နိုင္ငံပြဲေတြကစားၿပီး ခြင့္မယူပဲ ကလပ္အသင္းနဲ႔ ပူးေပါင္းလာတဲ့ ပူလီဆစ္ ကို လမ္းပတ္ ခ်ီးက်ဴးစကားဆို

Premier League

နိုင္ငံပြဲေတြကစားၿပီး ခြင့္မယူပဲ ကလပ္အသင္းနဲ႔ ပူးေပါင္းလာတဲ့ ပူလီဆစ္ ကို လမ္းပတ္ ခ်ီးက်ဴးစကားဆို
—————————————

အေမရိကန္အသင္းနဲ႔ ကြန္ကာကပ္ဖ္ေရႊဖလား ကစားထားလို႔ ခြင့္ရက္ ယူခြင့္ရွိထားတဲ့ ပူလီဆစ္ အေနနဲ႔ ခြင့္ရက္ရွည္မယူပဲ ခ်ဲလ္ဆီး အ သင္းနဲ႔အတူ ရာသီႀကိဳ ေျခစမ္း ခရီးစဥ္ လိုက္ပါဖို႔ ဆုံးျဖတ္ခဲ့တဲ့ ပူလီဆစ္ကို အသင္းနည္းျပ လမ္းပတ္က ခ်ီးက်ဴးမႈ ျပလုပ္ခဲ့တယ္လို႔ Metro က ေဖာ္ျပပါတယ္။အသက္၂၀ အရြယ္သာ ရွိေသးတဲ့ အေမရိကန္ ေတာင္ပံ ကစားသမား ပူလီဆစ္ကို ခ်ဲလ္ဆီးအသင္းကေျပာင္း ေရႊ႕ေၾကး ေပါင္ ၅၈ သန္းနဲ႔ မႏွစ္ကတည္းက ေခၚယူထား ေပမယ့္ ေဒါ့မြန္အသင္းကို ရာသီကုန္အထိ အငွားဆက္လက္ခ်ထားတာလည္း ျဖစ္ပါတယ္။ပူလီဆစ္အေနနဲ႔ အေမရိကန္အသင္းနဲ႔အတူ ကိုကာကပ္ေရႊဖလားၿပိဳင္ပြဲမွာ ေျခစြမ္းျပ ကစားခဲ့ေပမယ့္လည္း ဗိုလ္လုပြဲမွာ မကၠဆီကိုအသင္းကို အေရးနိမ့္ခဲ့တာေၾကာင့္ ဆုဖလားနဲ႔ေတာ့ ေ၀းခဲ့ရပါတယ္။

မိသားစုနဲ႔အတူ အပန္းေျဖဖို႔ ခြင့္ရက္ရထားေပမယ့္လည္း ခ်ဲလ္ဆီးအသင္းရဲ႕ ရာသီႀကိဳ ဂ်ပန္ေျခစမ္း ခရီးစဥ္ကို လိုက္ပါဖို႔ ဆုံးျဖတ္ခဲ့တဲ့ အေပၚမွာ နည္းျပ လမ္းပတ္က ခ်ီးက်ဴးလိုက္တာ လည္း ျဖစ္ပါတယ္။“ ပူလီဆစ္ လာမယ့္ အဂၤါေန႔မွာ အသင္းနဲ႔ လာေရာက္ပူးေပါင္းပါမယ္၊ သူ႔ကို နားရက္ေပးထားေပမယ့္ သူက ေတာ့ အသင္းနဲ႔ အျမန္ဆုံး ပူးေပါင္းခ်င္ေနတာပါ။ သူ႔ရဲ႕ အျပဳအမူကိုေတာ့ ကၽြန္ေတာ္ ခ်ီးက်ဴးသလို အသိအမွတ္လည္း ျပဳပါတယ္။” လို႔ လမ္းပတ္က Goal.com သတင္းဌာနကို ေျပာသြားပါတယ္။ခ်ဲလ္ဆီးအသင္း ကေတာ့အိုင္ယာ လန္ ႏိုင္ငံမွာ ရာသီႀကိဳ ေျခစမ္း ခရီးစဥ္ ၂ ပြဲကစားခဲ့ၿပီး တစ္ပြဲသေရ တစ္ပြဲႏိုင္ခဲ့ကာ ဂ်ပန္ႏိုင္ငံကို ေျခစမ္း ခရီး ဆက္လက္ထြက္ခြာ ရမွာျဖစ္ပါ တယ္။

[unicode]

အမေရိကန်အသင်းနဲ့ ကွန်ကာကပ်ဖ်ရွှေဖလား ကစားထားလို့ ခွင့်ရက် ယူခွင့်ရှိထားတဲ့ ပူလီဆစ် အနေနဲ့ ခွင့်ရက်ရှည်မယူပဲ ချဲလ်ဆီး အ သင်းနဲ့အတူ ရာသီကြို ခြေစမ်း ခရီးစဉ် လိုက်ပါဖို့ ဆုံးဖြတ်ခဲ့တဲ့ ပူလီဆစ်ကို အသင်းနည်းပြ လမ်းပတ်က ချီးကျူးမှု ပြလုပ်ခဲ့တယ်လို့ Metro က ဖော်ပြပါတယ်။အသက်၂၀ အရွယ်သာ ရှိသေးတဲ့ အမေရိကန် တောင်ပံ ကစားသမား ပူလီဆစ်ကို ချဲလ်ဆီးအသင်းကပြောင်း ရွှေ့ကြေး ပေါင် ၅၈ သန်းနဲ့ မနှစ်ကတည်းက ခေါ်ယူထား ပေမယ့် ဒေါ့မွန်အသင်းကို ရာသီကုန်အထိ အငှားဆက်လက်ချထားတာလည်း ဖြစ်ပါတယ်။ပူလီဆစ်အနေနဲ့ အမေရိကန်အသင်းနဲ့အတူ ကိုကာကပ်ရွှေဖလားပြိုင်ပွဲမှာ ခြေစွမ်းပြ ကစားခဲ့ပေမယ့်လည်း ဗိုလ်လုပွဲမှာ မက္ကဆီကိုအသင်းကို အရေးနိမ့်ခဲ့တာကြောင့် ဆုဖလားနဲ့တော့ ဝေးခဲ့ရပါတယ်။မိသားစုနဲ့အတူ အပန်းဖြေဖို့ ခွင့်ရက်ရထားပေမယ့်လည်း ချဲလ်ဆီးအသင်းရဲ့ ရာသီကြို ဂျပန်ခြေစမ်း ခရီးစဉ်ကို လိုက်ပါဖို့ ဆုံးဖြတ်ခဲ့တဲ့ အပေါ်မှာ နည်းပြ လမ်းပတ်က ချီးကျူးလိုက်တာ လည်း ဖြစ်ပါတယ်။“ ပူလီဆစ် လာမယ့် အင်္ဂါနေ့မှာ အသင်းနဲ့ လာရောက်ပူးပေါင်းပါမယ်၊ သူ့ကို နားရက်ပေးထားပေမယ့် သူက တော့ အသင်းနဲ့ အမြန်ဆုံး ပူးပေါင်းချင်နေတာပါ။ သူ့ရဲ့ အပြုအမူကိုတော့ ကျွန်တော် ချီးကျူးသလို အသိအမှတ်လည်း ပြုပါတယ်။” လို့ လမ်းပတ်က Goal.com သတင်းဌာနကို ပြောသွားပါတယ်။ချဲလ်ဆီးအသင်း ကတော့အိုင်ယာ လန် နိုင်ငံမှာ ရာသီကြို ခြေစမ်း ခရီးစဉ် ၂ ပွဲကစားခဲ့ပြီး တစ်ပွဲသရေ တစ်ပွဲနိုင်ခဲ့ကာ ဂျပန်နိုင်ငံကို ခြေစမ်း ခရီး ဆက်လက်ထွက်ခွာ ရမှာဖြစ်ပါ တယ်။

Leave a Reply

Your email address will not be published. Required fields are marked *