ဘရိုႏိုဖာနန္ဒက္စ္ ကို ေခၚယူဖို႔ စိတ္၀င္စားတဲ့ အသင္းေတြထဲမွာ ပါ၀င္လာခဲ့ၿပီျဖစ္တဲ့ ပီအက္စ္ဂ်ီ

Premier League

ဘရိုႏိုဖာနန္ဒက္စ္ ကို ေခၚယူဖို႔ စိတ္၀င္စားတဲ့ အသင္းေတြထဲမွာ ပါ၀င္လာခဲ့ၿပီျဖစ္တဲ့ ပီအက္စ္ဂ်ီ
—————————–

မန္ခ်က္စတာယူႏိုက္တက္ အသင္းနဲ႔ သတင္းေတြက်ယ္က်ယ္ေလာင္ထြက္ေပၚေနတဲ့ စပို႔တင္းလစၥဘြန္း ကြင္းလယ္ၾကယ္ပြင့္ ဘရိုႏို ဖာ နန္ဒက္စ္ ကို ေခၚယူဖို႔ စိတ္၀င္စားတဲ့ အသင္းေတြထဲမွာ ျပင္သစ္ထိပ္သီးကလပ္ ပီအက္စ္ဂ်ီ အသင္းလည္း ပါ၀င္လာၿပီလို႔ သိရပါ တယ္။ ဘရိုႏို ဖာနန္ဒက္စ္ ကို ပရီးမီးယားလိဂ္ကလပ္အသင္းေတြအျပင္ ဥေရာပကလပ္အသင္းေတြကလည္းေခၚယူ ဖို႔စိတ္ဝင္စားေန ၾကေပ မယ့္ စပို႔တင္းလစၥဘြန္း အသင္းက ေတာင္းဆိုထားတဲ့ ေျပာင္းေရႊ႕ေၾကးေၾကာင့္ ေခၚယူဖို႔လက္တြန္႔ေနၾကတာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ အသင္းကေတာ့အဆိုပါ စပို႔တင္းကြင္းလယ္လူကို ေခၚယူဖို႔ထိပ္ဆုံးကေနေရပန္းစားေနေပမယ့္လည္း စပို႔ တင္းလစၥဘြန္း အသင္း ေတာင္းဆိုထားတဲ့ ေပါင္ သန္း ၇၀ ကို ေပးေခ်လိုျခင္းမရွိပဲ ကစားသမားအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၅၀ သာ ေပးေခ်လိုတာေၾကာင့္ အေျပာင္းအေရႊ႕ကိစၥက လိုအပ္တာထက္ပိုၿပီး ႀကံ႕ၾကာေနတာပဲျဖစ္ပါတယ္။အသက္ (၂၄)ႏွစ္ အရြယ္ ဖာနန္ ဒက္စ္ ဟာ ၿပီးခဲ့တဲ့ ရာသီက စပို႔တင္းအတြက္ကစားေပးခဲ့တဲ့ ျပိဳင္ပြဲစံု ၅၀ မွာ သြင္းဂိုး (၃၂) ဂိုး နဲ႔ ဂိုးဖန္တီးမႈ (၁၈)ၾကိမ္ အထိ ျပဳလုပ္ေပး ထားႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ပီအက္စ္ဂ်ီအသင္းကေတာ့ မန္ခ်က္စတာယူႏုိက္တက္ အသင္း နဲ႔ မတူကြဲျပားျခားနားတဲ့ နည္းလမ္းတစ္ခု နဲ႔ ဖာနန္ဒက္စ္ ေခၚယူလိုေနတယ္လို႔ သတင္းေတြကဆိုပါတယ္။စပို႔တင္းလစၥဘြန္း အသင္းကေတာ့ သူတို႔ေတာင္းဆိုတဲ့တန္ေၾကး ထက္ နည္းတဲ့ ဘယ္လိုကမ္းလွမ္းမ်ိဴးကိုမွ လက္ခံစဥ္စားေပးသြားမွာမဟုတ္တဲ့ အေၾကာင္း ေၾကုငာထားပါတယ္။

[unicode]

မန်ချက်စတာယူနိုက်တက် အသင်းနဲ့ သတင်းတွေကျယ်ကျယ်လောင်ထွက်ပေါ်နေတဲ့ စပို့တင်းလစ္စဘွန်း ကွင်းလယ်ကြယ်ပွင့် ဘရိုနို ဖာနန်ဒက်စ် ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေထဲမှာ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီ အသင်းလည်း ပါဝင်လာပြီလို့ သိရပါ တယ်။ဘရိုနို ဖာနန်ဒက်စ် ကို ပရီးမီးယားလိဂ်ကလပ်အသင်းတွေအပြင် ဥရောပကလပ်အသင်းတွေကလည်းခေါ်ယူ ဖို့စိတ်ဝင်စားနေ ကြပေမယ့် စပို့တင်းလစ္စဘွန်း အသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကြောင့် ခေါ်ယူဖို့လက်တွန့်နေကြတာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းကတော့အဆိုပါ စပို့တင်းကွင်းလယ်လူကို ခေါ်ယူဖို့ထိပ်ဆုံးကနေရေပန်းစားနေပေမယ့်လည်း စပို့ တင်းလစ္စဘွန်း အသင်း တောင်းဆိုထားတဲ့ ပေါင် သန်း ၇၀ ကို ပေးချေလိုခြင်းမရှိပဲ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ သာ ပေးချေလိုတာကြောင့် အပြောင်းအရွှေ့ကိစ္စက လိုအပ်တာထက်ပိုပြီး ကြံ့ကြာနေတာပဲဖြစ်ပါတယ်။အသက် (၂၄)နှစ် အရွယ် ဖာနန် ဒက်စ် ဟာ ပြီးခဲ့တဲ့ ရာသီက စပို့တင်းအတွက်ကစားပေးခဲ့တဲ့ ပြိုင်ပွဲစုံ ၅၀ မှာ သွင်းဂိုး (၃၂) ဂိုး နဲ့ ဂိုးဖန်တီးမှု (၁၈)ကြိမ် အထိ ပြုလုပ်ပေး ထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ပီအက်စ်ဂျီအသင်းကတော့ မန်ချက်စတာယူနိုက်တက် အသင်း နဲ့ မတူကွဲပြားခြားနားတဲ့ နည်းလမ်းတစ်ခု နဲ့ ဖာနန်ဒက်စ် ခေါ်ယူလိုနေတယ်လို့ သတင်းတွေကဆိုပါတယ်။စပို့တင်းလစ္စဘွန်း အသင်းကတော့ သူတို့တောင်းဆိုတဲ့တန်ကြေး ထက် နည်းတဲ့ ဘယ်လိုကမ်းလှမ်းမျိူးကိုမှ လက်ခံစဉ်စားပေးသွားမှာမဟုတ်တဲ့ အကြောင်း ကြေုငာထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *