ပါ့သ္ဂလိုရီအား ၂-၀ ဂိုးျဖင့္ အနိုင္ရရွိခဲ့တဲ့ပြဲအၿပီးမွာ ဒန္နီရယ္ ဂ်ိမ္းစ္ နဲ႔ ပတ္သတ္ၿပီး ပရိသတ္ေတြ ခ်ီးက်ဴးစကားဆို

Premier League

ပါ့သ္ဂလိုရီအား ၂-၀ ဂိုးျဖင့္ အနိုင္ရရွိခဲ့တဲ့ပြဲအၿပီးမွာ ဒန္နီရယ္ ဂ်ိမ္းစ္ နဲ႔ ပတ္သတ္ၿပီး ပရိသတ္ေတြ ခ်ီးက်ဴးစကားဆို
—————————-

မေန႔က ကစားခဲ့တဲ့ ပထမဆုံးပြဲအၿပီးမွာေတာ့ မန္ယူပရိသတ္ေတြဟာ ဒန္နီရယ္ ဂ်ိမ္းစ္ နဲ႔ ပတ္သတ္ၿပီး ခ်ီးက်ဴးေျပာဆိုမႈေတြ ရွိခဲ့ၾကပါ တယ္။ဂ်ိမ္းစ္ဟာ ဒီေႏြရာသီတြင္ ဆြမ္ဆီးကေန အိုထရက္ဖို႔ဒ္သို႔ေျပာင္းေရြ႕လာခဲ့တာျဖစ္ၿပီး ပါ့သ္ဂလိုရီအား ၂-၀ ဂိုးျဖင့္ အနိုင္ရရွိခဲ့တဲ့ အိုလီဂန္နာဆိုးလ္ရွားရဲ့ အသင္းအတြက္ ပထမဆုံး ကစားေပးခဲ့တာျဖစ္ပါတယ္။ ေတာင္ပံကစားသမားဟာ ေျခစြမ္းၿပ ကစားထားခဲ့တာ ျဖစ္ေသာ္လည္း အခ်ိဳ႕ေသာ မန္ယူပရိသတ္မ်ားကေတာ့ သူ႔ရဲ့ ကစားပုံႏွင့္ပတ္သတ္ၿပီး ဆိုရွယ္မီဒီယာတြင္ အမြန္းတင္ေရးသားခဲ့ၾကပါ တယ္။” ပြဲတစ္ပြဲလံုးကို ၾကည့္မယ္ဆိုရင္ ကစားပုံကေကာင္းပါတယ္။ ဂရင္းဝုဒ္၊ ဂိုးမက္စ္တို႔ဟာ ကၽြန္ေတာ္တို႔ လိုအပ္တဲ့ ၊ ကၽြန္ေတာ္တို႔ ျမင္ခ်င္တဲ့ ပုံစံမ်ိဳးကိုျပသခဲ့သလို ရက္ခ်္ဖို႔ဒ္ကလည္း ဂိုးသြင္းယူနိုင္ခဲ့ၿပီး ေပါ့ပ္ဘာကလည္း ထိန္းခ်ဳပ္ ၿပီးကစားနိုင္ခဲ့ပါတယ္။

ဝမ္ဘစ္စကာကလည္း ဘာေၾကာင့္သူ႔အတြက္ ေငြပမာဏမ်ားမ်ားေပးခဲ့ရလဲဆိုတာကို ျပသခဲ့ၿပီး ဒယ္နီဂ်ိမ္းစ္ကလည္း ေကာင္းမြန္ခဲ့ပါ တယ္ ” လို႔ ဂ်ိဳ႕ခ်္ လို႔အမည္ရတဲ့ ပရိသတ္က ေရးသားထားပါတယ္။”ကၽြန္ေတာ္ဟာ အပိုေတြကိုေျပာဆိုတက္တဲ့သူမဟုတ္ပါဘူး။ သို႔ေပမဲ့ ဒယ္နီရယ္ဂ်ိမ္းစ္ဟာ ကမၻာေပၚရွိအေကာင္းဆုံး ကစားသမားတစ္ေယာက္ဆိုတာ ေသခ်ာပါတယ္ ” လို႔ ရြိဳင္ယန္ လို႔အမည္ရတဲ့ ပရိသတ္ က ေရးသားထားပါတယ္။”ဒယ္နီဂ်ိမ္းဟာ မန္ယူအတြက္ ေတာက္ပလာတဲ့ ကစားသမားတစ္ေယာက္ပါ။ ကၽြန္ေတာ္ဟာ ဆႏၵေစာၿပီး အ လြန္အက်ဴးေျပာဆိုတာမဟုတ္ပါဘူး။ ေနာက္ဆုံးမွာေတာ့ ကမၻာ့ အေကာင္းဆုံး ကစားသမားျဖစ္တဲ့ မက္ဆီႏွင့္ ေရာ္နယ္ဒိုကို စိန္ေခၚမည့္ ကစားသမားေပၚထြက္လာပါၿပီ ” လို႔ ဂၽြန္နသန္ရွယ္ဂါ လို႔အမည္ရတဲ့ ပရိသတ္က ေရးသားထားပါတယ္။

[unicode]

မနေ့က ကစားခဲ့တဲ့ ပထမဆုံးပွဲအပြီးမှာတော့ မန်ယူပရိသတ်တွေဟာ ဒန်နီရယ် ဂျိမ်းစ် နဲ့ ပတ်သတ်ပြီး ချီးကျူးပြောဆိုမှုတွေ ရှိခဲ့ကြပါ တယ်။ဂျိမ်းစ်ဟာ ဒီနွေရာသီတွင် ဆွမ်ဆီးကနေ အိုထရက်ဖို့ဒ်သို့ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး ပါ့သ်ဂလိုရီအား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ အိုလီဂန်နာဆိုးလ်ရှားရဲ့ အသင်းအတွက် ပထမဆုံး ကစားပေးခဲ့တာဖြစ်ပါတယ်။ တောင်ပံကစားသမားဟာ ခြေစွမ်းပြ ကစားထားခဲ့တာ ဖြစ်သော်လည်း အချို့သော မန်ယူပရိသတ်များကတော့ သူ့ရဲ့ ကစားပုံနှင့်ပတ်သတ်ပြီး ဆိုရှယ်မီဒီယာတွင် အမွန်းတင်ရေးသားခဲ့ကြပါ တယ်။” ပွဲတစ်ပွဲလုံးကို ကြည့်မယ်ဆိုရင် ကစားပုံကကောင်းပါတယ်။ ဂရင်းဝုဒ်၊ ဂိုးမက်စ်တို့ဟာ ကျွန်တော်တို့ လိုအပ်တဲ့ ၊ ကျွန်တော်တို့ မြင်ချင်တဲ့ ပုံစံမျိုးကိုပြသခဲ့သလို ရက်ချ်ဖို့ဒ်ကလည်း ဂိုးသွင်းယူနိုင်ခဲ့ပြီး ပေါ့ပ်ဘာကလည်း ထိန်းချုပ် ပြီးကစားနိုင်ခဲ့ပါတယ်။ဝမ်ဘစ်စကာကလည်း ဘာကြောင့်သူ့အတွက် ငွေပမာဏများများပေးခဲ့ရလဲဆိုတာကို ပြသခဲ့ပြီး ဒယ်နီဂျိမ်းစ်ကလည်း ကောင်းမွန်ခဲ့ပါ တယ် ” လို့ ဂျို့ချ် လို့အမည်ရတဲ့ ပရိသတ်က ရေးသားထားပါတယ်။”ကျွန်တော်ဟာ အပိုတွေကိုပြောဆိုတက်တဲ့သူမဟုတ်ပါဘူး။ သို့ပေမဲ့ ဒယ်နီရယ်ဂျိမ်းစ်ဟာ ကမ္ဘာပေါ်ရှိအကောင်းဆုံး ကစားသမားတစ်ယောက်ဆိုတာ သေချာပါတယ် ” လို့ ရွိုင်ယန် လို့အမည်ရတဲ့ ပရိသတ် က ရေးသားထားပါတယ်။”ဒယ်နီဂျိမ်းဟာ မန်ယူအတွက် တောက်ပလာတဲ့ ကစားသမားတစ်ယောက်ပါ။ ကျွန်တော်ဟာ ဆန္ဒစောပြီး အ လွန်အကျူးပြောဆိုတာမဟုတ်ပါဘူး။ နောက်ဆုံးမှာတော့ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဖြစ်တဲ့ မက်ဆီနှင့် ရော်နယ်ဒိုကို စိန်ခေါ်မည့် ကစားသမားပေါ်ထွက်လာပါပြီ ” လို့ ဂျွန်နသန်ရှယ်ဂါ လို့အမည်ရတဲ့ ပရိသတ်က ရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *