ဗဟိုခံစစ္ကစားသမားတစ္ဦး ရွာပံုေတာ္ဖြင့္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္

Premier League

ဗဟိုခံစစ္ကစားသမားတစ္ဦး ရွာပံုေတာ္ဖြင့္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္
————————

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ဖီအုိရင္တီးနားေနာက္ခံကစားသမား နီကိုလာမီလန္ကိုဗစ္ကို ေခၚယူဖို႔အတြက္ ဖီအိုရင္တီးနား အ သင္း ကို စံုစမ္းေမးျမန္းခဲ့တယ္လို႔ Sportskeeda ရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ရာသီက အားနည္းတဲ့ခံစစ္ေၾကာင့္ ၅၄ ဂိုး ခြင့္ျပဳေပးရၿပီးေနာက္ ယခုေႏြရာသီမွာ ဗဟိုခံစစ္ကစားသမားကို ေခၚယူဖို႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး ေတာင္ ပံကစားသမားနဲ႔ ေနာက္ခံကစားသမား ၂ ဦး ေခၚယူထားၿပီးျဖစ္ပါတယ္။ယခုေႏြရာသီမွာ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ၎ တို႔ ရဲ႕အေျပာင္းအေရႊ႕မူဝါဒကို ေျပာင္းလဲခဲ့ၿပီး ၾကယ္ပြင့္ကစားသမားေတြ ေခၚယူဖုိ႔ထက္ ငယ္ရြယ္ၿပီး ပါရမီရွိတဲ့ လူငယ္ၾကယ္္ ပြင့္ေတြ ကို သာ ေခၚယူဖို႔ ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ကမၻာ့အဆင့္ေျခစမ္းရွိတဲ့ ဗဟိုခံစစ္ကစားသမားကို ရွာေဖြေနတာျဖစ္ၿပီး လက္စ တာ စီးတီးၾကယ္ပြင့္ ဟယ္ရီမက္ဂြိဳင္းယားကိုလည္း ေပါင္သန္း ၇၀ နဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ လက္စတာစီးတီးက ပယ္ခ်ခဲ့တာျဖစ္ပါတယ္။ နီကိုလာမီလန္ကိုဗစ္ဟာ ယခုေႏြရာသီမွာ ဥေရာပထိပ္သီးအသင္းႀကီးေတြရဲ႕ အေျပာင္းအေရႊ႕ပစ္မွတ္ထဲမွာ ပါဝင္ေနသူျဖစ္ၿပီး မန္ခ်က္္စ တာ  ယူႏုိက္တက္အသင္းက ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ေပါင္သန္း ၄၀ နဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ ဖီအိုရင္တီးနားအသင္းက ေပါင္သန္း ၅၀ လုိခ်င္တာေၾကာင့္ အေျပာင္းအေရႊ႕မျဖစ္ေျမာက္ခဲ့တာလို႔ သိရပါတယ္။ယခုေႏြရာသီအေစာပိုင္းမွာ ဖီအိုရင္တီးနားအ သင္းပိုင္ရွင္အသစ္ ကြန္မစ္ဆုိက အသင္းရဲ႕ပါရမီရွိတဲ့လူငယ္ၾကယ္ပြင့္ေတြကို ထိန္းသိမ္းထားလိုတဲ့ဆႏၵရွိေၾကာင္း ထုတ္ေဖာ္ေျပာၾကား ထားပါတယ္။

[unicode]

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖီအိုရင်တီးနားနောက်ခံကစားသမား နီကိုလာမီလန်ကိုဗစ်ကို ခေါ်ယူဖို့အတွက် ဖီအိုရင်တီးနား အ သင်း ကို စုံစမ်းမေးမြန်းခဲ့တယ်လို့ Sportskeeda ရဲ့ဖော်ပြချက်အရ သိရပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ရာသီက အားနည်းတဲ့ခံစစ်ကြောင့် ၅၄ ဂိုး ခွင့်ပြုပေးရပြီးနောက် ယခုနွေရာသီမှာ ဗဟိုခံစစ်ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး တောင် ပံကစားသမားနဲ့ နောက်ခံကစားသမား ၂ ဦး ခေါ်ယူထားပြီးဖြစ်ပါတယ်။ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၎င်း တို့ ရဲ့အပြောင်းအရွှေ့မူဝါဒကို ပြောင်းလဲခဲ့ပြီး ကြယ်ပွင့်ကစားသမားတွေ ခေါ်ယူဖို့ထက် ငယ်ရွယ်ပြီး ပါရမီရှိတဲ့ လူငယ်ကြယ် ပွင့်တွေ ကို သာ ခေါ်ယူဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာ့အဆင့်ခြေစမ်းရှိတဲ့ ဗဟိုခံစစ်ကစားသမားကို ရှာဖွေနေတာဖြစ်ပြီး လက်စ တာ စီးတီးကြယ်ပွင့် ဟယ်ရီမက်ဂွိုင်းယားကိုလည်း ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် လက်စတာစီးတီးက ပယ်ချခဲ့တာဖြစ်ပါတယ်။ နီကိုလာမီလန်ကိုဗစ်ဟာ ယခုနွေရာသီမှာ ဥရောပထိပ်သီးအသင်းကြီးတွေရဲ့ အပြောင်းအရွှေ့ပစ်မှတ်ထဲမှာ ပါဝင်နေသူဖြစ်ပြီး မန်ချက်စ တာ ယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဖီအိုရင်တီးနားအသင်းက ပေါင်သန်း ၅၀ လိုချင်တာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တာလို့ သိရပါတယ်။ယခုနွေရာသီအစောပိုင်းမှာ ဖီအိုရင်တီးနားအ သင်းပိုင်ရှင်အသစ် ကွန်မစ်ဆိုက အသင်းရဲ့ပါရမီရှိတဲ့လူငယ်ကြယ်ပွင့်တွေကို ထိန်းသိမ်းထားလိုတဲ့ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြား ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *