နီကိုလပ္စ္ ပီပီကို ကမ္းလွမ္းျပဳလုပ္လိုက္ မန္ခ်က္စတာယူႏိုက္တက္

Premier League

နီကိုလပ္စ္ ပီပီကို ကမ္းလွမ္းျပဳလုပ္လိုက္ မန္ခ်က္စတာယူႏိုက္တက္
—————————-

မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ လိုင္လီ ေတာင္ပံကစားသမား နီကိုလပ္စ္ ပီပီကို ေပါင္သန္း ၇၀ နဲ႔ ကမ္းလွမ္းမႈတစ္ ခုျပဳလုပ္ ခဲ့ တယ္လို႔ Daily Mail က ေဖာ္ျပသြားပါတယ္။ အဆိုပါ အုိင္ဗရီကို႔စ္ လက္ေရြးစင္ ဟာ အာဆင္နယ္ ၊ အဲဗာတန္ ၊ လီဗာပူးလ္ တို႔က လည္း ေစာင့္ၾကည့္ေနၾကတာျဖစ္ၿပီး ဆိုးလ္ရွား ဟာ ညာေတာင္ပံေနရာတြက္ ဒန္နီရယ္ ဂ်ိမ္းစ္ ကိုေခၚယူၿပီးျဖစ္ေပမယ့္ ေရြးခ်ယ္မႈပိုမိုျပဳလုပ္ႏိုင္ဖို႔ ကမ္းလွမ္းခဲ့တာျဖစ္တယ္လို႔သိရပါတယ္။ ပီပီ ဟာ လီဗာပူးလ္ အသင္းနဲ႔ သတင္းေတြထြက္ေနေပမယ့္ လီဗာပူးလ္ ဘက္က တရား၀င္ ကမ္း လွမ္းထားျခင္းမရွိေသးဘူးလို႔ လိုင္လီအသင္းတာ၀န္ရွိသူေတြက ေျပာဆိုထားပါတယ္။

ပီပီ ကို အီတလီ ကလပ္ နာပိုလီ အသင္းကလည္း ေခၚယူဖိုပစ္မွတ္ထားေနတာျဖစ္ၿပီး လာမယ့္ရာသီမွာ ပီပီ ကို အသင္းမွာ ဆက္ထိန္း ထား ဖို႔ မလြယ္ကူေတာ့ေၾကာင္းလည္း လိုင္လီအသင္းကလည္း ဖြင့္ဟထားၿပီးျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ ပီပီ ဟာ ၿပီးခဲ့ႏွစ္   ေဘာ လံုး ရာသီက ျပင္သစ္လီဂူး၀မ္း ရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုး အသင္းမွာ ပါ၀င္ႏိုင္ခဲ့သလို႔ လိုင္လီအသင္းအတြက္ သြင္းဂိုး ၂၂ ဂိုး သြင္းယူေပးထားႏိုင္သူတစ္လည္းျဖစ္ပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ အေျပာင္းအေရႊ႕ေစ်းကြက္ထဲမွာ ဒန္နီရယ္ဂ်ိမ္း စ္ နဲ႔ အာရြန္ ၀မ္ဘစ္ဆာကာ တို႔ ႏွစ္ဦးကို ေခၚယူထားၿပီးျဖစ္ေပမယ့္ ေနာက္ထပ္ကစားသမားႏွစ္ဦးေလာက္ ေခၚယူသြားဦးမွာျဖစ္တယ္လို႔ ေျပာဆိုထားဘူးၿပီး ဘယ္လိုကစားသမားမ်ိဴးေတြ အသင္းဆီ ေရာက္ရွိလာမလဲဆိုတာကိုေတာ့ အေျပာင္းအေရႊ႕ မပိတ္သိမ္းခင္ ေစာင့္ ၾကည့္ ရဦးမွာျဖစ္ပါတယ္။

[unicode]

မန်ချက်စတာယူနိုက်တက် အသင်းဟာ လိုင်လီ တောင်ပံကစားသမား နီကိုလပ်စ် ပီပီကို ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းမှုတစ် ခုပြုလုပ် ခဲ့ တယ်လို့ Daily Mail က ဖော်ပြသွားပါတယ်။ အဆိုပါ အိုင်ဗရီကို့စ် လက်ရွေးစင် ဟာ အာဆင်နယ် ၊ အဲဗာတန် ၊ လီဗာပူးလ် တို့က လည်း စောင့်ကြည့်နေကြတာဖြစ်ပြီး ဆိုးလ်ရှား ဟာ ညာတောင်ပံနေရာတွက် ဒန်နီရယ် ဂျိမ်းစ် ကိုခေါ်ယူပြီးဖြစ်ပေမယ့် ရွေးချယ်မှုပိုမိုပြုလုပ်နိုင်ဖို့ ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပီပီ ဟာ လီဗာပူးလ် အသင်းနဲ့ သတင်းတွေထွက်နေပေမယ့် လီဗာပူးလ် ဘက်က တရားဝင် ကမ်း လှမ်းထားခြင်းမရှိသေးဘူးလို့ လိုင်လီအသင်းတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ပီပီ ကို အီတလီ ကလပ် နာပိုလီ အသင်းကလည်း ခေါ်ယူဖိုပစ်မှတ်ထားနေတာဖြစ်ပြီး လာမယ့်ရာသီမှာ ပီပီ ကို အသင်းမှာ ဆက်ထိန်း ထား ဖို့ မလွယ်ကူတော့ကြောင်းလည်း လိုင်လီအသင်းကလည်း ဖွင့်ဟထားပြီးဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ပီပီ ဟာ ပြီးခဲ့နှစ် ဘော လုံး ရာသီက ပြင်သစ်လီဂူးဝမ်း ရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ ပါဝင်နိုင်ခဲ့သလို့ လိုင်လီအသင်းအတွက် သွင်းဂိုး ၂၂ ဂိုး သွင်းယူပေးထားနိုင်သူတစ်လည်းဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ဒန်နီရယ်ဂျိမ်း စ် နဲ့ အာရွန် ဝမ်ဘစ်ဆာကာ တို့ နှစ်ဦးကို ခေါ်ယူထားပြီးဖြစ်ပေမယ့် နောက်ထပ်ကစားသမားနှစ်ဦးလောက် ခေါ်ယူသွားဦးမှာဖြစ်တယ်လို့ ပြောဆိုထားဘူးပြီး ဘယ်လိုကစားသမားမျိူးတွေ အသင်းဆီ ရောက်ရှိလာမလဲဆိုတာကိုတော့ အပြောင်းအရွှေ့ မပိတ်သိမ်းခင် စောင့် ကြည့် ရဦးမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *