တနဂၤေႏြေန႔ အေျပာင္းအေရႊ႕ အားကစားသတင္းတိုမ်ား
————————
– မန္ခ်က္စတာယူႏိုက္တက္ နည္းျပ အိုေလဂန္နာ ဆိုးလ္ရွားကေတာ့ အသင္းမွာ ေျခစြမ္းျပ ဂိုးေတြသြင္းယူေနတဲ့ လူငယ္တိုက္ စစ္မွဴး ေလး မာဆြန္ ဂရင္း၀ုဒ္ ကို အငွားခ်သြားဖို႔ အစီအစဥ္မရွိေၾကာင္းနဲ႔ စီနီယာ အသင္းႀကီး မွာ ပြဲထြက္ခြင့္ ရလာႏိုင္ဖို႔ လမ္းဖြင့္ထားတဲ့ အ ေၾကာင္းေျပာၾကားသြားခဲ့ပါတယ္။
– လီဗာပူး အသင္းဟာ ေလဗာကူဆင္ အသင္းရဲ႕ ကြင္းလယ္ၾကယ္ပြင့္ ကစားသမားတစ္ဦး ျဖစ္တဲ့ ကိုင္ဟာဗက္ဇ္ကို ေခၚယူဖုိ႔ သတင္း မ်ား ထြက္ေပၚေနေၾကာင္း သိရွိရပါတယ္။ အသက္ (၂၀) အရြယ္ အဆုိပါ ဂ်ာမန္ ၾကယ္ပြင့္ ကစားသမားေလးကလည္း သူ႔ရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး မသိရွိရေသးေၾကာင္း ဖြင့္ဟ ေျပာၾကားထားၿပီး လီဗာပူးနဲ႔ အၿပိဳင္ ဘိုင္ယန္ျမဴးနစ္၊ ဘာစီလိုနာ အသင္းတို႔က ဟာဗက္ဇ္ကို စိတ္ဝင္စားေနၾကတယ္လို႔သိရပါတယ္။
– အာဆင္နယ္ နည္းျပ အူႏိုင္း အမ္မရီဟာ သင္းကေနထြက္ခြာသြားတဲ့ အာရြန္ရမ္ေဆး ရဲ႕ေနရာမွာ အစားထိုးဖို႔ အာဆင္နယ္အ သင္း ဘုတ္အဖြဲ႕ကုိ လာမယ့္အဂၤါေန႔ ရီးရဲမက္ဒရစ္အသင္းနဲ႔ မယ္ရီလန္းမွာ ေတြ႕ဆံုယွဥ္ၿပိဳင္ရမယ့္ပြဲစဥ္မတို္င္မီမွာ ရီးရဲမက္ဒရစ္ၾကယ္ပြင့္ ဆီ ဘယ္ေလာ့စ္ကို အရေခၚယူေပးဖို႔ ေတာင္းဆုိခဲ့တယ္လုိ႔ သိရပါတယ္။
– ယူႏုိက္တက္အသင္းဟာ လာမယ့္အပတ္ အတြင္းမွာပဲ စပို႔တင္းလစၥဘြန္း အသင္းရဲ႕ ကြင္းလယ္ ကစားသမားတစ္ဦး ျဖစ္တဲ့ ဘရူႏုိ ဖာ နန္ဒက္စ္ကို ေခၚယူႏုိင္ဖြယ္ ရွိေၾကာင္း ေပၚတူဂီဘက္ သတင္းေတြကေဖာ္ျပသြားပါတယ္။ ယူႏုိက္တက္ အသင္းဟာ ဘရူႏုိ ဖာနန္ဒက္စ္ အတြက္ ေဆြးေႏြးမႈေပါင္း ေျမာက္ျမားစြာ ျပဳလုပ္ခ့ဲၿပီး ျဖစ္ၿပီး လာမယ့္ ရက္သတၱပတ္ အတြင္းမွာပဲ ဘရူႏုိ ဖာနန္ဒက္စ္ကို အရ ေခၚယူႏုိင္ ဖြယ္ ရွိေနတယ္လို႔သိရပါတယ္။
– ခရစၥတယ္ပဲေလ့စ္ အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္ အသင္းကို ေရာင္းခ်လိုက္တဲ့ အာရြန္ ၀မ္ဘစ္ဆာကာရဲ႕ ေနရာမွာ အစားထိုး ဖို႔ လီဗာပူးလ္ ေနာက္ခံလူတစ္ဦးျဖစ္တဲ့ နသန္ ကလိုင္းကို ေခၚယူသြားဖို႔ ေဆြးေႏြးမႈေတြ စတင္ျပဳလုပ္ေနၿပီလို႔သိရပါတယ္။
[unicode]
– မန်ချက်စတာယူနိုက်တက် နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားကတော့ အသင်းမှာ ခြေစွမ်းပြ ဂိုးတွေသွင်းယူနေတဲ့ လူငယ်တိုက် စစ်မှူး လေး မာဆွန် ဂရင်းဝုဒ် ကို အငှားချသွားဖို့ အစီအစဉ်မရှိကြောင်းနဲ့ စီနီယာ အသင်းကြီး မှာ ပွဲထွက်ခွင့် ရလာနိုင်ဖို့ လမ်းဖွင့်ထားတဲ့ အ ကြောင်းပြောကြားသွားခဲ့ပါတယ်။
– လီဗာပူး အသင်းဟာ လေဗာကူဆင် အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ကစားသမားတစ်ဦး ဖြစ်တဲ့ ကိုင်ဟာဗက်ဇ်ကို ခေါ်ယူဖို့ သတင်း များ ထွက်ပေါ်နေကြောင်း သိရှိရပါတယ်။ အသက် (၂၀) အရွယ် အဆိုပါ ဂျာမန် ကြယ်ပွင့် ကစားသမားလေးကလည်း သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မသိရှိရသေးကြောင်း ဖွင့်ဟ ပြောကြားထားပြီး လီဗာပူးနဲ့ အပြိုင် ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ အသင်းတို့က ဟာဗက်ဇ်ကို စိတ်ဝင်စားနေကြတယ်လို့သိရပါတယ်။
– အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီဟာ သင်းကနေထွက်ခွာသွားတဲ့ အာရွန်ရမ်ဆေး ရဲ့နေရာမှာ အစားထိုးဖို့ အာဆင်နယ်အ သင်း ဘုတ်အဖွဲ့ကို လာမယ့်အင်္ဂါနေ့ ရီးရဲမက်ဒရစ်အသင်းနဲ့ မယ်ရီလန်းမှာ တွေ့ဆုံယှဉ်ပြိုင်ရမယ့်ပွဲစဉ်မတိုင်မီမှာ ရီးရဲမက်ဒရစ်ကြယ်ပွင့် ဆီ ဘယ်လော့စ်ကို အရခေါ်ယူပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
– ယူနိုက်တက်အသင်းဟာ လာမယ့်အပတ် အတွင်းမှာပဲ စပို့တင်းလစ္စဘွန်း အသင်းရဲ့ ကွင်းလယ် ကစားသမားတစ်ဦး ဖြစ်တဲ့ ဘရူနို ဖာ နန်ဒက်စ်ကို ခေါ်ယူနိုင်ဖွယ် ရှိကြောင်း ပေါ်တူဂီဘက် သတင်းတွေကဖော်ပြသွားပါတယ်။ ယူနိုက်တက် အသင်းဟာ ဘရူနို ဖာနန်ဒက်စ် အတွက် ဆွေးနွေးမှုပေါင်း မြောက်မြားစွာ ပြုလုပ်ခဲ့ပြီး ဖြစ်ပြီး လာမယ့် ရက်သတ္တပတ် အတွင်းမှာပဲ ဘရူနို ဖာနန်ဒက်စ်ကို အရ ခေါ်ယူနိုင် ဖွယ် ရှိနေတယ်လို့သိရပါတယ်။
– ခရစ္စတယ်ပဲလေ့စ် အသင်းဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ရောင်းချလိုက်တဲ့ အာရွန် ဝမ်ဘစ်ဆာကာရဲ့ နေရာမှာ အစားထိုး ဖို့ လီဗာပူးလ် နောက်ခံလူတစ်ဦးဖြစ်တဲ့ နသန် ကလိုင်းကို ခေါ်ယူသွားဖို့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီလို့သိရပါတယ်။