သူခိုးကို ဘ႑ာစိုး ထားဖို႔ စီစဥ္ေနတဲ့ ဆိုးလ္ရွား

Premier League

သူခိုးကို ဘ႑ာစိုး ထားဖို႔ စီစဥ္ေနတဲ့ ဆိုးလ္ရွား
———————————

နည္းၿပ ဆိုးလ္ရွားက အသင္းမွာ အနာဂတ္လႈပ္ခတ္ေနတဲ့ ေပါ့ဘာအား အသင္းေခါင္းေဆာင္အျဖစ္ ခန္႔အပ္ရန္ စဥ္းစားေနေၾကာင္း ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။ျပင္သစ္ကြင္းလယ္လူ ေပါ့ဘာ ဟာ ယခုေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ မန္ယူအသင္းမွ ထြက္ခြာ မည္ဟု သတင္းထြက္ေနသူျဖစ္ၿပီး ၄င္းကိုေခၚယူရန္ ရီးယဲလ္မက္ဒရစ္အသင္းႏွင့္ ဂ်ဴဗင္တပ္စ္အသင္းတို႔က စိတ္ဝင္စားေနၾကၿပီး ဂ်ဴဗင္ တပ္စ္အသင္းကေတာ့ ၎ရဲ႕ ေျပာင္းေရႊ႕ေၾကာင့္ လက္ေလ်ာ့သြားခဲ့ၿပီျဖစ္ပါတယ္။သို႔ေပမယ့္ မန္ယူအသင္းနည္းၿပ ဆိုးလ္ရွားက ေပါ့ ဘာအား အသင္းေခါင္းေဆာင္အျဖစ္ ခန္႔အပ္ရန္ စဥ္းစားေနေၾကာင္း ပါ့သ္ဂလိုရီအား (၂-၀)ဂိုးျဖင့္အနိုင္ရသည့္ ေျခစမ္းပြဲအၿပီးတြင္ ေျပာ ၾကားခဲ့ပါတယ္။ပါ့သ္ဂလိုရီႏွင့္ ပြဲစဥ္အၿပီးတြင္ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲ၌ ေပါ့ဘာအား အသင္းေခါင္းေဆာင္အျဖစ္ခန္႔အပ္ရန္ ရွိသလားဟု မီဒီယာမ်ားက ဆိုးလ္ရွားကို ေမးျမန္းခဲ့ၾကပါတယ္။

အဆိုပါေမးခြန္းကို ဆိုးလ္ရွားကျပန္လည္ေျဖၾကားခဲ့ရာမွာေတာ့ ”ဟုတ္ကဲ့။ ဒါေပမဲ့ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီးေတာ့ ကၽြန္ေတာ္ရွင္းျပဖို႔ မလိုဘူးလို႔ထင္ပါတယ္။ အသင္းေခါင္းေဆာင္ ကိစၥနဲ႔ပတ္သက္ၿပီး ေနာက္ပိုင္းမွာ ကၽြန္ေတာ္တို႔ ေဆြးေႏြးသြားမွာပါ။ ကၽြန္ေတာ့္အေနနဲ႔ မန္ယူအသင္းေခါင္းေဆာင္ကို လာမယ့္ရာသီမစတင္မီမွာ ေၾကညာသြားမွာျဖစ္ပါတယ္။ အခုအခ်ိန္မွာ အသင္းေခါင္းေဆာင္ ရာထူးနဲ႔ ပတ္ သက္ၿပီး ကစားသမားေတြရဲ့ စြမ္းေဆာင္မႈေတြကို ကၽြန္ေတာ္တို႔ ေစာင့္ၾကည့္ေနပါတယ္။ အသင္းေခါင္းေဆာင္မေရြးခ်ယ္ရေသးခင္အထိ အက္ရွ္ေလယန္းက မန္ယူအသင္းရဲ့အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူေဆာင္ရြက္ပါလိမ့္မယ္” ဟုေျပာၾကားခဲ့ပါတယ္။မန္ယူအသင္း ၏ အသင္းေခါင္းေဆာင္ျဖစ္သူ ဗလင္စီယာမွာ ယခုေႏြရာသီတြင္ အသင္းႏွင့္ လမ္းခြဲခဲ့ၿပီး ၿပီးခဲ့သည့္ ၂၀၁၈-၁၉ ရာသီက မန္ယူအသင္း၏ ပြဲစဥ္မ်ားတြင္ အက္ရွ္ေလယန္းက အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူကစားခဲ့တာျဖစ္ပါတယ္။

[unicode]

နည်းပြ ဆိုးလ်ရှားက အသင်းမှာ အနာဂတ်လှုပ်ခတ်နေတဲ့ ပေါ့ဘာအား အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ရန် စဉ်းစားနေကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာ ဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူအသင်းမှ ထွက်ခွာ မည်ဟု သတင်းထွက်နေသူဖြစ်ပြီး ၎င်းကိုခေါ်ယူရန် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့က စိတ်ဝင်စားနေကြပြီး ဂျူဗင် တပ်စ်အသင်းကတော့ ၎င်းရဲ့ ပြောင်းရွှေ့ကြောင့် လက်လျော့သွားခဲ့ပြီဖြစ်ပါတယ်။သို့ပေမယ့် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ပေါ့ ဘာအား အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ရန် စဉ်းစားနေကြောင်း ပါ့သ်ဂလိုရီအား (၂-ဝ)ဂိုးဖြင့်အနိုင်ရသည့် ခြေစမ်းပွဲအပြီးတွင် ပြော ကြားခဲ့ပါတယ်။ပါ့သ်ဂလိုရီနှင့် ပွဲစဉ်အပြီးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပေါ့ဘာအား အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ရန် ရှိသလားဟု မီဒီယာများက ဆိုးလ်ရှားကို မေးမြန်းခဲ့ကြပါတယ်။အဆိုပါမေးခွန်းကို ဆိုးလ်ရှားကပြန်လည်ဖြေကြားခဲ့ရာမှာတော့ ”ဟုတ်ကဲ့။ ဒါပေမဲ့ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ရှင်းပြဖို့ မလိုဘူးလို့ထင်ပါတယ်။ အသင်းခေါင်းဆောင် ကိစ္စနဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ။ ကျွန်တော့်အနေနဲ့ မန်ယူအသင်းခေါင်းဆောင်ကို လာမယ့်ရာသီမစတင်မီမှာ ကြေညာသွားမှာဖြစ်ပါတယ်။ အခုအချိန်မှာ အသင်းခေါင်းဆောင် ရာထူးနဲ့ ပတ် သက်ပြီး ကစားသမားတွေရဲ့ စွမ်းဆောင်မှုတွေကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ အသင်းခေါင်းဆောင်မရွေးချယ်ရသေးခင်အထိ အက်ရှ်လေယန်းက မန်ယူအသင်းရဲ့အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်ပါလိမ့်မယ်” ဟုပြောကြားခဲ့ပါတယ်။မန်ယူအသင်း ၏ အသင်းခေါင်းဆောင်ဖြစ်သူ ဗလင်စီယာမှာ ယခုနွေရာသီတွင် အသင်းနှင့် လမ်းခွဲခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက မန်ယူအသင်း၏ ပွဲစဉ်များတွင် အက်ရှ်လေယန်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *