယ္။မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ရာသီႀကိဳေျခစမ္းပြဲစဥ္ကစားဖို႔အတြက္ ၾသစေၾတးလ်ကို ေရာက္ရွိေနတာျဖစ္ၿပီး နည္းျပ အုိ လီဂန္းနားဆုိးလ္ရွားဟာ ေနာက္ထပ္ကစားသမား ၃ ဦးအထိ ေခၚယူဖုိ႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

လက္စတာစီးတီးေနာက္ခံကစားသမား ဟယ္ရီမက္ဂြိဳင္းယားကို ေခၚယူဖို႔ မန္ခ်က္စတာစီးတီးအသင္းက လက္ေလွ်ာ့ခဲ့ၿပီးေနာက္ မန္ ခ်က္ စတာယူႏုိက္တက္အသင္းက ေခၚယူႏုိင္ေျခ ပိုမိုျမင့္မားလာခဲ့ၿပီျဖစ္တယ္လုိ႔ သိရပါတယ္။အဂၤလန္လက္ေရြးစင္ၾကယ္ပြင့္ ဟယ္ရီမက္ဂြိဳင္း ယား ဟာ ယခုေႏြရာသီမွာ လက္စတာစီးတီးအသင္းကေန ထြက္ခြာဖို႔ ျပင္ဆင္ေနသူျဖစ္ၿပီး လက္စတာစီးတီးအသင္းက ေျပာင္းေရႊ႕   ေၾကး ကို ေပါင္ ၈၅ သန္းအထိ သတ္မွတ္ထားတာျဖစ္ပါတယ္။မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ မက္ဂြိဳင္းယားအတြက္ ေပါင္သန္း ၇၀ အျပင္ မားကို႔စ္ရိုဟိုကိုပါ အလုိက္ေပးကမ္းလွမ္းခဲ့တယ္လုိ႔ သတင္းေတြထြက္ေပၚေနၿပီး The Sun ရဲ႕ေဖာ္ျပခ်က္အရ မန္ခ်က္စတာ ယူႏုိက္ တက္အသင္းက မက္ဂြိဳင္းယားအတြက္ ေပါင္ ၈၅ သန္းကို ေပးေခ်ဖို႔ ဆႏၵရွိေနတယ္လုိ႔ သိရပါတယ္။

[unicode]

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ တတိယမြောက်ကစားသမားခေါ်ယူမှုအဖြစ် လက်စတာစီးတီးကြယ်ပွင့် ဟယ်ရီ မက်ဂွိုင်းယားကို ခေါ်ယူနိုင်လိမ့်မယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆွမ်ဆီးစီးတီးက ဒန်နီရယ် ဂျိမ်းစ်နဲ့ ခရစ်စတယ်ပဲလေ့စ်ကြယ်ပွင့် ဝမ်ဘစ်စ်ကာတို့ကို ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပြီး စုစုပေါင်း ပေါင်သန်း ၈၀ နီးပါး သုံးစွဲခဲ့တာဖြစ်ပါ တယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီကြိုခြေစမ်းပွဲစဉ်ကစားဖို့အတွက် သြစတြေးလျကို ရောက်ရှိနေတာဖြစ်ပြီး နည်းပြ အို လီဂန်းနားဆိုးလ်ရှားဟာ နောက်ထပ်ကစားသမား ၃ ဦးအထိ ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။လက်စတာစီးတီးနောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားကို ခေါ်ယူဖို့ မန်ချက်စတာစီးတီးအသင်းက လက်လျှော့ခဲ့ပြီးနောက် မန် ချက် စတာယူနိုက်တက်အသင်းက ခေါ်ယူနိုင်ခြေ ပိုမိုမြင့်မားလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့် ဟယ်ရီမက်ဂွိုင်း ယား ဟာ ယခုနွေရာသီမှာ လက်စတာစီးတီးအသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေသူဖြစ်ပြီး လက်စတာစီးတီးအသင်းက ပြောင်းရွှေ့ ကြေး ကို ပေါင် ၈၅ သန်းအထိ သတ်မှတ်ထားတာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာ မက်ဂွိုင်းယားအတွက် ပေါင်သန်း ၇၀ အပြင် မားကို့စ်ရိုဟိုကိုပါ အလိုက်ပေးကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပြီး The Sun ရဲ့ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက် တက်အသင်းက မက်ဂွိုင်းယားအတွက် ပေါင် ၈၅ သန်းကို ပေးချေဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *