တနဂၤေႏြေန႔ ညေနခင္း အေျပာင္းအေရႊ႕ အားကစားသတင္းတိုမ်ား

Premier League

တနဂၤေႏြေန႔ ညေနခင္း အေျပာင္းအေရႊ႕ အားကစားသတင္းတိုမ်ား
—————————-

– ပီအက္စ္ဂ်ီနည္းျပတူခ်ယ္က ဘာစီလိုနာေတာင္ပံကစားသမား ဒမ္ဘီလီကို ေခၚယူဖို႔ဆက္သြယ္ေနတယ္ဆိုတဲ့ သတင္းေတြအေပၚမွာ ျငင္းဆန္သြားခဲ့ပါတယ္။ ေနမာရဲ႕ အေျပာင္းအေရႊ႕အတြက္ အလိုက္ေပးကမ္းလွမ္းခံရဖြယ္ရွိတယ္လို႔ သတင္းေတြထြက္ေနတဲ့ ျပင္သစ္ ေတာင္ ပံကစားသမားကို စိ္တ၀င္စားမႈမရွိဘူးလို႔ တူခ်ယ္္က ျပန္လည္တံု႔ျပန္ခဲ့တာျဖစ္ပါတယ္။

– လူကာကူအတြက္ အင္တာမီလန္က ယူရိုသန္း (၆၀)နဲ႔ ထပ္မံကမ္းလွမ္းခဲ့မႈကို ယူႏိုက္တက္က ျငင္းဆန္ခဲ့တယ္လို႔ သိရပါတယ္။ ယူ ႏိုက္တက္က လူကာကူအတြက္ ယူရိုသန္း (၈၀)အထိ အလိုရွိေနခဲ့တာျဖစ္ျပီး အင္တာရဲ႕ကမ္းလွမ္းမႈက ေတာ္ေတာ္ေလးကို နည္းပါး ေနတယ္လုိ႔ယူဆျပီး ျငင္းဆန္ခဲ့တာျဖစ္တယ္လို႔ အီတလီသတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ လူကာကူအေနနဲ႔ အင္တာမီလန္ကို ေျပာင္း ေရႊ႕မယ္လုိ႔ သတင္းေတြ ထြက္ေပၚေနခဲ့သလို အင္တာမီလန္ အသင္းနည္းျပသစ္ ကြန္တီကလည္း ပစ္မွတ္ထားေခၚယူခ်င္ေနတာ ျဖစ္ ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ အသင္းကေတာ့ လူကာကူကို ရာသီႀကိဳ ေျခစမ္း ပြဲစဥ္ေတြမွာ ပြဲကစားခြင့္လုံး၀ မေပးေသးပဲ ႀကံ႕ခိုင္ မႈမျပည့္၀ေသးဘူးဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ နည္းျပ ဆိုးလ္ရွားက ပြဲႀကိဳ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

– ဘိုင္ယန္ျမဴးနစ္အသင္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက ပစ္မွတ္ထားေနတဲ့ ဘက္တစ္ကြင္းလယ္လူ လိုဆယ္ဆိုကို ၾကားျဖတ္ ေခၚယူသြားမယ္ဆိုတဲ့ သတင္းေတြေပၚထြက္လို႔လာပါတယ္။ ပီအက္စ္ဂ်ီကေန ဘက္တစ္ကို အငွားနဲ႔လာေရာက္ကစားခဲ့ျပီး လာလီဂါမွာ ေျခစြမ္းျပခဲ့တဲ့ အာဂ်င္တီးနားကစားသမားဟာဘက္တစ္နဲ႔ အျပီးသတ္သေဘာတူညီမႈရရွိထားသူျဖစ္ပါတယ္။ ကစားသမားရဲ႕ တန္ေၾကး ဟာ ယူရိုသန္း ၇၀ နီးပါးရွိတယ္လို႔ ယူဆရၿပီး ဘိုင္ယန္ျမဴးနစ္အသင္းကေတာ့ အဆိုပါႏႈန္းထားကိုေပးေခ်ဖို႔ အသင့္ရွိေနတယ္လို႔ သိရပါ တယ္။

– ရီးရဲလ္မက္ဒရစ္အသင္းနည္းျပ ဇီဒန္း ဟာ သူတို႔ရဲ႕ တိုက္စစ္မွဴး ဂါရတ္ေဘးလ္ကို လာမယ့္အပတ္အတြင္းမွာေရာင္းခ်သြားမယ္လို႔ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ပြဲအၿပီးမွာအတည္ျပဳေျပာၾကားလိုက္ပါတယ္။တိုက္စစ္မွဴး ဂါရတ္ေဘးလ္ဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ပြဲစဥ္ မွာပါ၀င္ခဲ့ျခင္းမရွိပဲ ကလပ္အသင္းကေန ထြက္ခြာဖို႔ ညႇိႏွိုင္းေနတာေၾကာင့္ျဖစ္တယ္လို႔ သတင္းေတြကေဖာ္ျပၾကၿပီး ဂါရတ္ေဘးလ္ ရဲ့ အနာဂတ္ကေတာ့ မၾကာခင္မွာအေျဖေပၚဖြယ္ရွိေနပါတယ္။

– မန္ခ်က္စတာ ယူႏိုက္တက္အသင္း ဂိုးသမား ဒီဂီယာကေတာ့ အသင္းနဲ႔ (၆) ႏွစ္သက္တမ္းရွိစာခ်ဳပ္သစ္တစ္ရပ္ကို ခ်ဳပ္ဆိုဖို႔အတြက္ သေဘာတူညီခဲ့ၿပီျဖစ္တယ္လို႔သိရပါတယ္။ အသင္းနဲ႔အတူ စာခ်ဳပ္သစ္ကိစၥကို အႀကိမ္ႀကိမ္ပယ္ခ်ေနခဲ့တဲ့ဒီဂီယာကို ေနာက္ဆံုးမွာ တစ္ ပတ္လုပ္ခေပါင္ (၃၇၅ ၀၀၀) ေပးေခ်ၿပီး ကာလရွည္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းခ်က္ကိုေတာ့ ဒီဂီယာ သေဘာတူညီခဲ့ၿပီျဖစ္ပါတယ္။ ဒါ ေၾကာင့္မို႔ ဒီဂီယာ ဟာ ဂိုသားမားထဲမွာ လုပ္ခလစာ အမ်ားဆံုး ျဖစ္လာခဲ့ပါတယ္။

[unicode]

– ပီအက်စ်ဂျီနည်းပြတူချယ်က ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့ဆက်သွယ်နေတယ်ဆိုတဲ့ သတင်းတွေအပေါ်မှာ ငြင်းဆန်သွားခဲ့ပါတယ်။ နေမာရဲ့ အပြောင်းအရွှေ့အတွက် အလိုက်ပေးကမ်းလှမ်းခံရဖွယ်ရှိတယ်လို့ သတင်းတွေထွက်နေတဲ့ ပြင်သစ် တောင် ပံကစားသမားကို စိတဝင်စားမှုမရှိဘးူလို့ တူချယ်က ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
– လူကာကူအတွက် အင်တာမီလန်က ယူရိုသန်း (၆၀)နဲ့ ထပ်မံကမ်းလှမ်းခဲ့မှုကို ယူနိုက်တက်က ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ယူ နိုက်တက်က လူကာကူအတွက် ယူရိုသန်း (၈၀)အထိ အလိုရှိနေခဲ့တာဖြစ်ပြီး အင်တာရဲ့ကမ်းလှမ်းမှုက တော်တော်လေးကို နည်းပါး နေတယ်လို့ယူဆပြီး ငြင်းဆန်ခဲ့တာဖြစ်တယ်လို့ အီတလီသတင်းတွေက ဖော်ပြခဲ့ပါတယ်။ လူကာကူအနေနဲ့ အင်တာမီလန်ကို ပြောင်း ရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့သလို အင်တာမီလန် အသင်းနည်းပြသစ် ကွန်တီကလည်း ပစ်မှတ်ထားခေါ်ယူချင်နေတာ ဖြစ် ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းကတော့ လူကာကူကို ရာသီကြို ခြေစမ်း ပွဲစဉ်တွေမှာ ပွဲကစားခွင့်လုံး၀ မပေးသေးပဲ ကြံ့ခိုင် မှုမပြည့်ဝသေးဘူးဆိုတဲ့အကြောင်းပြချက်နဲ့ နည်းပြ ဆိုးလ်ရှားက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
– ဘိုင်ယန်မြူးနစ်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းက ပစ်မှတ်ထားနေတဲ့ ဘက်တစ်ကွင်းလယ်လူ လိုဆယ်ဆိုကို ကြားဖြတ် ခေါ်ယူသွားမယ်ဆိုတဲ့ သတင်းတွေပေါ်ထွက်လို့လာပါတယ်။ ပီအက်စ်ဂျီကနေ ဘက်တစ်ကို အငှားနဲ့လာရောက်ကစားခဲ့ပြီး လာလီဂါမှာ ခြေစွမ်းပြခဲ့တဲ့ အာဂျင်တီးနားကစားသမားဟာဘက်တစ်နဲ့ အပြီးသတ်သဘောတူညီမှုရရှိထားသူဖြစ်ပါတယ်။ ကစားသမားရဲ့ တန်ကြေး ဟာ ယူရိုသန်း ၇၀ နီးပါးရှိတယ်လို့ ယူဆရပြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ အဆိုပါနှုန်းထားကိုပေးချေဖို့ အသင့်ရှိနေတယ်လို့ သိရပါ တယ်။
– ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်း ဟာ သူတို့ရဲ့ တိုက်စစ်မှူး ဂါရတ်ဘေးလ်ကို လာမယ့်အပတ်အတွင်းမှာရောင်းချသွားမယ်လို့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ပွဲအပြီးမှာအတည်ပြုပြောကြားလိုက်ပါတယ်။တိုက်စစ်မှူး ဂါရတ်ဘေးလ်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပွဲစဉ် မှာပါဝင်ခဲ့ခြင်းမရှိပဲ ကလပ်အသင်းကနေ ထွက်ခွာဖို့ ညှိနှိုင်းနေတာကြောင့်ဖြစ်တယ်လို့ သတင်းတွေကဖော်ပြကြပြီး ဂါရတ်ဘေးလ် ရဲ့ အနာဂတ်ကတော့ မကြာခင်မှာအဖြေပေါ်ဖွယ်ရှိနေပါတယ်။
– မန်ချက်စတာ ယူနိုက်တက်အသင်း ဂိုးသမား ဒီဂီယာကတော့ အသင်းနဲ့ (၆) နှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုဖို့အတွက် သဘောတူညီခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ အသင်းနဲ့အတူ စာချုပ်သစ်ကိစ္စကို အကြိမ်ကြိမ်ပယ်ချနေခဲ့တဲ့ဒီဂီယာကို နောက်ဆုံးမှာ တစ် ပတ်လုပ်ခပေါင် (၃၇၅ ၀၀၀) ပေးချေပြီး ကာလရှည်စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းချက်ကိုတော့ ဒီဂီယာ သဘောတူညီခဲ့ပြီဖြစ်ပါတယ်။ ဒါ ကြောင့်မို့ ဒီဂီယာ ဟာ ဂိုသားမားထဲမှာ လုပ်ခလစာ အများဆုံး ဖြစ်လာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *