ဂ်ဴဗင္တပ္ အသင္းရဲ႕တုိက္စစ္မွဴး မြိဳက္စ္ကိန္းကုိ ေခၚယူခ်င္တဲ့ အသင္း ေတြထဲမွာ ပါဝင္လာခဲ့တဲ့ အာဆင္နယ္

Italy Serie A

ဂ်ဴဗင္တပ္ အသင္းရဲ႕တုိက္စစ္မွဴး မြိဳက္စ္ကိန္းကုိ ေခၚယူခ်င္တဲ့ အသင္း ေတြထဲမွာ ပါဝင္လာခဲ့တဲ့ အာဆင္နယ္
——————————–

Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းဟာ ဂ်ဴဗင္တပ္ အသင္းရဲ႕ လူငယ္တုိက္စစ္မွဴး မြိဳက္စ္ကိန္းကုိ ေခၚယူခ်င္တဲ့ အသင္း ေတြထဲမွာ ပါဝင္လာခဲ့ၿပီး ကစားသမားရဲ႕ေအးဂ်င့္ ႐ုိင္အုိလာကုိ ဆက္သြယ္ခဲ့တယ္သိရပါတယ္။ အာဆင္နယ္ကသာ မြိဳက္စ္ကိန္းကုိ ေခၚ ယူႏုိင္ခဲ့ရင္ အသင္းအတြက္ အက်ဳိးေက်းဇူး ႀကီးမားလိမ့္မယ္လုိ႔ နည္းျပ အမ္မရီက ယံုၾကည္ေနတာလည္းျဖစ္ပါတယ္။ သို႔ေပမယ့္ ဂ်ဴဗင္ တပ္စ္ အသင္းဘက္ကေတာ့ မြိဳက္စ္ကိန္းကုိ ကမ္းလွမ္းလာမႈေတြအတြက္ ေဆြးေႏြးရာမွာ ျပန္လည္ေခၚယူခြင့္ေပးရမယ္ဆုိတဲ့ အခ်က္ ထည့္ သြင္းခ်ဳပ္ဆုိေပးရမယ္လို႔ေတာင္းဆိုထားၿပီး မြိဳက္စ္ကိန္းအတြက္ ေျပာင္းေရႊ႕ေၾကး ယူ႐ုိ ၃၅ သန္းအလိုရွိေနတယ္လို႔သိရပါတယ္။

အာဆင္နယ္ အသင္းကေတာ့ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ အဆိုပါအခ်က္ကို မလိုလားပဲ ၎အခ်က္မပါပဲ မြိဳက္စ္ကိန္းအတြက္ ေျပာင္းေရႊ႕ ေၾကး ယူ႐ုိသန္း ၄၀ ေပးေခ်ဖုိ႔ အာဆင္နယ္က ဆႏၵရွိေနတယ္လို႔သိရပါတယ္။ အာဆင္နယ္ အသင္း လိုပဲ အဲဗာတန္ကလည္း မြိဳက္စ္ ကိန္း ကုိ ေခၚယူဖုိ႔ စိတ္ဝင္စားေနတယ္လို႔သိရတယ္။ ဒါေပမဲ့ အဲဗာတန္ကေတာ့ အာဆင္နယ္လုိ မဟုတ္ဘဲ ျပန္လည္ေခၚယူခြင့္ေပးရ မယ္ ဆုိတဲ့အခ်က္ ထည့္သြင္းေပးဖုိ႔ ဆႏၵရွိေနပါတယ္။ ၿပီးခဲ့တဲ့ရာသီက ဂ်ဴဗင္တပ္အသင္းမွာ ပြဲထြက္ခြင့္စတင္ရရွိခဲ့တဲ့ မြိဳက္စ္ကိန္းဟာ ၂၁ ပြဲ ကစားရာမွာ ၈ ဂုိးအထိ သြင္းယူေပးထားႏိုင္ခဲ့ပါတယ္။ မြိဳက္စ္ကိန္းရဲ႕ေအးဂ်င့္ ႐ုိင္အုိလာကေတာ့ သူ႔ကစားသမားကုိ စိတ္ဝင္စားတဲ့ အသင္းေတြ ပုိမ်ားလာတဲ့အေၾကာင္း ဂ်ဴဗင္တပ္ကုိ အေၾကာင္းၾကားထားၿပီးျဖစ္တယ္လို႔သိရပါတယ္။

[unicode]

Daily Mail ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ဂျူဗင်တပ် အသင်းရဲ့ လူငယ်တိုက်စစ်မှူး မွိုက်စ်ကိန်းကို ခေါ်ယူချင်တဲ့ အသင်း ေတွထဲမှာ ပါဝင်လာခဲ့ပြီး ကစားသမားရဲ့အေးဂျင့် ရိုင်အိုလာကို ဆက်သွယ်ခဲ့တယ်သိရပါတယ်။ အာဆင်နယ်ကသာ မွိုက်စ်ကိန်းကို ခေါ် ယူနိုင်ခဲ့ရင် အသင်းအတွက် အကျိုးကျေးဇူး ကြီးမားလိမ့်မယ်လို့ နည်းပြ အမ်မရီက ယုံကြည်နေတာလည်းဖြစ်ပါတယ်။ သို့ပေမယ့် ဂျူဗင် တပ်စ် အသင်းဘက်ကတော့ မွိုက်စ်ကိန်းကို ကမ်းလှမ်းလာမှုတွေအတွက် ဆွေးနွေးရာမှာ ပြန်လည်ခေါ်ယူခွင့်ပေးရမယ်ဆိုတဲ့ အချက် ထည့် သွင်းချုပ်ဆိုပေးရမယ်လို့တောင်းဆိုထားပြီး မွိုက်စ်ကိန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းအလိုရှိနေတယ်လို့သိရပါတယ်။အာဆင်နယ် အသင်းကတော့ ဂျူဗင်တပ်စ်အသင်းရဲ့ အဆိုပါအချက်ကို မလိုလားပဲ ၎င်းအချက်မပါပဲ မွိုက်စ်ကိန်းအတွက် ပြောင်းရွှေ့ ကြေး ယူရိုသန်း ၄၀ ပေးချေဖို့ အာဆင်နယ်က ဆန္ဒရှိနေတယ်လို့သိရပါတယ်။ အာဆင်နယ် အသင်း လိုပဲ အဲဗာတန်ကလည်း မွိုက်စ် ကိန်း ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သိရတယ်။ ဒါပေမဲ့ အဲဗာတန်ကတော့ အာဆင်နယ်လို မဟုတ်ဘဲ ပြန်လည်ခေါ်ယူခွင့်ပေးရ မယ် ဆိုတဲ့အချက် ထည့်သွင်းပေးဖို့ ဆန္ဒရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်အသင်းမှာ ပွဲထွက်ခွင့်စတင်ရရှိခဲ့တဲ့ မွိုက်စ်ကိန်းဟာ ၂၁ ပွဲ ကစားရာမှာ ၈ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ မွိုက်စ်ကိန်းရဲ့အေးဂျင့် ရိုင်အိုလာကတော့ သူ့ကစားသမားကို စိတ်ဝင်စားတဲ့ အသင်းတွေ ပိုများလာတဲ့အကြောင်း ဂျူဗင်တပ်ကို အကြောင်းကြားထားပြီးဖြစ်တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *