ပါ့သ္ဂလိုရီအသင္းအား (၂-၀)ဂိုးျဖင့္အနိုင္ရခဲ့သည့္ရာသီႀကိဳေျခစမ္းပြဲမွ အသင္း၏ ေျခစြမ္းကို ေက်နပ္ေၾကာင္း ဆိုးရွားလ္ ေျပာၾကား

Premier League

ပါ့သ္ဂလိုရီအသင္းအား (၂-၀)ဂိုးျဖင့္အနိုင္ရခဲ့သည့္ရာသီႀကိဳေျခစမ္းပြဲမွ အသင္း၏ ေျခစြမ္းကို ေက်နပ္ေၾကာင္း ဆိုးရွားလ္ ေျပာၾကား
———————————-

မန္ယူအသင္းနည္းၿပ ဆိုးလ္ရွားက ပါ့သ္ဂလိုရီအသင္းအား (၂-၀)ဂိုးျဖင့္အနိုင္ရခဲ့သည့္ ရာသီႀကိဳေျခစမ္းပြဲမွ အသင္း၏ ေျခစြမ္းကို ေက် နပ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။မန္ယူအသင္း ဟာ အဆိုပါပြဲစဥ္မွာ ၾသစေၾတးလ်ကလပ္ ပ့ါသ္ဂလိုရီအသင္းကို ရပ္ရွ္ဖို႔ဒ္၊ ဂ်ိမ္းစ္ဂါနာတို႔၏ သြင္းဂိုးမ်ားျဖင့္ အနိုင္ရရွိခဲ့ျခင္းျဖစ္ပါတယ္။ဆိုးလ္ရွားက ေျပာၾကားခဲ့ရာမွာေတာ့ ”ဒီပြဲမွာ ကၽြန္ေတာ္တို႔အေနနဲ႔ တစ္ပြဲလုံး ေဘာလုံးပိုင္ ဆိုင္မႈအသာနဲ႔ ကစားနိုင္ခဲ့ပါတယ္။ ပါ့သ္ဂလိုရီအသင္းဟာ ဒီေန႔ပြဲမွာ စုစုစည္းစည္းနဲ႔ ရင္ဆိုင္သြားခဲ့ၿပီး ကၽြန္ေတာ္တို႔အသင္းကို ေနရာ လြတ္ေတြ သိပ္မေပးခဲ့ပါဘူး။ ပထမပိုင္းမွာ သူတို႔ရဲ့ရည္ရြယ္ခ်က္က ေအာင္ျမင္ခဲ့ေပမယ့္ ပြဲအၿပီးမွာေတာ့ ကၽြန္ေတာ္တို႔အသင္းနိုင္ ပြဲရခဲ့ ပါ တယ္” ဟုေျပာဆိုခဲ့ပါတယ္။

ထို႔ျပင္ အဆိုပါပြဲစဥ္၌ ပြဲထြက္ကစားခဲ့သူ ဒန္နီရယ္လ္ဂ်ိမ္းစ္ႏွင့္ပတ္သက္ၿပီး ဆိုးလ္ရွားက ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။ဒန္နီရယ္လ္ဂ်ိမ္းစ္ႏွင့္ ပတ္သက္ၿပီး ” ဒီေန႔ပြဲမွာ ဒန္နီရယ္လ္ဂ်ိမ္းစ္အေနနဲ႔ ေကာင္းေကာင္းကစားနိုင္ခဲ့ပါတယ္။ ဒါဟာ သူ႔အတြက္ ပြဲထြက္ေကာင္းခဲ့တယ္လို႔ ဆိုရပါလိမ့္မယ္။ ကၽြန္ေတာ္တို႔က ဂ်ိမ္းစ္ကို ပိုမိုရင့္က်က္တဲ့ ကစားသမားျဖစ္ေအာင္ ျပဳလုပ္ေပးသြားမွာျဖစ္ၿပီး ရာသီသစ္မွာ သူ႔ရဲ့ကစားပုံ က စိတ္လႈပ္ရွားစရာေတြ ယူေဆာင္လာလိမ့္မယ္လို႔ထင္ပါတယ္” ဟုေျပာၾကားခဲ့ပါတယ္။ပ့ါသ္ဂလိုရီႏွင့္ပြဲတြင္ အနိုင္ဂိုးမ်ားသြင္းယူခဲ့ၾက သည့္ ရပ္ရွ္ဖို႔ဒ္ႏွင့္ ဂါနာတို႔ကိုလည္း ဆိုးလ္ရွားက ခ်ီးက်ဴးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

[unicode]

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ပါ့သ်ဂလိုရီအသင်းအား (၂-ဝ)ဂိုးဖြင့်အနိုင်ရခဲ့သည့် ရာသီကြိုခြေစမ်းပွဲမှ အသင်း၏ ခြေစွမ်းကို ကျေ နပ်ကြောင်း ပြောကြားခဲ့ပါတယ်။မန်ယူအသင်း ဟာ အဆိုပါပွဲစဉ်မှာ သြစတြေးလျကလပ် ပ့ါသ်ဂလိုရီအသင်းကို ရပ်ရှ်ဖို့ဒ်၊ ဂျိမ်းစ်ဂါနာတို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ဆိုးလ်ရှားက ပြောကြားခဲ့ရာမှာတော့ ”ဒီပွဲမှာ ကျွန်တော်တို့အနေနဲ့ တစ်ပွဲလုံး ဘောလုံးပိုင် ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပါတယ်။ ပါ့သ်ဂလိုရီအသင်းဟာ ဒီနေ့ပွဲမှာ စုစုစည်းစည်းနဲ့ ရင်ဆိုင်သွားခဲ့ပြီး ကျွန်တော်တို့အသင်းကို နေရာ လွတ်တွေ သိပ်မပေးခဲ့ပါဘူး။ ပထမပိုင်းမှာ သူတို့ရဲ့ရည်ရွယ်ချက်က အောင်မြင်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ ကျွန်တော်တို့အသင်းနိုင် ပွဲရခဲ့ ပါ တယ်” ဟုပြောဆိုခဲ့ပါတယ်။ထို့ပြင် အဆိုပါပွဲစဉ်၌ ပွဲထွက်ကစားခဲ့သူ ဒန်နီရယ်လ်ဂျိမ်းစ်နှင့်ပတ်သက်ပြီး ဆိုးလ်ရှားက ချီးကျူးစကားဆိုခဲ့ပါတယ်။ဒန်နီရယ်လ်ဂျိမ်းစ်နှင့် ပတ်သက်ပြီး ” ဒီနေ့ပွဲမှာ ဒန်နီရယ်လ်ဂျိမ်းစ်အနေနဲ့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဒါဟာ သူ့အတွက် ပွဲထွက်ကောင်းခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ ကျွန်တော်တို့က ဂျိမ်းစ်ကို ပိုမိုရင့်ကျက်တဲ့ ကစားသမားဖြစ်အောင် ပြုလုပ်ပေးသွားမှာဖြစ်ပြီး ရာသီသစ်မှာ သူ့ရဲ့ကစားပုံ က စိတ်လှုပ်ရှားစရာတွေ ယူဆောင်လာလိမ့်မယ်လို့ထင်ပါတယ်” ဟုပြောကြားခဲ့ပါတယ်။ပ့ါသ်ဂလိုရီနှင့်ပွဲတွင် အနိုင်ဂိုးများသွင်းယူခဲ့ကြ သည့် ရပ်ရှ်ဖို့ဒ်နှင့် ဂါနာတို့ကိုလည်း ဆိုးလ်ရှားက ချီးကျူးမှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *