လူကာကူ ကို မန်ယူ အသင်းထံမှ အရစ်ကျစနစ်ဖြင့် ကမ်းလှမ်းထားတဲ့ အင်တာမီလန်

Premier League

လူကာကူ ကို မန်ယူ အသင်းထံမှ အရစ်ကျစနစ်ဖြင့် ကမ်းလှမ်းထားတဲ့ အင်တာမီလန်
——————————-



[unicode]

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူအတွက် ပြောင်းရွှေ့ကြေး ယူရို ၈၅ သန်းရရှိရန် အင်တာမီ လန် အသင်းထံ တောင်းဆိုထားကြောင်း သိရပါတယ်။အင်တာမီလန်အသင်းက လူကာကူကို ခေါ်ယူရန် တရားဝင်ကမ်းလှမ်းထားပြီး အားကစားဒါရိုက်တာ အော်ဆီလီယိုသည် ဇူလိုင် ၁၁ ရက်က လန်ဒန်ကို သွားရောက်၍ မန်ချက်စတာယူနိုက် အသင်းတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ လူကာကူအား အဲဗာတန်အသင်းထံမှခေါ်ယူစဉ်က ပေးချေခဲ့ရသည့် ပေါင် ၇၉ သန်း (ယူရို ၈၄ ဒသမ ၇ သန်း) ထက် ပိုမိုရရှိရန် တောင်းဆိုထားခြင်းဖြစ်ရာ ပြောင်းရွှေ့ကြေးအတွက် နှစ်ဖက်သဘော တူညီမှု ရရန် ကြန့်ကြာဖွယ်လည်းရှိနေပါတယ်။အင်တာမီလန် အသင်းဘက်ကတော့ လူကာကူအား လာမည့်ရာသီတွင် ယူရို ၁၀ သန်းဖြင့် အငှားခေါ်ယူ၍ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် ယူရိုသန်း ၃၀ စီပေးချေရန် မန်ယူအသင်းသို့ကမ်းလှမ်းထားကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ ရာသီက ရက်ရှ်ဖို့ရဲ့ နောက်မှာပွဲထွက်ခွင့် ရခဲ့ သည့် လူကာကူ ဟာ အသင်းပြောင်းရွှေ့လိုနေတာဖြစ်ပြီး လက်ရှိမှာတော့ ရာသီကြိုခြေစမ်းပွဲစဉ်တွေအတွက် အသင်းနဲ့ပူးပေါင်းလျက် ရှိနေတာဖြစ်ပြီး ရာသီသစ်မှာတော့ ဆိုးလ်ရှားရဲ့ ပွဲထွက်ကစားသမား အဖြစ် ပါဝင်ခွင့်ရရှိမလားဆိုတာကိုတော့စောင့်ကြည့် ရဦးမှာဖြစ်ပါ တယ်။

Leave a Reply

Your email address will not be published. Required fields are marked *