နည်းပြလောကထဲမှာ ပြန်လည်မြင်တွေ့ရတော့မယ့် မော်ရင်ညို
Premier League
နည်းပြလောကထဲမှာ ပြန်လည်မြင်တွေ့ရတော့မယ့် မော်ရင်ညို
———————-
[unicode]
မန်ချက်စတာ ယူနိုက်တက်အသင်းက ထွက်ခွာခဲ့ပြီးအသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ နည်းပြဟောင်း မော်ရင်ညိုကတော့ သူ့အတွက် များပြား တဲ့ အလုပ်တွေကမ်းလှမ်းနေပေမယ့် အမှန်ကန်ဆုံးဖြစ်နိုင်မယ့် ကလပ်အသင်းကိုသာ ရွေးချယ်မယ်လို့ဆိုပါတယ်။ ယူနိုက်တက်အသင်း မှာ (၂) နှစ်ခွဲကြာဖြတ်သန်းခဲ့ပြီးချိန်မှာတော့ မော်ရင်ညိုအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီး ဘောလုံးလောကနဲ့ ကင်းကွာ နေ ခဲ့တာဆိုရင် (၇) လခန့်ရှိနေပါပြီ။အသင်းက ထွက်ခွာပြီးတည်းက မော်ရင်ညိုကို နယူးကာဆယ် ၊ လိုင်ယွန် ၊ ဘင်ဖီကာအသင်းတွေ က ချိတ်ဆက်မှုတွေရှိနေခဲ့ပေမယ့် မော်ရင်ညိုက ငြင်းဆန်ထားခဲ့ပြီး သူ့အတွက် ပြီးပြည့်စုံတဲ့ အသင်းတစ်သင်းကိုသာ ပြောင်းရွှေ့နည်းပြ မယ် လို့ မော်ရင်ညိုက ဆိုပါတယ်။“ နည်းပြလောကကို တော်တေ်ာလေးကို ပြန်ဝင်ချင်နေပါပြီ။ဒါပေမယ့် မှန်ကန်တဲ့အသင်းတစ်သင်း ၊ ကောင်းမွန်တဲ့ အစီအစဉ်တွေရှိနေ ခဲ့တဲ့ အသင်းတစ်သင်းကိုသာ ပြောင်းရွှေ့ဖို့အတွက် လက်ခံသွားမှာပါ။ဘောလုံးအားကစားနည်းတစ်ခုတည်းမှမဟုတ်ပါဘူး တခြားအား ကစားနည်းတွေကလည်း ကျွန်တော့်အတွက်ကို ဆွဲဆောင်မှုရှိနေပါတယ်” လို့ မော်ရင်ညိုကဆိုပါတယ်။မော်ရင်ညို အနေနဲ့ အသင်းအ တွက် ပထမဆုံးရာသီမှာ ယူရိုပါလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းရလဒ်ဆိုးရွားမှုတွေကြောင့် အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီး ယူနိုက်တက်အသင်းက တိုက်စစ်မှူးဟောင်း ဆိုးလ်ရှားကို နည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *