အဲဗာတန္ ကို ေခၚယူဖို႔ ဆက္သြယ္မႈေတြ ျပဳလုပ္ေနတဲ့ အာဆင္နယ္ နည္းစနစ္ဒါရိုက္တာ အီဒူး

Premier League

အဲဗာတန္ ကို ေခၚယူဖို႔ ဆက္သြယ္မႈေတြ ျပဳလုပ္ေနတဲ့ အာဆင္နယ္ နည္းစနစ္ဒါရိုက္တာ အီဒူး
—————————

ဘရာဇီးကလာတဲ့ သတင္းေတြအရ အာဆင္နယ္အသင္း ဟာ ဘရာဇီးလ္ နဲ႔ ဂရီမီယို ေတာင္ပံကစားသမားေလး အဲဗာတန္ ကို ေခၚယူဖို႔ ဆက္သြယ္မႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။အဲဗာတန္ဟာ ေနမာ မပါ၀င္ႏိုင္တဲ့ ဘရာဇီးလ္ အသင္းမွာ အဓိက ကစားသမားအျဖစ္ ပါဝင္ခြင့္ရခဲ့ၿပီး အေကာင္းဆံုးေျခစြမ္းျပသခဲ့ၿပီး ၿပိဳင္ပြဲတစ္ေလ်ာက္ ၃ ဂိုး သြင္းယူကာ ေရႊဖိနပ္ဆု ရရွိခဲ့ပါတယ္။ အလားတူ ဗိုလ္လု ပြဲ မွာ လည္း အေကာင္းဆုံးကစားဆုကို ရရွိခဲ့ပါေသးတယ္။

အာဆင္နယ္အသင္းဟာ အဲဗာတန္အတြက္ ေဆြးေႏြးမႈေတြကို ကိုပါအေမရိကဖလား ၿပိဳင္ပြဲမွာကတည္းက စတင္ခဲ့တာျဖစ္ၿပီး ဘရာဇီး လ္ ကစားသမားေလးကို စည္း႐ုံးနိုင္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။GloboEsporte ရဲ့ အဆိုအရ အာဆင္နယ္ အသင္းရဲ႕ နည္းစနစ္ ဒါရိုက္တာ ျဖစ္သူ အီဒူးဟာ အဲဗာတန္ရဲ့ ေအးဂ်င့္ျဖစ္သူ ဂလီမာ ဗီေလာ့စ္နဲ႔ စကားေျပာဆိုမႈေတြရွိခဲ့တယ္လို႔ သိရပါတယ္။ အာဆင္နယ္ အသင္းဟာ ယခုအခ်ိန္မွာေတာ့ တရား ဝင္ ကမ္းလွမ္းမႈ ျပဳလုပ္သြားဖို႔ ျပင္ဆင္ေနခဲ့ၿပီ ျဖစ္ပါတယ္။ဒါေပမယ့္ ဂန္းနားေတြဟာ အက္သ လက္တီကို မက္ဒရစ္အသင္းနဲ႔ အၿပိဳင္ ေခၚ ယူ သြားရဖြယ္ ရွိေနၿပီး စပိန္အသင္းဟာ ေပါင္ ၃၀.၅ သန္းကို ေပးေခ်သြားဖို႔ အသင့္ရွိေန တယ္ လို႔ သိရ ပါတယ္။

[unicode]

ဘရာဇီးကလာတဲ့ သတင်းတွေအရ အာဆင်နယ်အသင်း ဟာ ဘရာဇီးလ် နဲ့ ဂရီမီယို တောင်ပံကစားသမားလေး အဲဗာတန် ကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။အဲဗာတန်ဟာ နေမာ မပါဝင်နိုင်တဲ့ ဘရာဇီးလ် အသင်းမှာ အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီး ပြိုင်ပွဲတစ်လျောက် ၃ ဂိုး သွင်းယူကာ ရွှေဖိနပ်ဆု ရရှိခဲ့ပါတယ်။ အလားတူ ဗိုလ်လု ပွဲ မှာ လည်း အကောင်းဆုံးကစားဆုကို ရရှိခဲ့ပါသေးတယ်။အာဆင်နယ်အသင်းဟာ အဲဗာတန်အတွက် ဆွေးနွေးမှုတွေကို ကိုပါအမေရိကဖလား ပြိုင်ပွဲမှာကတည်းက စတင်ခဲ့တာဖြစ်ပြီး ဘရာဇီး လ် ကစားသမားလေးကို စည်းရုံးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။GloboEsporte ရဲ့ အဆိုအရ အာဆင်နယ် အသင်းရဲ့ နည်းစနစ် ဒါရိုက်တာ ဖြစ်သူ အီဒူးဟာ အဲဗာတန်ရဲ့ အေးဂျင့်ဖြစ်သူ ဂလီမာ ဗီလော့စ်နဲ့ စကားပြောဆိုမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ် အသင်းဟာ ယခုအချိန်မှာတော့ တရား ဝင် ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ပြင်ဆင်နေခဲ့ပြီ ဖြစ်ပါတယ်။ဒါပေမယ့် ဂန်းနားတွေဟာ အက်သ လက်တီကို မက်ဒရစ်အသင်းနဲ့ အပြိုင် ခေါ် ယူ သွားရဖွယ် ရှိနေပြီး စပိန်အသင်းဟာ ပေါင် ၃၀.၅ သန်းကို ပေးချေသွားဖို့ အသင့်ရှိနေ တယ် လို့ သိရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *