ဂ်ဴဗင္တပ္စ္ကို ေျပာင္းေရႊ႕ျဖစ္ခဲ့တဲ့ အေၾကာင္းအရင္းကို ရမ္ေဆးဖြင့္ဟေျပာၾကား

Italy Serie A

ဂ်ဴဗင္တပ္စ္ကို ေျပာင္းေရႊ႕ျဖစ္ခဲ့တဲ့ အေၾကာင္းအရင္းကို ရမ္ေဆးဖြင့္ဟေျပာၾကား
————————————

အာဆင္နယ္ကေန ဂ်ဴဗင္တပ္စ္အသင္းကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့တဲ့ ကြင္းလယ္လူရမ္ေဆးက ဂ်ဴဗီကို ဘာလို႔ေျပာင္း ေရႊ႕ ခဲ့ရလဲဆိုတာကို ရွင္းျပသြားခဲ့ပါတယ္။ တနလၤာေန႔က ျပဳလုပ္ခဲ့ဲတဲ့ မိတ္ဆက္ပြဲအခမ္းအနားမွာ ရမ္ေဆးက ေျပာသြားခဲ့တာျဖစ္ျပီး ဂ်ဴဗင္တပ္စ္ကို ေျပာင္းေရႊ႕ႏိုင္ခဲ့တာက သူ႔အတြက္ၾကီးမားတဲ့စိန္ေခၚမႈေတြကို ရင္ဆိုင္ရမွာေၾကာင့္လို႔ ေျပာခဲ့ပါတယ္။အသက္ (၂၈)ႏွစ္ အရြယ္ ရမ္ေဆးဟာ အာဆင္နယ္အတြက္ (၁၀)ႏွစ္နီးပါးကစားေပးခဲ့ျပီး ပရီးမီးယားလိဂ္ပြဲေပါင္း (၂၆၂)ပြဲကစားခဲ့ကာ သြင္းဂိုး (၄၀)အထိ သြင္းယူေပးခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္နဲ႔ (၄)နွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ကာ တစ္ပတ္လုပ္ခ ေပါင္ (၄)သိန္းအထိ ရမ္ေဆးက ရရွိ မယ္လို႔လည္း သိရပါတယ္။

“ ဂ်ဴဗင္တပ္စ္ကို ေျပာင္းေရႊ႕ႏိုင္ခဲ့လို႔ ၀မ္းသာမိပါတယ္၊ အသင္းအတြက္အေကာင္းဆံုးကစားေပးႏိုင္ဖို႔ကို ကၽြန္ေတာ္ၾကိဳးစားသြားမွာပါ၊ ဂ်ဴဗင္တပ္စ္ကို ကၽြန္ေတာ္ဘာလို႔ ေရြးခ်ယ္ခဲ့ရတာလဲဆိုရင္ သူတို႔က ကၽြန္ေတာ့္ကို စိတ္၀င္စားေနတယ္ဆိုတဲ့ သတင္းကို ၾကားခ်ိန္မွာ ဒါ က ကၽြန္ေတာ့္ရဲ႕အိပ္မက္တစ္ခုပဲလို႔ ေတြးမိခဲ့ပါတယ္” “ ျပီးေတာ့ ၾကီးမားတဲ့စိန္ေခၚမႈတစ္ခုလည္း ျဖစ္ပါတယ္၊ တျခားအသင္းေတြ က လည္း ကၽြန္ေတာ့္ကို စိတ္၀င္စားခဲ့ေပမယ့္လည္း ဂ်ဴဗီက ကၽြန္ေတာ့္အတြက္ မွန္ကန္တဲ့အသင္းပါ၊ ဂ်ဴဗီကို ေရာက္ရွိလာခဲ့လို႔လည္း ဂုဏ္ ယူမိပါတယ္၊ ဂ်ဴဗင္တပ္စ္မွာ အရမ္းေပ်ာ္ရႊင္မိပါတယ္၊ ဒီအသင္းက ကမၻာ့အေကာင္းဆံုးအသင္းေတြထဲက တစ္သင္းပါ” လို႔ ရမ္ေဆးက ေျပာသြားခဲ့ပါတယ္။

[unicode]

အာဆင်နယ်ကနေ ဂျူဗင်တပ်စ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူရမ်ဆေးက ဂျူဗီကို ဘာလို့ပြောင်း ရွှေ့ ခဲ့ရလဲဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။ တနင်္လာနေ့က ပြုလုပ်ခဲ့ဲတဲ့ မိတ်ဆက်ပွဲအခမ်းအနားမှာ ရမ်ဆေးက ပြောသွားခဲ့တာဖြစ်ပြီး ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့နိုင်ခဲ့တာက သူ့အတွက်ကြီးမားတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာကြောင့်လို့ ပြောခဲ့ပါတယ်။အသက် (၂၈)နှစ် အရွယ် ရမ်ဆေးဟာ အာဆင်နယ်အတွက် (၁၀)နှစ်နီးပါးကစားပေးခဲ့ပြီး ပရီးမီးယားလိဂ်ပွဲပေါင်း (၂၆၂)ပွဲကစားခဲ့ကာ သွင်းဂိုး (၄၀)အထိ သွင်းယူပေးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ဂျူဗင်တပ်စ်နဲ့ (၄)နှစ်စာချုပ်ချုပ်ဆိုခဲ့ကာ တစ်ပတ်လုပ်ခ ပေါင် (၄)သိန်းအထိ ရမ်ဆေးက ရရှိ မယ်လို့လည်း သိရပါတယ်။“ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့နိုင်ခဲ့လို့ ဝမ်းသာမိပါတယ်၊ အသင်းအတွက်အကောင်းဆုံးကစားပေးနိုင်ဖို့ကို ကျွန်တော်ကြိုးစားသွားမှာပါ၊ ဂျူဗင်တပ်စ်ကို ကျွန်တော်ဘာလို့ ရွေးချယ်ခဲ့ရတာလဲဆိုရင် သူတို့က ကျွန်တော့်ကို စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းကို ကြားချိန်မှာ ဒါ က ကျွန်တော့်ရဲ့အိပ်မက်တစ်ခုပဲလို့ တွေးမိခဲ့ပါတယ်” “ ပြီးတော့ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုလည်း ဖြစ်ပါတယ်၊ တခြားအသင်းတွေ က လည်း ကျွန်တော့်ကို စိတ်ဝင်စားခဲ့ပေမယ့်လည်း ဂျူဗီက ကျွန်တော့်အတွက် မှန်ကန်တဲ့အသင်းပါ၊ ဂျူဗီကို ရောက်ရှိလာခဲ့လို့လည်း ဂုဏ် ယူမိပါတယ်၊ ဂျူဗင်တပ်စ်မှာ အရမ်းပျော်ရွှင်မိပါတယ်၊ ဒီအသင်းက ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ” လို့ ရမ်ဆေးက ပြောသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *