ဟာရီကိန်း ရဲ့ ပဉ္စလက်ဆန်တဲ့ သွင်းဂိုးကြောင့် စပါးအသင်းကို အရေးနိမ့်သွားခဲ့တဲ့ ဂျူဗင်တပ်စ်
Premier League
ဟာရီကိန်း ရဲ့ ပဉ္စလက်ဆန်တဲ့ သွင်းဂိုးကြောင့် စပါးအသင်းကို အရေးနိမ့်သွားခဲ့တဲ့ ဂျူဗင်တပ်စ်
—————————–
[unicode]
ဒီနေ့ ညနေ ၆နာရီမှာ ကစားခဲ့တဲ့ ဂျူဗင်တပ်အသင်းနဲ့ စပါးတို့ ရဲ့ ICC Cup ပွဲစဉ်မှာ စပါးအသင်းက ဂျူဗင်တပ်စ် အသင်းကို ၃-၂ ဂိုးနဲ့ အ နိုင်ရရှိသွားခဲ့ပါတယ်။နှစ်သင်းစတလုံး ဟာ လူစုံနီးပါးပွဲထွက်ကစားခဲ့ကြပြီး ပွဲအစပိုင်း ဂျူဗင်တပ်စ် အသင်းရဲ့ အထနှေးမှုကို အခွင့် ကောင်းယူ ပြီး စပါးအသင်းက ဦးဆောင်ဂိုး ကို ပွဲကစားချိန် မိနစ် ၃၀ မှာ လာမယ်လာ ပိတ်သွင်းယူခဲ့ပါတယ်။ပထမပိုင်း မှာ ဂျူဗင်တပ်စ် အသင်း ချေပဂိုးရရှိဖို့ အခွင့်အရးတွေရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တဲ့အတွက် စပါးအသင်ကပဲ ဂျူဗင်တပ်စ်အသင်းကို ဖိအားပေး ကစား သွားနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းပြန်စချိန်မှာတော့ စပါး ရော ဂျူဗင်တပ်စ် အသင်း ပါ လူစားလဲမှုတွေပြုလုပ်ခဲ့ကြပြီး ဂျူဗင်တပ်စ်အသင်း အ တွက် ဟီဂူအင်က ပွဲချိ န်၅၆မိနစ်မှာချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ချေပဂိုးရလို့ သိပ်မကြာခင်မှာပဲ ဂျူဗင်တပ်စ် အသင်းအတွက် ဦးဆောင်ဂိုးကို ရော်နယ်ဒိုက ပွဲကစားချိန် ၆၀ မိနစ်မှာသွင်းယူပေးခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ပြီးနောက် စပါးတို့ဟာ ပြန်လည်တိုက်စစ်ဆင်မှုတွေပြုလုပ်လုပ်လာခဲ့ပြီး ပွဲကစားချိန် ၆၅ မိနစ်မှာ လူးကပ်စ်မော် ရာ က စပါးအသင်းအတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပါတယ်။စပါးအသင်းအတွက် အနိုင်ဂိုးကိုတော့ လူစားလဲ ဝင်ရောက်လာတဲ့ ဟယ်ရီကိန်းက ဂျူဗင်တပ်ကွင်း လယ်ကစားသမားတွေရဲ့အမှားကတစ်ဆင့် ပွဲချိန် ၉၀+၃ မိနစ်မှာ ကွင်းလယ်ကနေ အပြင်းကန်သွင်းယူ ခဲ့ တာဖြစ်ပြီး ဂျူဗင်တပ်ဂိုးသမားဆက်ဇနီ ဂိုးပေါက်ရှေ့အနည်းငယ်ရောက်ရှိနေတဲ့အတွက် ဘယ်လိုမှကာကွယ်နိုင်ခြင်းမရှိတဲ့အတွက် ပွဲအပြီး မှာ တော့တင်ဟမ်ဟော့စပါးတို့ ၂-၃ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အဆိုပ် ဟာရီကိန်းရဲ့ သွင်းဂိုးက အခုနှစ် ICC Cup ပြိုင်ပွဲ ရဲ့ အလှဆုံးဂိုးဖြစ်လာခဲ့ဖြစ်လာခဲ့ပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *