ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေရႊ႕ဖြယ္ရွိတယ္လို႔ အရိပ္အျမြက္ေျပာဆိုသြားခဲ့တဲ့ ေကာ္တင္ဟို

Spain LaLiga Santander

ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေရႊ႕ဖြယ္ရွိတယ္လို႔ အရိပ္အျမြက္ေျပာဆိုသြားခဲ့တဲ့ ေကာ္တင္ဟို
—————————–

ဘာစီလိုနာအသင္းရဲ႕ ကြင္းလယ္တိုက္စစ္ကစားသမား ေကာ္တင္ဟိုက ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေရႊ႕ဖြယ္ရွိတယ္လို႔ အရိပ္ အျမြက္ေျပာ ဆိုသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း သူေျပာင္းေရႊ႕မယ့္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမဟုတ္ဘူးလို႔ ေကာ္ တင္ ဟိုက ဆိုခဲ့ျပီး အသင္းေဟာင္းလီဗာပူးလ္ျဖစ္ဖြယ္ရွိတယ္လို႔ သိရပါတယ္။ ဘရာဇီးလ္ကြင္းလယ္ဖန္တီးရွင္ကစားသမားဟာ အသင္း ကို ဂရစ္မန္းေရာက္ရွိလာခဲ့လို႔ ပံုမွန္ေနရာေပ်ာက္ဆံုးဖြယ္ရွိေနျပီး ႏူးကမ့္ကေန ထြက္ခြာဖို႔ နီးစပ္လာခဲ့ပါတယ္။ ေနမာရဲ႕အေျပာင္းအေရႊ႕ အတြက္လည္း ေကာ္တင္ဟိုကို ဘာစီလိုနာက အသံုးခ်သြားမယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနခဲ့ျပီး အလဲအထပ္ျပဳလုပ္ဖို႔လို႔လည္း သိရပါတယ္။


ဒါေပမယ့္လည္း ေကာ္တင္ဟိုက အသင္းေဟာင္းလီဗာပူးလ္ကို ျပန္လည္ေျပာင္းေရႊ႕ခ်င္ေနျပီး လီဗာပူးလ္ရဲ႕ ခါးသီးျပိဳင္ဘက္ ယူႏိုက္ တက္ကိုေတာ့ ေျပာင္းေရႊ႕မွာမဟုတ္ဘူးလို႔ Express က ေရးသားေဖာ္ျပသြားခဲ့ပါတယ္။ လက္ရွိမွာ ေကာ္တင္ဟိုက ကိုပါ အေမရိက ဖ လား ပြဲ ကစားအျပီး အနားယူေနျပီး မၾကာခင္မွာ ဘာစီလိုနာနဲ႔ ပူးေပါင္းရေတာ့မွာ ျဖစ္ပါတယ္။ဘာစီလိုနာအေနနဲ႔ အသင္းမွာေမွ်ာ္လင့္ သေလာက္ ေျခစြမ္းမျပႏိုင္ခဲ့တဲ့ ေကာ္တင္ဟိုကို ျပန္လည္ေရာင္းထုတ္သြားဖို႔ ၾကိဳးစားေနျပီး ေငြသား (သို႔) ေနမာအတြက္ အလဲအ ထပ္ ျပဳလုပ္ဖို႔ စီစဥ္ေနခဲ့တာျဖစ္ပါတယ္။ ေကာ္တင္ဟိုဟာ ဘာစီလိုနာကို ေရာက္ရွိခဲ့တာ တစ္ႏွစ္ေက်ာ္သာရွိေသးျပီး အင္နီေယစတာေန ရာ အတြက္ ဘာစီလိုနာကေမွ်ာ္လင့္ခဲ့ေပမယ့္ အစားမထိုးႏိုင္ခဲ့တာျဖစ္ပါတယ္။

[unicode]

ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုက ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ အရိပ် အမြွက်ပြော ဆိုသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူပြောင်းရွှေ့မယ့်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းမဟုတ်ဘူးလို့ ကော် တင် ဟိုက ဆိုခဲ့ပြီး အသင်းဟောင်းလီဗာပူးလ်ဖြစ်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဘရာဇီးလ်ကွင်းလယ်ဖန်တီးရှင်ကစားသမားဟာ အသင်း ကို ဂရစ်မန်းရောက်ရှိလာခဲ့လို့ ပုံမှန်နေရာပျောက်ဆုံးဖွယ်ရှိနေပြီး နူးကမ့်ကနေ ထွက်ခွာဖို့ နီးစပ်လာခဲ့ပါတယ်။ နေမာရဲ့အပြောင်းအရွှေ့ အတွက်လည်း ကော်တင်ဟိုကို ဘာစီလိုနာက အသုံးချသွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး အလဲအထပ်ပြုလုပ်ဖို့လို့လည်း သိရပါတယ်။ဒါပေမယ့်လည်း ကော်တင်ဟိုက အသင်းဟောင်းလီဗာပူးလ်ကို ပြန်လည်ပြောင်းရွှေ့ချင်နေပြီး လီဗာပူးလ်ရဲ့ ခါးသီးပြိုင်ဘက် ယူနိုက် တက်ကိုတော့ ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ Express က ရေးသားဖော်ပြသွားခဲ့ပါတယ်။ လက်ရှိမှာ ကော်တင်ဟိုက ကိုပါ အမေရိက ဖ လား ပွဲ ကစားအပြီး အနားယူနေပြီး မကြာခင်မှာ ဘာစီလိုနာနဲ့ ပူးပေါင်းရတော့မှာ ဖြစ်ပါတယ်။ဘာစီလိုနာအနေနဲ့ အသင်းမှာမျှော်လင့် သလောက် ခြေစွမ်းမပြနိုင်ခဲ့တဲ့ ကော်တင်ဟိုကို ပြန်လည်ရောင်းထုတ်သွားဖို့ ကြိုးစားနေပြီး ငွေသား (သို့) နေမာအတွက် အလဲအ ထပ် ပြုလုပ်ဖို့ စီစဉ်နေခဲ့တာဖြစ်ပါတယ်။ ကော်တင်ဟိုဟာ ဘာစီလိုနာကို ရောက်ရှိခဲ့တာ တစ်နှစ်ကျော်သာရှိသေးပြီး အင်နီယေစတာနေ ရာ အတွက် ဘာစီလိုနာကမျှော်လင့်ခဲ့ပေမယ့် အစားမထိုးနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *