အသင်းနဲ့အတူ လေ့ကျင့်ခန်းအစီအစဉ်မှာ သန်းဝေနေခဲ့လို့ ဝေဖန်မှုတွေ ရင်ဆိုင်နေရတဲ့ လူကာကူ
Premier League
အသင်းနဲ့အတူ လေ့ကျင့်ခန်းအစီအစဉ်မှာ သန်းဝေနေခဲ့လို့ ဝေဖန်မှုတွေ ရင်ဆိုင်နေရတဲ့ လူကာကူ
————————–
[unicode]
ရာသီကြို ခြေစမ်းပွဲတွေကစားဖို့အတွက် သြစတြေးလျနိုင်ငံကို ရောက်ရှိနေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အသင်းရဲ့ ရာသီကြို လေ့ကျင့်ခန်းကာလကိုလည်း စတင်ခဲ့ပြီးအသင်းရဲ့ ကစားသမားတော်တော်များများလည်း သြစတြေးလျသွားတဲ့ လူစာရင်း မှာပါ ဝင်သွားခဲ့ပါတယ်။အသင်းကနေ ထွက်ခွာချင်နေတဲ့ လူကာကူ နဲ့ ပေါ့ဘာတို့ နှစ်ဦးလုံးလည်း ဒီလူစာရင်းမှာပါဝင်လာခဲ့ပြီး အသင်းနဲ့အတူ လေ့ကျင့်ခန်းအစီအစဉ်တွေကို ပြုလုပ်နေခဲ့ပါတယ်။
ဒီကာလအတွင်းမှာပဲ လူကာကူအသင်းသားတွေနဲ့အတူ ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေလုပ်ဆောင်နေစဉ်မှာ သမ်းဝေနေခဲ့ တာ ကြောင့် အ သင်းပရိသတ်တွေနရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ဒါဟာ ပုံမှန်လူသားတစ်ဦးမှာ နေ့စဉ်ဖြစ်ပျက်နေကြ အရာတစ်ခုဖြစ်ပေမယ့် လူ ကာကူအသင်းကနေ ထွက်ခွာချင်တယ်လို့ဆိုထားခဲ့တဲ့စကားကြောင့် အသင်းရဲ့ လေ့ကျင့်ခန်း အစီ အ စဉ်တွေ ကို စိတ်ပါလက်ပါမပြု လုပ် ဘူးဆိုပြီး ပရိသတ်တွေကတော့ ဝေဖန်မှုတွေကို ပြုုလုပ်ဖို့ ဆုံးဖြတ်ခဲ့ဟန်ရှိနေပါတယ်။ လူကာကူ ဟာ အင်တာမီလန် နဲ့ ဂျူဗင်တပ်စ် အ သင်း တို့ သတင်းတွေထွက်ပေါ်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *